ပါတီစုံဒီမိုကရေစီစနစ်ကို မှန်ကန်စွာ လျှောက်လှမ်းနိုင်ရေးသည် မိမိတို့၏ အဓိကရည်မှန်းချက်ဖြစ်ပြီး အခိုင်အမာ အာမခံချက်ပေးထား

နေပြည်တော် ဩဂုတ်  ၇


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၁၃/၂၀၂၁)ကို ယနေ့မွန်းလွဲပိုင်းတွင်   နေပြည်တော်ရှိ   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌     ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊   နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

 


အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော် ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီ အဖွဲ့ဝင်များ  ဖြစ်ကြသည့်   ဗိုလ်ချုပ်ကြီး မြထွန်းဦး၊    ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊  မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊  ဒေါ်အေးနု စိန်၊ Jeng Phang နော်တောင်၊ဦးမောင်းဟာ၊    ဦးစိုင်းလုံးဆိုင်၊    စောဒန်နီယယ်၊ ဒေါက်တာဗညားအောင်မိုး၊    ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊  အတွင်းရေးမှူး    ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊          တွဲဖက်အတွင်းရေးမှူး  ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့         တက်ရောက်ကြ သည်။

 


တည်ငြိမ်မှုရှိလာပြီဖြစ်


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊  နိုင်ငံတော်ဝန်ကြီးချုပ်က       အဖွင့်အမှာစကား ပြောကြားရာတွင်  ယခုအခါ ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားမှုနှုန်း မြင့်မားလျက်ရှိသော်လည်း  မျက်ခြည် မပြတ် ဆောင်ရွက်နေသလို  နိုင်ငံလုံခြုံရေးနှင့် နိုင်ငံ ရေး    အခြေအနေအားလုံးအား    စနစ်တကျစီမံ ဆောင်ရွက်လျက်ရှိကြောင်း၊  အချို့သော   အကြမ်း ဖက်    တိုက်ခိုက်မှုများမှအပ   တည်ငြိမ်မှုရှိလာပြီ ဖြစ်ကြောင်း၊     အဆိုပါ    အကြမ်းဖက်မှုများနှင့် ပတ်သက်၍လည်း  သက်ဆိုင်ရာ   တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်   သက်ဆိုင်ရာ   အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသော အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက် မှုကြောင့် ယခုဩဂုတ်လမှစ၍ မရှိသလောက်ဖြစ်လာ ပြီ ဖြစ်ကြောင်း။

 


အဆင့်ဆင့်တာဝန်ယူဆောင်ရွက်


လုပ်ငန်းတာဝန်ခွဲဝေမှုနှင့်    စီမံခန့်ခွဲမှုတို့နှင့် ပတ်သက်၍    ရပ်ကျေးအဖွဲ့များ၊    မြို့နယ်၊   ခရိုင်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးနှင့် ပြည်ထောင်စုအဆင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများ အဆင့်ဆင့်ရှိကြောင်း၊ တပ်မတော်တွင်လည်း   အလားတူပင်   အဆင့်ဆင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ လုပ်ငန်းများစီမံခန့်ခွဲမှု ဆောင်ရွက်ရာတွင်  အဆင့်များကို    ကျော်လွန်၍ တိုက်ရိုက်စီမံဆောင်ရွက်ခြင်းကြောင့် အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာ အဖွဲ့အစည်းများ၏ စွမ်းဆောင် ရည်များ ကျဆင်းလာနိုင်ကြောင်း၊    လုပ်ငန်းတာဝန် များ  ထမ်းဆောင်ရာတွင်   အဆင့်ဆင့်   တာဝန်ယူဆောင်ရွက်ကြရန်လိုကြောင်း၊   လိုအပ်ချက်   တင်ပြ ဆောင်ရွက်နိုင်သလို        စီမံခန့်ခွဲနိုင်ခွင့်ပေးထား ကြောင်း၊ စီမံခန့်ခွဲရေး နယ်ပယ်တွင် မိမိသဘောဆန္ဒ ဖြင့် မူဝါဒနှင့်ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများကို ကျော်လွန် ဆောင်ရွက်၍ မရသကဲ့သို့  ခွင့်ပြု၍လည်း မရကြောင်း၊     လုပ်ပိုင်ခွင့်အရ    ဆောင်ရွက်သည့် ကိစ္စရပ်များကို    ခွင့်ပြုပေးထားကြောင်း၊   လုပ်ငန်း တာဝန်များ  ဆောင်ရွက်ရာတွင်   အောင်မြင်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့အနေဖြင့်  ချမှတ် ထားသည့်  ရှေ့လုပ်ငန်းစဉ်(၅)ရပ် နှင့်    ဦးတည်ချက် (၉)ရပ်အား  အောင်မြင်အောင် ဆောင်ရွက်ရန်လိုပြီး ယင်းသည်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အခြေခံမူဖြစ်ကြောင်း၊ နိုင်ငံ၏ပကတိအခြေအနေနှင့် ကိုက်ညီသည့်      ရှေ့လုပ်ငန်းစဉ်များနှင့်  ဦးတည်ချက် များအား   ချမှတ်ထားခြင်းဖြစ်သဖြင့်    ခိုင်ခိုင်မာမာ ဖြင့် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်ကို  မှန်ကန်စွာ လျှောက်လှမ်း နိုင်ရေးသည်   မိမိတို့၏   အဓိကရည်မှန်းချက်ဖြစ်ပြီး အခိုင်အမာ အာမခံချက်ပေးထားကြောင်း။ 

