လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ (Task Force) ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော်  ဩဂုတ်   ၂၅


အာဆီယံလူသားချင်းစာနာထောက်ထားမှုအကူအညီပေးအပ်ရေးညှိနှိုင်းမှုဗဟိုဌာန (ASEAN Coordinating Centre for Humanitarian Assistance on Disaster Management -AHA Centre)က ပေးအပ်မည့် လူသား ချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ (Task Force) ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဧရာဝတီခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ စီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့၏ဥက္ကဋ္ဌ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဒုတိယဥက္ကဋ္ဌ၊  လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊   ဒုတိယဝန်ကြီး များနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။ 


အစည်းအဝေး၌ လူသားချင်းစာနာထောက်ထား မှုဆိုင်ရာ အကူအညီစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး  ဦးကိုကိုလှိုင်က   အာဆီယံ ခေါင်းဆောင်ကြီးများ အစည်းအဝေးတွင် သဘော တူညီခဲ့ကြသည့် တူညီဆန္ဒ (၅)ချက်အနက် စတုတ္ထ အချက်အား အကောင်အထည်ဖော်သည့်အနေဖြင့် အာဆီယံဝင်နိုင်ငံများ၊ ဆွေးနွေးဖက်  ဆက်ဆံရေး နိုင်ငံများနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်ဆက်ဆံရေးနိုင်ငံများ ထံမှ စာနာထောက်ထားမှုအကူအညီများ ပေးအပ် ရာတွင် ထိထိရောက်ရောက်နှင့်  စီမံခန့်ခွဲလုပ်ငန်း များ အဆင်ပြေချောမွေ့စေရေးအတွက် ဤလုပ်ငန်း အဖွဲ့ကို   ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊   အာဆီယံမှ ပေးအပ်မည့်  အကူအညီများအနေဖြင့်   မကြာမီ ကာလအတွင်း မြန်မာနိုင်ငံသို့  စတင်ရောက်ရှိလာ ကြတော့မည်ဖြစ်ပါကြောင်း၊   အဆိုပါဆေးဝါးနှင့် ကယ်ဆယ်ရေးပစ္စည်းများအား   သယ်ယူပို့ဆောင် ဖြန့်ဖြူးရာတွင် အခက်အခဲမရှိစေရေး အာဆီယံ AHA Centre၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ချိတ်ဆက် ဆောင်ရွက်ပေးသွားကြရန်ဖြစ်ကြောင်း   ဆွေးနွေး ပြောကြားသည်။ 


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အာဆီယံ နှင့် မိတ်ဆွေနိုင်ငံများမှ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ကပ်ရောဂါ  ကာကွယ်ထိန်းချုပ်ရေး ထိရောက်စွာ လုပ်ဆောင်နိုင်ရေးနှင့် လူသားချင်းစာနာထောက်ထား မှုအကူအညီပံ့ပိုးမှုလုပ်ငန်းကို ကာလတို (Phase-1)နှင့် ကာလရှည် (Phase-2)   အဆင့်(၂)ဆင့်ဖြင့် ပေးအပ်သွားမည်ဖြစ်ကြောင်း၊   အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် မိတ်ဆွေနိုင်ငံများမှ  ကာကွယ်ဆေးနှင့် ဆေးဝါးပစ္စည်းများ လှူဒါန်းမှုအခြေအနေများ၊ ပစ္စည်း များရောက်ရှိမည့်    အခြေအနေများနှင့်   ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရမည့်ကိစ္စများနှင့် ပတ်သက် ၍ ဆွေးနွေးပြောကြားသည်။


ယင်းနောက် မြန်မာနိုင်ငံသို့ အာဆီယံလူသားချင်း စာနာထောက်ထားမှုအကူအညီများကို    (AHA Centre)မှတစ်ဆင့်   ပေးအပ်မည့်အခြေအနေများ နှင့်စပ်လျဉ်း၍ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူ များက ရှင်းလင်းပြောကြားခဲ့ပြီး သက်ဆိုင်ရာဝန်ကြီး ဌာနများက မိမိတို့ဌာနအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြန်လည်ဆွေးနွေး ခဲ့ကြကြောင်း သိရသည်၊၊ 


    သတင်းစဉ်