
ကိုဇေ
ယခုလို ကိုဗစ်-၁၉ တတိယလှိုင်းကာလမှာ ကူးစက်မှုများပြားသည့်အလျောက် ရောဂါပြင်းထန်မှုအနည်းအများအလိုက်ကုသမှုပေးနိုင်မည့် နေရာမျိုးစုံစီစဉ်ပြီး ဆေးကုသမှုပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပါတယ်။ ပုံမှန်အခြေအနေများမှာကဲ့သို့ ရောဂါဖြစ်ရင် ဆေးရုံတက်ဆေးကုသမှုခံယူရတာမျိုး မဟုတ်တော့ဘဲ လူနာအရေအတွက် အဆမတန် များပြားသည့်အပြင် ကူးစက်ရောဂါဖြစ်တဲ့အတွက်ကြောင့် စင်တာများဖွင့်လှစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနေရပါ တယ်။ အဲဒီလို ဆေးရုံပတ်ဝန်းကျင် အနေအထားမျိုး မဟုတ်တဲ့အပြင် လူနာများသည်လည်း သာမန်ရောဂါခံစားနေရသူမျိုးမဟုတ်ဘဲ ကူးစက်ရောဂါရှိနေသူများ ဖြစ်ခြင်းကြောင့် ၎င်းစင်တာများမှာ ဆေးကုသမှုခံယူနေသူများအနေနဲ့ နေထိုင်လိုက်နာရမည့် စည်းကမ်းချက်များဟာ တစ်မူထူးခြားပါတယ်။
လူဦးရေများများကို အကန့်အသတ်ရှိနေတဲ့ နေရာမှာ နေထိုင်စားသောက်ရေး၊ ကုသမှုပေး နိုင်ရေး ဆောင်ရွက်ပေးထားရတာ ဖြစ်တဲ့အတွက် သာမန်နှင့်မတူတဲ့ အခက်အခဲတွေ သည်းခံနေထိုင်ရ မှုတွေ ရှိနေမှာလည်း ဖြစ်ပါတယ်။ ကူးစက်ရောဂါကု စင်တာများရဲ့ အဓိကရည်ရွယ်ချက်များကတော့ ပိုးကူးစက်ခံရသူရဲ့ ကျန်းမာရေးကို စောင့်ကြည့်ပြီး လိုအပ်တဲ့ ကုသမှုမျိုးတွေကို အချိန်မဆိုင်းဘဲပေးနိုင် ရန်နှင့် ပိုးကူးစက်ခံနေရသူကနေတစ်ဆင့် လူ အများကို မကူးစက်နိုင်ရေး သီးခြားခွဲခြားထားရန် တို့ဖြစ်တဲ့အတွက် ယေဘုယျအားဖြင့် မိမိအတွက် ရော မိမိပတ်ဝန်းကျင် အသိုင်းအဝိုင်းအတွက်ပါ ၎င်းစင်တာများမှာ သွားရောက်ကုသမှုခံယူခြင်းဟာ ကောင်းပါတယ်။
ခုလိုလူအများ စုဝေးနေထိုင်ရတဲ့ (camp) ပုံစံ မျိုးမှာ အနည်းဆုံး ၁၀ ရက်လောက် နေထိုင်ရတဲ့ အပြင် ရောဂါကူးစက်ခံထားရတဲ့ အနေအထားဖြစ် သဖြင့် တခြားသည်းခံနေထိုင်ရမှုတွေအပြင် အရေး ကြီးဆုံးဖြစ်တဲ့ မိမိအနေနဲ့ ရောဂါကိုအမြန်ဆုံး တိုက်ထုတ်နိုင်ရေးနှင့် မိမိမှတစ်ဆင့် တခြားသူတွေ ကို မကူးစက်နိုင်ရေး၊ ၎င်းစင်တာတွေမှာ ကာလရှည် တာဝန်ထမ်းဆောင်နေရတဲ့ စေတနာ့ဝန်ထမ်းများ နှင့် ကျန်းမာရေးဝန်ထမ်းတွေကို မကူးစက်စေရေး တို့အတွက် အဆိုပါစင်တာများမှာ ကျန်းမာရေးနဲ့ ညီညွတ်စွာ ဘယ်လိုနေထိုင်ရမယ် ဆိုတာကို မျှဝေ ပေးချင်ပါတယ်။
(၁) ရောဂါပိုးကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန် လိုက်နာရမည့် အချက်များ