 


သေဆုံးမှုများ တဖြည်းဖြည်းလျော့ကျ


ကိုဗစ်-၁၉ နှင့် ပတ်သက်၍ မိမိတို့နိုင်ငံ၌ ပထမ လှိုင်းနှင့် ဒုတိယလှိုင်းတွင်  ထိခိုက်မှုနည်းပါးခဲ့သော် လည်း   တတိယလှိုင်းတွင် ဖြစ်ပွားမှုနှုန်း မြင့်တက် လာကြောင်း၊   ရောဂါကူးစက်မှုသည်  ပြည်သူများ၏ သွားလာမှုနှင့်      စည်းကမ်းလိုက်နာမှုအပေါ်တွင် မူတည်သဖြင့် စာသင်ကျောင်းများ ယာယီပိတ်ခြင်း၊ သွားလာမှုကန့်သတ်ခြင်းများအား  တင်းကျပ်ဆောင် ရွက်ခဲ့ကြောင်း၊ မိမိတို့နိုင်ငံတွင်သာမက  အခြားနိုင်ငံ များတွင်လည်း  ကူးစက်မှုနှုန်း မြင့်မားပြီး သေဆုံးမှု နှုန်းများ မြင့်တက်လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ ကူးစက်မှုနှုန်း  လျှော့ချနိုင်ရန်အတွက် ရုံးပိတ်ရက်များ သတ်မှတ်ပေးခဲ့ကြောင်း၊ တတိယလှိုင်း စတင်ဖြစ်ပွား သည့် ဇူလိုင်လဆန်းတွင် ကူးစက်မှုနှုန်းများ မြန်ဆန် ခဲ့ပြီး  သေဆုံးမှုများလည်း မြင့်တက်မှုများရှိခဲ့ကြောင်း၊ အသွားအလာများကန့်သတ်ခြင်းနှင့်     စည်းကမ်း ထိန်းချုပ်ခြင်းများ  ဆောင်ရွက်ခဲ့ရာ   ယခုအချိန်တွင် ကူးစက်မှုနှင့် သေဆုံးမှုများ တဖြည်းဖြည်း  လျော့ကျ လာကြောင်း၊ ထိုကဲ့သို့ ကျဆင်းလာခြင်းမှာ  ပြည်သူ လူထု၏ ပူးပေါင်းဆောင်ရွက်မှုများ ကောင်းမွန်ခြင်း ကြောင့်ဖြစ်ကြောင်း၊ အလားတူ  လိုအပ်ချက်များဖြစ် သည့်   ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် ကုသ ဆေးများ၊     အောက်ဆီဂျင်ရရှိရေးကိစ္စရပ်များအား ဝန်ကြီးဌာနများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ ကုမ္ပဏီ များ၊ လူပုဂ္ဂိုလ်တစ်ဦးမှအစ ဝိုင်းဝန်းပူးပေါင်း ဆောင် ရွက်မှုကြောင့်  ကုသမှုအပိုင်းတွင် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း။ 

 


အောက်ဆီဂျင်ရရှိရေးဆောင်ရွက်


ကိုဗစ်-၁၉ ကာကွယ်ဆေးနှင့် ပတ်သက်၍လည်း အိန္ဒိယနိုင်ငံတစ်နိုင်ငံတည်းက သာမက တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံနှင့်    အခြားနိုင်ငံများမှလည်း ဝယ်ယူ၍ ပြည်သူများအား ထိုးနှံပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက် ခဲ့ပြီး ဆက်လက်ရရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်း၊ ကာကွယ်ဆေးများရရှိအောင်ဆောင်ရွက် ပေးသည့် နိုင်ငံများနှင့်    လူပုဂ္ဂိုလ်များအားလည်း ကျေးဇူးတင်ရှိကြောင်း၊   ကိုဗစ်-၁၉  ရောဂါသည် ကာလတစ်ခုအထိ  ဆက်လက်ဖြစ်ပွားနေနိုင်သဖြင့် အမြဲမပြတ်သတိထား ဆောင်ရွက်နေရန်လိုကြောင်း၊ လူတစ်ဦးချင်းသည် ကျန်းမာရေးနှင့်ညီညွတ်သည့် လှုပ်ရှားသွားလာမှုများရှိရန် လိုအပ်သည်ဟု ကျန်းမာ ရေးဆိုင်ရာ အဖွဲ့အစည်းများက  အသိပေးထုတ်ပြန် ထားကြောင်း၊  အောက်ဆီဂျင်ရရှိရေးအတွက်လည်း ဆောင်ရွက်လျက်ရှိပြီး တစ်နိုင်ငံလုံးရှိ အောက်ဆီဂျင် ထုတ်လုပ်၍   ရနိုင်သည့်   စက်ရုံများအားလုံးမှ အမြဲမပြတ်ထုတ်လုပ်၍ ပြည်သူများလိုအပ်သည့် အချိန်တွင်   အချိန်မီရရှိရေး    ဆောင်ရွက်နေရန် လိုကြောင်း၊     အလားတူ   ကာကွယ်ဆေးနှင့် ပတ်သက်၍ ပြည်သူများ စဉ်ဆက်မပြတ် ထိုးနှံနိုင်ရေး  ဆောင်ရွက်နေရန်လိုပြီး     ကုသဆေးများလည်း အမြဲမပြတ်ရရှိရေး ပြည်ပမှတင်သွင်းနေရန် လိုအပ် သကဲ့သို့ ပြည်တွင်း၌လည်း လုံလောက်စွာ ထုတ်လုပ် နိုင်ရေး  ဆောင်ရွက်နေရန်လိုကြောင်း၊  ကိုဗစ်-၁၉ ရောဂါ  ကာကွယ်၊  ကုသ ၊ ထိန်းချုပ်ရေးအတွက် တွေ့ဆုံ၊    ဆွေးနွေးမှုများ    အမြဲမပြတ်ပြုလုပ်၍ စဉ်ဆက်မပြတ်     စီမံဆောင်ရွက်ပေးလျက်ရှိပြီး အဆက်မပြတ်အကောင်အထည်ဖော် ဆောင်ရွက်နေ ကြောင်း၊ Quarantine Center များကိုလည်း တိုးချဲ့ ဆောင်ရွက်ပေးလျက်ရှိပြီး  ဆေးရုံများတွင်လည်း ပြင်ဆင်မှုများ    အမြဲမပြတ်   ဆောင်ရွက်နေရန်လို ကြောင်း။

