နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် (၂၈)ကြိမ်မြောက် အာဆီယံဒေသဆိုင်ရာဖိုရမ်သို့ ပါဝင်တက်ရောက်

နေပြည်တော်  ဩဂုတ်  ၇


နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ယမန်နေ့ညနေ ၅ နာရီခွဲတွင်စတင်၍  ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပ သည့် (၂၈)ကြိမ်မြောက်  အာဆီယံဒေသဆိုင်ရာဖိုရမ်သို့ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပါဝင်တက်ရောက်သည်။


(၂၈)ကြိမ်မြောက် အာဆီယံဒေသဆိုင်ရာဖိုရမ်ကို ဘရူနိုင်းနိုင်ငံခြား ရေးဝန်ကြီး(၂)   Dato Erywan Pehin Yusof က  သဘာပတိအဖြစ် ဆောင်ရွက်ပြီး အာဆီယံဒေသဆိုင်ရာဖိုရမ်(အေအာရ်အက်ဖ်) အဖွဲ့ဝင် နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ၊ ကိုယ်စားလှယ်များနှင့် အာဆီယံ အတွင်းရေးမှူးချုပ်တို့ တက်ရောက်ကြသည်။ 
အစည်းအဝေးတွင် ဝန်ကြီးများက ဒေသတွင်းနှင့် နိုင်ငံတကာ ရေးရာကိစ္စရပ်များနှင့် အနာဂတ်ပူးပေါင်းဆောင်ရွက်မှု အလားအလာ များကို အမြင်ချင်းဖလှယ်ခဲ့ကြသည်။ 


