
နေပြည်တော် ဩဂုတ် ၇
တပ်မတော်က နိုင်ငံတော်တာဝန်ကို လွှဲပြောင်းရယူခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်းမှစ၍ NLD ပါတီဝင်များ၊ ၎င်းပါတီကိုထောက်ခံသူ အစွန်းရောက်များ၊ မတရားအသင်းနှင့် အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH နှင့် NUG၊ CDM လှုံ့ဆော်မှုနှင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို မလိုလားသည့် ပြည်တွင်း၊ ပြည်ပမှပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ၏ သွေးထိုးလှုံ့ဆော်မှု၊ ခြောက်လှန့် မှုတို့ကြောင့် အချို့သော ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် မိမိတို့နိုင်ငံသားများသည် ဆူပူဆန္ဒပြခြင်းများ၊ ဆန့်ကျင်လှုပ်ရှားမှုများတွင် ပါဝင်ခဲ့မှုများကြောင့် အရေးယူခံရမည်ကို စိုးရိမ်ခဲ့ပြီး တိမ်းရှောင်နေကြကြောင်း တွေ့ရှိရသည်။
ယခုအခါ ၎င်းတို့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဆောင်ရွက်ချက်များအပေါ် ယုံကြည်ခြင်း၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခြင်းဖြင့် တည်ငြိမ်အေးချမ်းမှုကို လိုလားခြင်း များကြောင့် ပြန်လည်လာရောက်လိုသော်လည်း စိုးရိမ်ကြောင့်ကြ မှုရှိခြင်း၊ မည်ကဲ့သို့ ဆက်သွယ်ဆောင်ရွက်ရမည်ကို မသိခြင်းများ ကြောင့် အခက်အခဲများဖြစ်ပေါ်နေကြောင်း သိရှိရသည်။
ယခုကာလအတွင်း လူသတ်မှု၊ လုယက်မှု၊ မီးရှို့မှု၊ မိုင်းဖောက်ခွဲမှု၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှု၊ ပြည်သူ့ ဝန်ထမ်းများနှင့် ပြည်သူအချို့အား အုပ်စုဖွဲ့ ကိုယ်ထိလက်ရောက် တိုက်ခိုက်မှု၊ အစိုးရပိုင်အဆောက်အဦများနှင့် ပုဂ္ဂလိကပိုင်အဆောက် အဦများအား ဖျက်ဆီးမှု၊ (CDM) လှုပ်ရှားမှုတွင် ငွေကြေးအရဖြစ်စေ၊ အခြားနည်းလမ်းဖြင့်ဖြစ်စေ၊ နက်ရှိုင်းစွာ ကာယကံမြောက် ပါဝင်သူ များမှအပ စိုးရိမ်စိတ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် ဝန်ထမ်းများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ အခြားနယ်ပယ် အသီးသီးမှ ပုဂ္ဂိုလ်များ၊ နိုင်ငံသားများအနေဖြင့် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်မည်ဆိုပါက ၎င်းတို့အပေါ် ရေးဖွင့်ထားသည့် အမှုများကို ဥပဒေနှင့်အညီ ပိတ်သိမ်းခြင်း၊ ရုပ်သိမ်းခြင်းများ ဆောင်ရွက်ပေးမည်ဖြစ်သဖြင့် အောက်တွင်ဖော်ပြထားသည့် ဖုန်းနံပါတ်များသို့ ယုံကြည်စိတ်ချစွာဖြင့် ဆက်သွယ်နိုင်ပါသည်။
ထိုကဲ့သို့ဆက်သွယ်ပါက မည်ကဲ့သို့ ဆောင်ရွက်ရမည်ကို လမ်းညွှန်ပေးမည်ဖြစ်ပြီး သက်ဆိုင်ရာမှ အမှုပိတ်သိမ်းခြင်း၊ ရုပ်သိမ်းခြင်းကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ် သည်။
သို့ဖြစ်ပါ၍ အပိုဒ် ၃ တွင် ဖော်ပြထားသည့် ပြစ်မှုမျိုးများမှအပ မိမိသဘောဆန္ဒအလျောက် ပြန်လာလိုသူများသည် ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဖြစ်စေ၊ နီးစပ်ရာ ရဲစခန်း၊ မြို့နယ်၊ ခရိုင် စီမံ အုပ်ချုပ်ရေး ကောင်စီများသို့ဖြစ်စေ ယုံကြည်စိတ်ချစွာဖြင့် ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်း သိရသည်။
သတင်းစဉ်