 


ယခုကာလအတွင်း    အကြောင်းအမျိုးမျိုးဖြင့် ပြည်ပနိုင်ငံများတွင် ရောက်ရှိနေကြသည့်  မိမိတို့နိုင်ငံ သားများအား ဖြစ်နိုင်သမျှ ပြန်လည်ခေါ်ယူရန်လို ကြောင်း၊ အိမ်နီးချင်းနိုင်ငံများသို့ ရောက်ရှိနေသူများ ကိုလည်း   ပြန်လည်ခေါ်ယူခဲ့ရာ   ဇူလိုင် ၂၅ ရက်မှ ဩဂုတ် ၆ ရက်အထိ  တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံနယ်စပ်များမှ ပြန်လည်ဝင်ရောက်လာသူ ၆၂၀၉ ဦး ပြန်လည်ဝင်ရောက်ခဲ့ပြီး ယင်းတို့အနက် ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရသူများကိုလည်း ဆေးရုံများတွင် ကုသပေးထားကြောင်း၊ အလားတူ အခြားနိုင်ငံများသို့ ရောက်ရှိနေသူများအား  ပြန်လည် ခေါ်ယူနိုင်ရေးအတွက်လည်း Relief Flight များ ပြေးဆွဲခွင့်များ   ခွင့်ပြုပေးထားကြောင်း၊    အနီးစပ်ဆုံး နိုင်ငံများမှ အမြန်ဆုံး  ပြန်လည်ခေါ်ယူနိုင်ရေး စီမံ ဆောင်ရွက်လျက်ရှိကြောင်း။

 


ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ဦးတည် ချက်များတွင်လည်း ထည့်သွင်းထားကြောင်း၊ EAO များနှင့်  တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ပေါ်တွင် အခြေခံ၍ ငြိမ်းချမ်း ရေးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော် ၏ အရေးပေါ်အခြေအနေ ကြေညာပြီးတာဝန်ပေးရာ တွင်   တပ်မတော်ကိုတာဝန်ပေးအပ်ခံရခြင်း   ဖြစ် ကြောင်း၊ တပ်မတော်သည်  တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး  သဘောတူစာချုပ်(NCA)  ကို လက်မှတ်ရေးထိုးထားသည့်    အဖွဲ့အစည်းဖြစ် ကြောင်း၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်  (NCA)သည်     EAO များက အဆိုပြုသည့်  ကိစ္စရပ်များကို   အခြေခံ၍   ညှိနှိုင်း ဆောင်ရွက်ရာမှ   ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် NCA လမ်းကြောင်းပေါ်တွင် ရပ်တည်၍          ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် တွင်    ဆက်လက်လျှောက်လှမ်းမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့်   အကြမ်းဖက်အဖွဲ့အစည်း အဖြစ်    ကြေညာထားသည့်   အဖွဲ့အစည်းများမှအပ မည်သည့်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ဖြင့်မဆို တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံ ငြိမ်းချမ်းရေးရမှ    တည်ငြိမ်အေးချမ်းမှုဖြစ်ပေါ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို   ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း၊   သို့မှသာ   ပြည်သူများ၏ဆန္ဒဖြစ်သည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် တည်ငြိမ်စွာ ဖြင့် လျှောက်လှမ်းနိုင်မည်ဖြစ်ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်များရှိသည့် ဒေသများအတွက်လည်း ကိုဗစ်-၁၉  ကာကွယ်၊ ကုသ၊   ထိန်းချုပ်ရေးနှင့် ပတ်သက်၍ လိုအပ်သည်များ ဆောင်ရွက်ပေးလျက် ရှိကြောင်း၊   တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အနေဖြင့်လည်း ငြိမ်းချမ်းရေး  အမှန်တကယ်လိုချင် ပါက   ငြိမ်းချမ်းရေးကို  အခြေခံသည့်   အပြုအမူ၊ အပြောအဆို၊ အလုပ်အကိုင်များရှိရန်လိုကြောင်း၊ NCA တွင်   လက်မှတ်ရေးထိုးထားခြင်း  မရှိသည့် အဖွဲ့များ အနေဖြင့်လည်း NCA ပါအချက်များအား ထိန်းသိမ်း ဆောင်ရွက်မည်ဆိုပါက  ငြိမ်းချမ်းရေး အပေါ်တွင်  ပူးပေါင်းဆောင်ရွက်ခြင်း၊    ဒီမိုကရေစီ အပေါ်တွင် ပူးပေါင်းဆောင်ရွက်ခြင်းပင် ဖြစ်ကြောင်း၊ လက်မှတ်ထိုးခြင်း     မထိုးခြင်းထက်   ပူးပေါင်း ဆောင်ရွက်မှု   လိုက်နာဆောင်ရွက်မှု      အပြည့်ရှိရန် လိုကြောင်း၊   ဆက်လက်၍      တရားဝင်လက်မှတ်ရေး ထိုးပြီး ဒီမိုကရေစီစနစ်     မှန်မှန်ကန်ကန်   အကောင် အထည်ဖော်  ဆောင်ရွက်ရေးသည်     အရေးကြီး ကြောင်း၊ မိမိတို့ နိုင်ငံအတွင်း   ဒီမိုကရေစီသည်  တစ်ပြေးညီဖြစ်ရန်လိုကြောင်း၊    မတူညီမှုများရှိပါက   နိုင်ငံရေးအရ     ငြိမ်းချမ်းရေး၊       လုံခြုံရေးအရ   ငြိမ်းချမ်းရေးများ ရရှိမည်မဟုတ်သဖြင့် တူညီမှုများ ရှိအောင်      ကြိုးစားဆောင်ရွက်ရန်လိုကြောင်း၊ ထို့ကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီးကွာဟမှုများ၊ ကျေးလက်၊   မြို့ပြကွာဟမှုများကို   တတ်နိုင်သမျှ လျှော့ချနိုင်ရန်လိုကြောင်း၊ ငြိမ်းချမ်းရေးတွင်    ပါးစပ် က  ပြောနေ၍မရဘဲ လက်တွေ့လိုက်ပါလုပ်ဆောင်ရန် နှင့်     ကတိကဝတ်များ      တည်ရန်လိုကြောင်း၊ ကိုယ်တိုင်လည်း ကြိုးစားအားထုတ်ရန်လိုကြောင်း။

 


 ထိခိုက်မှုများ အမြန်ဆုံးကုစားသွားမည်


ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် စီးပွားရေးအရ ထိခိုက်မှုများရှိသဖြင့် ရှေ့လုပ်ငန်းစဉ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်   ထိခိုက်ခဲ့သည့်   စီးပွားရေး လုပ်ငန်းများအား  ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် အမြန်ဆုံးကုစားသွားမည်ဟု       ထည့်သွင်းထား ကြောင်း၊ စားရေးသည် အရေးကြီးသဖြင့် မဖြစ်မနေ ဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်ကြောင်း၊ နိုင်ငံတွင်း စားရေရိက္ခာပေါများရန်၊ ပြည်သူများဝင်ငွေရှိနေရန် လိုကြောင်း၊ ဝင်ငွေရှိမှသာ စားရေး၊ ဝတ်ရေး၊ နေရေး များကို   ဖြေရှင်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းများတွင်    မှန်မှန်ကန်ကန်ဖြင့် ဆောင်ရွက်ခြင်းမရှိဘဲ     မသမာသည့်နည်းဖြင့် ဆောင်ရွက်မှုများသည် ဥပဒေအားချိုးဖောက်ခြင်းပင်ဖြစ်ကြောင်း၊ နိုင်ငံတော်၏သယံဇာတပစ္စည်းများ အားခိုးထုတ်ရောင်းချခြင်း၊     ကျွဲနွားမှောင်ခိုများ ဆောင်ရွက်ခြင်းနှင့်       ပြည်ပမှမှောင်ခိုပစ္စည်း များတင်သွင်းခြင်းသည်     နိုင်ငံအတွက်  နစ်နာမှုပင် ဖြစ်ကြောင်း၊ နိုင်ငံစီးပွားရေး တိုးတက်ရေးအတွက် သမာအာဇီဝနည်းဖြစ်သည့် ပြည်တွင်းကုန်ထုတ်လုပ် မှု လုပ်ငန်းများကို  အားပေးခြင်း၊ ပြည်တွင်းစီးပွားရေး လုပ်ငန်းများကို   အားပေးခြင်းများ   ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊   ရောင်းကုန်ပစ္စည်းများ   အချိန်နှင့် တစ်ပြေးညီ တင်ပို့ရောင်းချနိုင်ရန်အတွက် ဈေးကွက် လိုအပ်ချက် ရှိသည့်ပစ္စည်း၊ အရည်အသွေးပြည့်မီသည့် ပစ္စည်းဖြစ်ရန်လိုကြောင်း၊    ပြည်တွင်း  စီးပွားရေး လုပ်ငန်းများ    ပြန်လည်လည်ပတ်နိုင်ရေးအတွက် လိုအပ်သည်များ နိုင်ငံတော်မှ   ကူညီဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း။ 