ပြောကြား


အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ဒေသတွင်းနိုင်ငံရေး နှင့် လုံခြုံရေးဆိုင်ရာ  ဘုံအကျိုးစီးပွားနှင့် အရေးကိစ္စများတွင် အပြု သဘောဆောင်သည့်ဆွေးနွေးမှုနှင့်     ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန်  အဓိကဖိုရမ်တစ်ခုဖြစ်သည့် အေအာရ်အက်ဖ်သည် အလွန် အရေးကြီးကြောင်း၊ အေအာရ်အက်ဖ် ပေါင်းစည်းဆောင်ရွက်မှု မြှင့်တင် ရေးဆိုင်ရာ     ဦးစားပေးကဏ္ဍခုနစ်ခုပါဝင်သော    အေအာရ်အက်ဖ်၏ အနာဂတ်လုပ်ငန်းစဉ်ဖြစ်သည့်       အေအာရ်အက်ဖ်မျှော်မှန်းချက် စာတမ်းအား  အကောင်အထည်ဖော်ခြင်းဆိုင်ရာ   ဟနွိုင်းလုပ်ငန်း စီမံချက် အကောင်အထည်ဖော်ခြင်း၏ တိုးတက်မှုများအပေါ် အားရ ကျေနပ်ကြောင်း၊ ယင်းဦးစားပေးနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက် မှုမြှင့်တင်ခြင်းသည်  ယုံကြည်မှုတည်ဆောက်ရေးလုပ်ငန်းစဉ်များနှင့် သံတမန်နည်းလမ်းအရ ကြိုတင်ကာကွယ်ခြင်းကို အားပေးမြှင့်တင်နိုင် မည်ဖြစ်ပြီး   အေအာရ်အက်ဖ်ကို  အားလုံးငြိမ်းချမ်းစေပြီး  ပိုမိုဦးစီး ဦးဆောင်ပြုနိုင်သည့်ဖိုရမ် ဖြစ်လာစေမည်ဖြစ်ကြောင်း ပြောကြားသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည်  ဩဂုတ် ၆ ရက်တွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့က ပူးတွဲဥက္ကဋ္ဌအဖြစ် ဗီဒီယိုကွန်ဖရင့် မှတစ်ဆင့် ပြုလုပ်ခဲ့သည့် (၁၄)ကြိမ်မြောက် အေအာရ်အက်ဖ်ကျွမ်းကျင် သူများအစည်းအဝေးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းကို အစည်း အဝေးသို့ အသိပေးပြောကြားခဲ့သည်။
ဒေသတွင်းနှင့်     နိုင်ငံတကာရေးရာကိစ္စများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက  မြန်မာနိုင်ငံတွင်  အရေးပေါ်အခြေအနေ ကြေညာခဲ့ရသည့်အကြောင်းရင်း၊    အာဆီယံနိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေး၏ တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော် ဆောင်ရွက် နေသည့်အခြေအနေ၊ ဩဂုတ် ၄ ရက်က အထူးကိုယ်စားလှယ် ခန့်အပ် ခဲ့ခြင်းကိစ္စ၊ မြန်မာနိုင်ငံအနေဖြင့် အထူးကိုယ်စားလှယ်နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရန်  ဆန္ဒရှိမှုများနှင့်ပတ်သက်၍  ရှင်းလင်း ပြောကြားခဲ့သည်။ အေအာရ်အက်ဖ်အဖွဲ့ဝင်နိုင်ငံများက အာဆီယံဥက္ကဋ္ဌ ၏ အထူးကိုယ်စားလှယ်ခန့်အပ်ခြင်းကို ကြိုဆိုကြရာ၌  ၎င်းတို့၏ပံ့ပိုး မှုများသည် အာဆီယံတူညီဆန္ဒ(၅)ချက်နှင့် မြန်မာနိုင်ငံမှ ချမှတ်ထား သည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်တို့ကို အထောက်အကူဖြစ်စေရန် အလေး ပေးပြောကြားခဲ့ပြီး  ယင်းထက်  ကျော်လွန်ဆောင်ရွက်မှုများသည် အာဆီယံဥက္ကဋ္ဌ၏  အထူးကိုယ်စားလှယ်နှင့်  မြန်မာနိုင်ငံတို့အတွက် အကူအညီဖြစ်မည်မဟုတ်ကြောင်း၊   အဓိပ္ပာယ်ပြည့်ဝသည့်နိုင်ငံရေး ဆွေးနွေးမှု (meaningful political dialogue) ဆောင်ရွက်ရန်ကိစ္စတွင် နိုင်ငံအတွင်း အကြမ်းဖက်မှုများ ကျူးလွန်နေသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့်  တရားမဝင်အသင်းအဖွဲ့များ  မပါ(မပါ)ဝင်သင့် ကြောင်း ထောက်ပြပြောဆိုခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး က NUG နှင့် CRPH ကဲ့သို့ တရားမဝင်အဖွဲ့အစည်းများ၊ အကြမ်းဖက် အုပ်စုများထံမှ ငွေကြေးအကူအညီနှင့် အထောက်အပံ့များ ရယူ ထားသည့် People Defense Force (PDF) မှ အကြမ်းဖက်မှုလုပ်ရပ်များ ကျူးလွန်နေခြင်းကို    အေအာရ်အက်ဖ်အဖွဲ့ဝင်နိုင်ငံများအနေဖြင့်   ရှုတ်ချသင့်ကြောင်း ပြောကြားခဲ့သည်။


တိုက်တွန်းပြောကြားစေလို


ရခိုင်ပြည်နယ်ကိစ္စနှင့်ပတ်သက်၍    အာဆီယံပဏာမဆန်းစစ် လေ့လာရေးအဖွဲ့၏ အစီရင်ခံစာပါ အကြံပြုချက်များကို အကောင် အထည်ဖော်ရာတွင်    အာဆီယံနှင့်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း  မြန်မာနိုင်ငံ၏ကတိကဝတ်ကို  ထပ်လောင်းပြောကြားခဲ့ပြီး နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် အောင်မြင်စေရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မှုကို အလေးထားပြောကြားလိုကြောင်းနှင့်     အာဆီယံဒေသဆိုင်ရာဖိုရမ် အဖွဲ့ဝင်နိုင်ငံများအနေဖြင့်လည်း နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံ ရေးလုပ်ငန်းစဉ်တွင်   မြန်မာနိုင်ငံနှင့်အတူ   ပူးပေါင်းဆောင်ရွက်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တိုက်တွန်းပြောကြားစေလိုကြောင်း မေတ္တာရပ်ခံ ခဲ့သည်။ 


အဆိုပါ (၂၈)ကြိမ်မြောက် အာဆီယံဒေသဆိုင်ရာဖိုရမ်သို့ နိုင်ငံခြား ရေးဝန်ကြီးဌာနမှ အရာရှိကြီးများလည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။  

 

 သတင်းစဉ်