ရခိုင်ပြည်နယ်အတွင်း ကျေးလက်လမ်းများ အဆင့်မြှင့်တင်

 

စစ်တွေ  ဩဂုတ် ၂၅


ရခိုင်ပြည်နယ်     ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး  ဗိုလ်ချုပ်ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊  ပြည်နယ် ဥပဒေချုပ်၊  ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့နှင့်အတူ ယနေ့ နံနက်ပိုင်းက ပြည်နယ်ကျေးလက် လမ်း    ဖွံ့ဖြိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌  ပြည်နယ်၊ ခရိုင်၊   မြို့နယ်ဦးစီးမှူးများနှင့်  တွေ့ဆုံပြီး      ကျေးလက်လမ်းများ အဆင့်မြှင့်တင်နေမှုအား   သွား ရောက်ကြည့်ရှုစစ်ဆေးသည်။


ကျေးလက်လမ်း   ဖွံ့ဖြိုးရေး ဦးစီးဌာန၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ဦးစီးမှူးများနှင့်    တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်    ဒေါက်တာ အောင်ကျော်မင်းက         ရခိုင် ပြည်နယ်အနေဖြင့်   ကိုဗစ်-၁၉ရောဂါသည်  ကူးစက်မှုနှုန်း အထိုက်အလျောက်  ကျဆင်းလာ သည့်အတွက် ပြည်နယ်၏ ဖွံ့ဖြိုး တိုးတက်ရေး    လုပ်ငန်းများကို တတ်နိုင်သလောက်ဆောင်ရွက်ရ မည့် အချိန်ဖြစ်ပါကြောင်း၊ ဌာန ဝန်ထမ်းများ အနေဖြင့်လည်း  မိမိ တို့ဌာန၏  ရှေ့ဆက်ဆောင်ရွက် မည့်လုပ်ငန်းများ၊     ဘဏ္ဍာရေး အခြေအနေများ၊   ဝန်ထမ်းများ ၏    အခြေအနေများကို   ပွင့်ပွင့် လင်းလင်း   ဆွေးနွေးတင်ပြပေး စေလိုကြောင်း  ပြောကြားသည်။ 


ထို့နောက်         ပြည်နယ် ကျေးလက်လမ်း    ဖွံ့ဖြိုးရေးဦးစီး ဌာန၊  ညွှန်ကြားရေးမှူး(မြို့ပြ) ဦးထွန်းလင်းမော်က  ကျေးလက် လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ဘဏ္ဍာငွေရရှိမှု     အခြေအနေ၊ ပြည်နယ်အတွင်း   ကျေးလက် လမ်း၊  တံတားများ ဆောင်ရွက်နေ မှု၊ ပြီးစီးနေမှု၊ ဆောင်ရွက်ဆဲ လမ်း တံတားများ၊ မဟာဗျူဟာ ရည် မှန်းချက်များ  ပြည့်မီရေးအတွက် လမ်းများအဆင့်မြှင့်တင်  ဆောင် ရွက်နေမှုနှင့်  လမ်းများ    မွမ်းမံ ဆောင်ရွက်နေမှုတို့ကို  ရှင်းလင်း တင်ပြရာ  တိုင်းမှူး၊    ပြည်နယ် ဝန်ကြီးများ၊  ပြည်နယ်ဥပဒေချုပ် နှင့်   အစိုးရအဖွဲ့အတွင်းရေးမှူး တို့က     အကြံပြုဆွေးနွေးတင်ပြ ကြသည်။   ဆွေးနွေးတင်ပြချက်များ အပေါ်   ပြည်နယ်ဝန်ကြီးချုပ်က     ပေါင်းစပ်ညှိနှိုင်းပေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့နယ် စစ်တွေ-ပလ္လင်ပြင်ကျေးရွာသွား လမ်း   (စစ်တွေတက္ကသိုလ်   သွား လမ်း)      ကွန်ကရစ်ခင်းခြင်း     လုပ်ငန်း ဆောင်ရွက်နေမှုအား သွားရောက်    ကြည့်ရှုစစ်ဆေး သည်။ စစ်တွေ-ပလ္လင် ပြင် လမ်းသည်  အလျား ၁၅ ဒသမ ၆၈၈ ကီလိုမီတာရှည်ပြီး ယခု ၂၀၂၀-၂၀၂၁    ဘဏ္ဍာနှစ်တွင် ပြည်နယ်အစိုးရ  ခွင့်ပြုငွေကျပ် သန်း ၂၁၈ ဒသမ ၈၀၅ သန်းဖြင့်  အရှည် ၀ ဒသမ ၇၁ ကီလိုမီတာ အား  အကျယ် ၅ ဒသမ ၄၉ မီတာ၊ အမြင့် ၁၇၅  မီလီမီတာရှိသော      ကွန်ကရစ်  လမ်းခင်းခြင်းလုပ်ငန်း  ဆောင်ရွက်နေခြင်းဖြစ်ကြောင်း       သိရသည်။ 


တင်ထွန်း(ပြန်/ဆက်)