ကိုဗစ်-၁၉ ကုသမှုစင်တာတွေမှာ နေထိုင်သူများ အနေနဲ့ မိမိအတွက် သတ်မှတ်ထားတဲ့ နေရာအခန်း မှာသာ နေရပါမယ်။အခြားခန်းတွေကို သွားရောက် လည်ပတ်တာ၊ တခြားသူ နေရာများကို သွားရောက် တာ၊ စုဝေးစားသောက်တာ၊ စုဝေးတွေ့ဆုံ စကား ပြောတာတွေကို ရှောင်ကြဉ်ရပါမယ်။ မလွှဲရှောင်နိုင် တဲ့ အခြေအနေအရ အခြားလူတွေနဲ့ ဆက်ဆံတဲ့ အခါမှာ ပါးစပ်၊ နှာခေါင်းစည်း (Mask) တပ်ဆင်ပြီး အနည်းဆုံး ခြောက်ပေအကွာမှာ နေသင့်ပါတယ်။ လက်ကိုလည်း ဆပ်ပြာနဲ့ဖြစ်စေ၊ အရက်ပြန်အယ်(လ်)ကိုဟော ၆၀ ရာခိုင်နှုန်း ပါဝင်တဲ့ လက်သန့်ဆေး နဲ့ဖြစ်စေ မကြာခဏ စနစ်တကျဆေးသင့်ပါတယ်။ အစာစားခြင်းနဲ့ အရည်သောက်ခြင်းများအတွက် ပန်းကန်ခွက်ယောက်ကို သီးသန့်ခွဲသုံးသင့်ပါတယ်။
ဆေးဝါးတွေ အချိန်မှန်သောက်ရန်
အများသုံးပစ္စည်းတွေ မကိုင်တွယ်မီနဲ့ ကိုင် တွယ်ပြီးတိုင်း၊ အိမ်သာအသုံးပြုပြီးတိုင်း၊ အစာ မစားမီနဲ့ စားပြီးတိုင်း၊ နှာချေ၊ ချောင်းဆိုးပြီးသည့် အခါတိုင်း၊ ပါးစပ်၊ နှာခေါင်းစည်း (Mask) ကို မကိုင်မီ နဲ့ ကိုင်ပြီးတိုင်း လက်ကို စနစ်တကျ ဆေးကြောရပါ မယ်။ အသုံးပြုပြီးတဲ့ ပါးစပ်၊ နှာခေါင်းစည်း (Mask)၊ တစ်ရှူး၊ ရေသန့်ဘူး စတဲ့တစ်ခါသုံးပစ္စည်းတွေကို လည်း အမှိုက်ပုံးထဲမှာ စနစ်တကျ စွန့်ပစ်ရမှာဖြစ်ပါ တယ်။ စည်းကမ်းမဲ့ တံတွေးထွေးတာ၊ အမှိုက်ပစ်တာ မျိုးကို ရှောင်ကြဉ်ရပါမယ်။ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများက လမ်းညွှန်ထားတဲ့ ဆေးဝါးတွေကို အချိန်မှန်သောက်ရန်လည်း လိုအပ်ပါတယ်။
(၂) တစ်ကိုယ်ရေ ကျန်းမာရေးအခြေအနေ တိုးတက် လာစေရန် လိုက်နာသင့်သည့်အချက်များ
ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများအနေနဲ့ တချို့လည်း မည်သည့်လက္ခဏာမျှ မခံစားသူများ ရှိသလို တချို့သည်သာမန်ဖျားနာလောက်သာ ခံစား ကြရပြီး တချို့သည်လည်း အောက်ဆီဂျင်ရှူ၊ ဆေးထိုး ဆေးသောက်လုပ်မှ ပြန်လည်သက်သာလာ နိုင်သူများ၊ တချို့လည်း ပြင်းထန်အဆုတ်ရောင် ရောဂါနဲ့ တခြားနောက်ဆက်တွဲရောဂါများ ခံစားရ ကာ တိမ်းပါးရသူများလည်း ရှိတတ်ပါတယ်။ ဒါကြောင့် ကိုဗစ်-၁၉ ရောဂါ ကုသမှုစင်တာများတွင် ကုသမှု ခံယူနေသူများအနေနဲ့ ပေါ့ဆမှုမရှိဘဲ မိမိ ခန္ဓာကိုယ်ကို အစဉ်သတိထားစောင့်ကြည့်ကာ ကျန်းမာရေးတိုးတက်စေမည့်၊ ကိုယ်ခံစွမ်းအား တိုးတက်စေမည့် အောက်ဖော်ပြပါအပြုအမူ အနေ အထိုင်မျိုးတွေကို လိုက်နာကြဖို့လိုပါတယ်။
l ကောင်းစွာအနားယူပါ၊ အခြားသူများနှင့် ခပ်ခွာခွာနေပါ။
l ရေဓာတ်အလုံအလောက်ရှိသော အရည် များများသောက်ပါ၊ အခြားသူများနှင့်အတူ အခန်းအတွင်း ရှိပါက ပါးစပ်နှင့်နှာခေါင်းစည်းတပ်ထားပါ။
l အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ။
