နေပြည်တော်   မတ်   ၁၂
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်   ဥက္ကဋ္ဌ ဦးလှသိန်းသည် The Carter Center အဖွဲ့၏ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် Mr. Sean Dunne နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော် ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို    ချမှတ်ထားသည့် စံ (၅) ချက်နှင့်အညီ အောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ဆောင်ရွက်နေမှု၊ The Carter Center အဖွဲ့ အနေဖြင့် ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲများတွင် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး ဆောင်ရွက် ခဲ့မှုနှင့် အစီရင်ခံစာတင်ပြခဲ့သည့်အခြေအနေ၊  ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက် ပွဲစောင့်ကြည့်လေ့လာရေးလုပ်ငန်းစဉ်များ ဆောင် ရွက်သွားမည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေး ကြသည်။                                 
      သတင်းစဉ် 
      