 


ဘဏ်များနှင့်ပတ်သက်၍ ဖေဖော်ဝါရီလအတွင်း အခက်အခဲများ  မရှိခဲ့သော်လည်း   နောက်ပိုင်းတွင် ငွေကြေးများထုတ်ယူမှု  များပြားပြီး  ပြန်သွင်းမှုမရှိခဲ့ ကြောင်း၊  နိုင်ငံစီးပွားရေးအတွက်   ဘဏ်လုပ်ငန်း စနစ်ပြိုလဲမသွားအောင်   ထိန်းသိမ်းဆောင်ရွက်ခဲ့ရ ကြောင်း၊   အချို့နိုင်ငံများတွင် E banking စနစ်၊ ကတ်စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသော်လည်း မိမိတို့ နိုင်ငံတွင် ငွေစက္ကူစနစ်ကို အဓိကထားဆောင်ရွက်နေ ကြကြောင်း၊ CDM    ပြုလုပ်မှုများကြောင့်   ဘဏ်  ဝန်ထမ်းအခက်အခဲ ဖြစ်ပေါ်ခဲ့ကြောင်း၊  ဇူလိုင်လ အတွင်း  အထိုက်အလျောက်  ပြန်လည်တည်ငြိမ်လာ ပြီဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ငွေကြေး ထုတ်ယူမှုများအား ခွင့်ပြုပေးထားကြောင်း။

 


အပြီးသတ်ကြေညာချက်ထုတ်ပြန်


၂၀၂၀ ပြည့်နှစ်    အထွေထွေရွေးကောက်ပွဲ မဲစာရင်းများ  ပြန်လည်စိစစ်ခဲ့မှုနှင့်   ပတ်သက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သေချာစွာ စိစစ်ရန်    အသစ်ဖွဲ့စည်းထားသည့်  ရွေးကောက်ပွဲ ကော်မရှင်အား   တာဝန်ပေးအပ်ခဲ့ကြောင်း၊ ဇူလိုင် ၂၆ ရက်တွင်  အပြီးသတ်  ကြေညာချက်ထုတ်ပြန်ခဲ့ ကြောင်း၊ ပြည်နယ်နှင့်တိုင်းအလိုက် လူဦးရေအရ၊ မဲစာရင်းအရ၊  မဲလက်မှတ်အရ  ကွာခြားမှုများကို စိစစ်ခဲ့ကြောင်း၊ ထောင်ဂဏန်းမှ သောင်းဂဏန်းအထိ ကြီးမားသည့် မဲစာရင်းအရမှားယွင်းမှု၊ မဲလက်မှတ် အရ မှားယွင်းမှုများ  ဖြစ်ပေါ်ခဲ့သည့်   ရွေးကောက်ပွဲ သည်  တရားမျှတသည့်   ရွေးကောက်ပွဲ   မဖြစ်နိုင် ကြောင်း၊   အထွေထွေရွေးကောက်ပွဲသည် သမ္မတ ရွေးချယ်သည့်   ရွေးကောက်ခံ  ကိုယ်စားလှယ်များ ဖြစ်ပြီး သမ္မတက အစိုးရအဖွဲ့ဖွဲ့စည်းခြင်း၊ တရားသူ ကြီးများစသည်ဖြင့်    အတည်ပြုခန့်အပ်ရခြင်းဖြစ် ကြောင်း၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ဥပဒေပြု ရေးတို့ကို   ဆောင်ရွက်ရသူများဖြစ်သဖြင့် မဲစာရင်း မှားယွင်းမှုများဖြင့်   ရွေးချယ်ခံရခြင်းသည် တရား မျှတမှုမရှိကြောင်း၊ မဲစာရင်းစိစစ်တွေ့ရှိမှုများအား ရှင်းလင်းပေးရန်အတွက်    ပြောကြားခဲ့သော်လည်း ရှင်းလင်းပေးမှုမရှိခဲ့ကြောင်း၊  မဲစာရင်းမှားယွင်းမှုများ နှင့် ပတ်သက်၍  နိုင်ငံတကာမှ  ကိုယ်စားလှယ်များ၊ သံတမန်များကို ဖိတ်ခေါ်၍ အထောက်အထားများနှင့် တကွ ပြသသွားမည်ဖြစ်ကြောင်း။
မိမိတို့အနေဖြင့်  မဲစာရင်းမှားယွင်းမှုများ ဖြစ်ပေါ် ချိန်  ဒီဇင်ဘာလနှင့် ဇန်နဝါရီလတို့တွင်   တွေ့ဆုံ ဆွေးနွေးရေး  လမ်းကြောင်းပေါ်တွင်    ဆောင်ရွက်ခဲ့ သော်လည်း    ၎င်းတို့အနေဖြင့်      ငြင်းပယ်ခဲ့ပြီး နောက်ပိုင်းတွင်   နိုင်ငံတော်အပေါ်ဆန့်ကျင်ရေး လုပ်ငန်းများ   ဆောင်ရွက်လာခဲ့ကြောင်း၊  မိမိတို့ အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုပင် NCA လမ်းကြောင်းပေါ်မှ   ဖိတ်ခေါ်ဆောင်ရွက် ခဲ့ကြောင်း၊   နိုင်ငံရေးပါတီများအား  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှတစ်ဆင့်        ဖိတ်ခေါ် ဆောင်ရွက်ခဲ့ကြောင်း၊    မိမိတို့အနေဖြင့်   ယခင် အစိုးရမှ တာဝန်ရှိသူများအား နိုင်ငံရေးအရ အရေးယူ ဆောင်ရွက်ခြင်းမဟုတ်ဘဲ   ဥပဒေချိုးဖောက်သည့် ပြစ်မှုများကြောင့််သာ  အရေးယူဆောင်ရွက်ခြင်းဖြစ် ကြောင်း။