l ကိုယ်ခံအားကောင်းအောင် စားပါ၊ အသီး အနှံစားသုံးပါ။
l အားဆေးများ အမြဲသောက်ရန်မလိုအပ်ပါ။
l ဆီးဝမ်းမျှတစေရန်နေထိုင်ပြုမူပါ။
l ကိုယ်ပူ၍ ကိုယ်လက်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်းများအတွက် ပါရာစီတမော သောက်ခြင်းမှလွဲ၍ ဆေးများကို ကိုယ်တိုင် ဆုံးဖြတ်၍သောက်ခြင်းကို ရှောင်ကြဉ်ပါ။
l မလိုအပ်ဘဲ အွန်လိုင်းမှ ကြော်ငြာသော ဆေးများ၊ ဓာတ်စာကဲ့သို့စတီးရွိုက်ဆေး၊ ပိုးသတ်ဆေးများကို မိမိသဘောအတိုင်း မသုံးစွဲရပါ။ ဆေးယဉ်ပါးပြီး ဘေးထွက် ဆိုးကျိုးများပါသည်။
l ဝမ်းပျက် ဝမ်းလျှောဖြစ်ပါက (ORS) ဓာတ်ဆားကို ရေသန့် ၁ လီတာနှင့် ဖျော် သောက်ပါ။(၂၄ နာရီအတွင်းသောက်ရမည်)
l လည်ပင်းနာလျှင် ဆားရည်ငုံပါ။ ဆားရည် ပလုတ်ကျင်းပါ။ ရေများများသောက်ပါ။
l အဖျားကြီးခြင်း၊ မောပန်းအသက်ရှူရကျပ် ခြင်း၊ မူးဝေခြင်းနှင့် အိပ်ငိုက်ခြင်း၊ မှိန်းခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ နှုတ်ခမ်း (သို့)မျက်နှာပြာလာခြင်း၊ လေဖြတ်သကဲ့သို့ ခံစားရခြင်း၊ ခြေထောက်သွေးကြောများတစ်လျှောက်နာကျင်ခြင်း၊ ခြေသလုံးများ ရောင်လာခြင်း စသည့်ထူးခြားသည့် လက္ခဏာများခံစားလာရပါက သက်ဆိုင်ရာ ကျန်းမာရေးတာဝန်ရှိသူထံ သတင်းပို့ပါ။
ပြုမူနေထိုင်သင့်
ကိုဗစ်-၁၉ ကုသမှုစင်တာများတွင် တက်ရောက် ကုသမှုခံယူနေသူ ကိုဗစ်-၁၉ လူနာတစ်ဦးဟာ အထက်မှာပြောခဲ့တဲ့ နည်းလမ်းတွေအတိုင်း ပြုမူ နေထိုင်သင့်ပါတယ်။ ၁၀ ရက်ကြာ နေထိုင်ပြီးသည့် နောက်မှာ အနည်းဆုံး ၂၄ နာရီအတွင်း အဖျားမရှိသူ၊ ရောဂါလက္ခဏာတွေ လျော့နည်းသက်သာလာသူ၊ ရောဂါလက္ခဏာမပြတဲ့သူတွေဟာ ဆိုရင်တော့ ကုသမှုစင်တာများမှ မိမိနေအိမ်များသို့ ပြောင်းရွှေ့ ပြီး ပြန်လည်နေထိုင်နိုင်မှာ ဖြစ်ပါတယ်။ နေအိမ်တွေ မှာ ၇ ရက်ခန့် နားနေပြီးတဲ့အခါမှာ ပုံမှန်အတိုင်း လူနေမှုဘဝတွေကို ပြန်လည်ပြုမူ နေထိုင်နိုင်မှာ ဖြစ်ပါတယ်။
ကမ္ဘာ့လူသားမျိုးနွယ်တစ်ရပ်လုံးကို ခြိမ်း ခြောက်နေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါဘေး အန္တရာယ် ကို စုပေါင်းတိုက်ဖျက်လျက်ရှိရာမှာ သိပ္ပံနည်းကျ ဖော်ထုတ်တွေ့ရှိထားတဲ့ ဖော်ပြပါ ကာကွယ်ရေး နည်းလမ်းများ၊ ရောဂါလျော့ပါးသက်သာစေရေး နည်းလမ်းများ၊ ကုသရေးနည်းလမ်းများကို ယုံယုံ ကြည်ကြည်ဖြင့် စနစ်တကျ ပူးပေါင်းပါဝင်ဆောင်ရွက်ကြခြင်းဖြင့် ကပ်ရောဂါဆိုးကြီးကို တွန်းလှန် ကာ ကျန်းမာစွာ ပြန်လည်ဆုံတွေ့နိုင်ကြမည်ဖြစ်ပါ ကြောင်း တိုက်တွန်းရေးသားလိုက်ရပါတယ်။ ။
- Log in to post comments