 


သဘောတူညီချက် (၅)ရပ်ထုတ်ပြန်


အာဆီယံ     ဆက်ဆံရေးနှင့်ပတ်သက်၍ ဧပြီ ၂၄ ရက်တွင် အာဆီယံထိပ်သီး  အစည်းအဝေး၌    မိမိ အနေဖြင့်     မြန်မာနိုင်ငံ၏   အခြေအနေများအား ရှင်းလင်း ပြောကြားခဲ့ပြီး အာဆီယံသဘောတူညီချက် (၅)ရပ်ထုတ်ပြန်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့် အာဆီယံ မူဘောင်အတွင်းမှသာ ဆောင်ရွက်မည်ဟု  ပြောကြား ခဲ့ပြီး     နိုင်ငံ၏       တည်ငြိမ်အေးချမ်းမှုအပေါ်တွင် မူတည်၍   ဆောင်ရွက်သွားမည်ဟု  ပါဝင်ကြောင်း၊ အာဆီယံအထူးကိုယ်စားလှယ် ခန့်အပ်ရန်အတွက် အင်ဒိုနီးရှားနိုင်ငံနှင့်   မလေးရှားနိုင်ငံ  နိုင်ငံခြားရေး ဝန်ကြီးဟောင်းများနှင့် ထိုင်းနိုင်ငံမှ ဒုတိယနိုင်ငံခြားရေး ဝန်ကြီးဟောင်းတို့အား       အဆိုပြုခဲ့ကြောင်း၊ မိမိတို့အနေဖြင့်   ထိုင်းနိုင်ငံ   ဒုတိယနိုင်ငံခြားရေး ဝန်ကြီးအား   အဆိုပြုခဲ့သော်လည်း အာဆီယံဥက္ကဋ္ဌ    ဘရူနိုင်းဘုရင်မှ    ၎င်းတို့နိုင်ငံ၏   နိုင်ငံခြားရေး ဝန်ကြီးအား      အာဆီယံကိုယ်စားလှယ်အဖြစ်   ကမ်းလှမ်းလာသည့်အတွက်  မိမိအနေဖြင့် သဘော တူညီမှုပေးခဲ့ကြောင်း။

 


မိမိတို့အနေဖြင့် အာဆီယံ မူဘောင်အတွင်းမှသာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊  မိမိတို့ အနေဖြင့် နိုင်ငံတကာဆက်ဆံရေး    လမ်းကြောင်းပေါ်တွင် မှန်မှန်ကန်ကန်       ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပြီး ငြိမ်းချမ်းစွာအတူယှဉ်တွဲရေးမူကြီး (၅)ရပ် အပေါ်တွင်  အခြေခံပြီး လွတ်လပ်၍ တက်ကြွသော နိုင်ငံခြားရေးမူဝါဒ၊ နိုင်ငံအားလုံးနှင့် မိတ်ဝတ်မပျက် ဆက်ဆံရေးမူဝါဒများဖြင့်    ဆောင်ရွက်လျက်ရှိ ကြောင်း၊ မိမိတို့၏   ရပ်တည်ချက်အား   မည်သည့် အချိန်တွင်မှ    ပြောင်းလဲမည်မဟုတ်ဘဲ  မူဘောင် အတွင်းမှသာ   ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ပြောကြားသည်။

 


ရှင်းလင်းဆွေးနွေးတင်ပြ


ထို့နောက်   ကောင်စီအဖွဲ့ဝင်များ  ဖြစ်ကြသည့် မန်းငြိမ်းမောင်၊    ဦးသိန်းညွန့်၊    ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ စောဒန် နီယယ်နှင့်     ဒေါက်တာ  ဗညားအောင်မိုးတို့က အမျိုးသားလုံခြုံရေးအက်ဥပဒေ  အမြန်ဆုံး  ရေးဆွဲ ပြဋ္ဌာန်းရေး၊   အကြမ်းဖက်သမားများအား  ဖမ်းဆီးရမိ ရေးနှင့်  သတင်းပေးသူများအား   ထိုက်သင့်သည့် ဆုကြေးချီးမြှင့်ပေးရေး၊ စက်သုံးဆီတင်သွင်းရေးနှင့် ပတ်သက်၍   ပြည်ပနိုင်ငံများမှ  ရင်းနှီးမြှုပ်နှံမှုများခေါ်ယူဆောင်ရွက်ရေး၊   ပြည်တွင်း၌    စက်ရုံတည် ဆောက်ပြီး      လောင်စာဆီထုတ်လုပ်နိုင်ရန် ဆောင်ရွက်ရေး၊      ခရီးသွားလုပ်ငန်းမြှင့်တင်ရေး၊ သဘာဝဓာတ်ငွေ့နှင့် ရေနံကဏ္ဍတွင် ကုမ္ပဏီများကို တင်ဒါခေါ်ယူ၍ လုပ်ကွက်သစ်များ ဖော်ဆောင်ရေး၊ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေချိန်တွင် အခြေခံ လူတန်းစားများ ကြုံတွေ့နေရသည့် စားဝတ်နေရေး အခက်အခဲကို  သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဝန်ကြီးဌာနမှ   ပံ့ပိုးကူညီဆောင်ရွက် ပေးရေး၊  မြေယာသိမ်းဆည်းမှုများနှင့်  စပ်လျဉ်း၍ တောင်သူများ၏    နစ်နာမှုကိုရှေးရှု၍  ဖြေရှင်း ဆောင်ရွက်ပေးရေး၊ ကိုဗစ်-၁၉ရောဂါ  ကာကွယ်ရေး အတွက်     တိုင်းရင်းဆေးဝါး  ထုတ်လုပ်နိုင်ရေး၊ ကျန်းမာရေးကဏ္ဍအတွက် အရေးတကြီးလိုအပ်သည့်  အောက်ဆီဂျင်ထုတ်လုပ်သည့်စက်ရုံများ     မြို့နယ် အလိုက်  တည်ဆောက်ပေးရေး၊    လူငယ်များအား အခြေခံကြက်ခြေနီ    သူနာပြုသင်တန်းပေးရေး၊ တိုက်ပွဲရှောင်ပြည်သူများ     ကူညီထောက်ပံ့ရေး၊ ကျန်းမာရေးဝန်ထမ်းများဖြစ်သည့် ဆရာဝန်၊ ဆရာမ များ၊ သူနာပြုများနှင့်  ၎င်းတို့၏ မိသားစုဝင်များအား ဦးစားပေး၍  ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးရေး၊ သဘာ၀ဘေးအန္တရာယ် ကြုံတွေ့နေရသည့် ပြည်သူ များအား  လိုအပ်သည့် ကူညီပံ့ပိုးမှုများ   ဆောင်ရွက် ပေးရေး၊ ကယားပြည်နယ်အတွက်   လိုအပ်လျက်ရှိ သည့် ဆရာဝန်နှင့်   သူနာပြုများ  ခန့်အပ်ပေးရေး တို့နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

 


ယင်းနောက်  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊  နိုင်ငံတော်ဝန်ကြီးချုပ်က  အမျိုးသားလုံခြုံရေး အက်ဥပဒေရေးဆွဲနိုင်ရေးကို    ပြန်လည်စိစစ်သွား မည်ဖြစ်ကြောင်း၊  အကြမ်းဖက်သမားများ  ဖမ်းဆီးမိ ရေးနှင့်   သတင်းပေးသူများအား  ထိုက်သင့်သည့် ဆုငွေချီးမြှင့်ရေးကို        လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းများနှင့်  စပ်လျဉ်း၍ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ  ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊  ခရီးသွားလုပ်ငန်း    မြှင့်တင်နိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများက  ဆောင်ရွက်လျက်ရှိ ကြောင်း၊ လယ်ယာမြေ ပြဿနာများနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်   စနစ်တကျ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ရန်အတွက်   တိုင်းရင်း ဆေး ထုတ်လုပ်နိုင်ရေးကို  သက်ဆိုင်ရာ သုတေသန ဌာနများက လုပ်ဆောင်လျက်ရှိကြောင်း၊ မြို့နယ် အလိုက် အောက်ဆီဂျင်စက်ရုံများ   တည်ဆောက်ရေး ကို ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊  ယခုလအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကို ထက်ဝက်ကျဆင်းအောင်  လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊     ပြည်သူလူထုအနေဖြင့်      ရောဂါ ကူးစက်မှု    လျှော့ချနိုင်ရေးအတွက်     ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်ကို  တွေ့ရကြောင်း။

 


ကယားပြည်နယ်အတွက်        လိုအပ်သည့် ကျန်းမာရေးဝန်ထမ်းများကို  ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးရေးလုပ်ငန်းများမှာ တိုင်းပြည်ဝင်ငွေပေါ် မူတည်ပြီး ဆောင်ရွက်ရကြောင်း၊ လတ်တလောကာလတွင်      တိုင်းဒေသကြီးနှင့် ပြည်နယ်များ  အဆက်သွယ် မပြတ်စေရေး ပြည်သူ များ     ခရီးသွားနိုင်ရေးအတွက်   မီးရထားနှင့် လေကြောင်းခရီးစဉ်အချို့ကို အရှုံးခံပြေးဆွဲပေးလျက် ရှိကြောင်း၊ ပြီးခဲ့သည့်    ၅ နှစ်တာကာလအတွင်း မြန်မာတို့၏  ယဉ်ကျေးမှုနှင့် စရိုက်လက္ခဏာများ ဖျက်ဆီးခံခဲ့ရကြောင်း၊ မြန်မာ့လူ့အဖွဲ့အစည်းသည် အမျိုးသားယဉ်ကျေးမှုအပေါ်        အခြေခံသည့်       အဖွဲ့အစည်းဖြစ်ကြောင်း၊  နိုင်ငံသားများ၏  စိတ်ပိုင်း ဆိုင်ရာ     ရပ်တည်မှုတွင်     အားကစားကဏ္ဍသည် အရေးကြီးကြောင်း၊    သို့ဖြစ်၍    တိုင်းဒေသကြီး နှင့်     ပြည်နယ်များအားလုံးတွင်    အားကစားရုံ များ၊   အားကစားကွင်းများနှင့်   ရေကူးကန်များ တည်ဆောက်ပေးရန် စီစဉ်လျက်ရှိကြောင်း။

 


ကျန်းမာရေးဝန်ထမ်းများနှင့်       နေ့စဉ်ထိတွေ့ နေရသည့်   မိသားစုဝင်များကို  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး      ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ သဘာ၀ဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ချက်ချင်း တုံ့ပြန်ဆောင်ရွက်နိုင်ရန်   သက်ဆိုင်ရာဝန်ကြီးဌာန အနေဖြင့်    ပြင်ဆင်ဆောင်ရွက်ထားပြီး   သယ်ယူ ပို့ဆောင်ရေးအတွက်လည်း  ပြင်ဆင်ဆောင်ရွက်ထား ကြောင်း၊ မိမိတို့အနေဖြင့် တိုင်းရင်းသားများ စိတ်ပိုင်း ဆိုင်ရာ    အားငယ်မှုမရှိအောင်  တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ကျေးလက်နှင့် မြို့ပြ၊ ဆင်းရဲ၊ ချမ်းသာ ကွာဟမှု  လျှော့နိုင်ရေးကို အလေးထားဆောင်ရွက် လျက်ရှိကြောင်း    ဖြည့်စွက်ရှင်းလင်း    ပြောကြား သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင်  မိမိတို့သည်  ယာယီဆောင်ရွက်ရ သည့် အဖွဲ့အစည်းဖြစ်ပြီး အစိုးရ၏လုပ်ငန်းများကို အဆင်ပြေအောင်  အကောင်အထည်ဖော် ဆောင်ရွက် နေရကြောင်း၊  ကဏ္ဍအသစ်များကို တိုးချဲ့ဆောင်ရွက် ရာတွင်      အဘက်ဘက်က    စဉ်းစားဆောင်ရွက်ရ ကြောင်း၊ ၂၀၂၀ ပြည့်နှစ်  ရွေးကောက်ပွဲ    မဲမသမာမှု ကြောင့် ဖြစ်ပေါ်လာသည့်  ဆူပူမှုများနှင့် အကြမ်းဖက် များကိုလည်းဖြေရှင်းဆောင်ရွက်နေရကြောင်း၊ ဖွံ့ဖြိုး တိုးတက်ရေးကို     ဆောင်ရွက်သွားရမည်ဖြစ်ပြီး တည်ငြိမ်အေးချမ်းရေးကိုလည်း     အဓိကဦးစားပေး လုပ်ဆောင်နေကြောင်း၊ အထူးသဖြင့် နိုင်ငံရေးတည် ငြိမ်မှုရရှိအောင်ဆောင်ရွက်နေကြောင်း၊  အိမ်စောင့် အစိုးရသည်     တိုင်းပြည်ကို     ခေတ္တတာဝန်ယူ ထိန်းသိမ်းပေးသည့် အစိုးရဖြစ်ပြီး  အရေးပေါ် ကာလ     ကုန်ဆုံးသည့်အခါ    ဥပဒေနှင့်အညီ ရွေးကောက်ပွဲ   ပြန်လည်ကျင်းပ       ပေးသွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲရလဒ်ဖြင့်         ထွက်ပေါ်လာမည့် အစိုးရအား နိုင်ငံတာဝန်ကို  အခြေခံဥပဒေနှင့်အညီ လွှဲပြောင်းပေးအပ်နိုင်ရေး  ဆောင်ရွက်သွားမည်ဖြစ် ကြောင်း။

 


အိမ်စောင့်အစိုးရအနေဖြင့်      နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက   ချမှတ်သည့်   မူဝါဒများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး အဓိက အားဖြင့်    စီးပွားရေးကဏ္ဍအား     အလေးပေး ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ကောင်စီဝင်များ အနေဖြင့်   တစ်ဦးချင်းစီ၏   အတွေ့အကြုံပေါ် အခြေခံပြီး  လုပ်ငန်းများကို  စဉ်းစားဆောင်ရွက်ရာ တွင် ပြည်ထောင်စုကို လွှမ်းခြုံစဉ်းစား၍ နိုင်ငံတော်   ၏    အကျိုးကို       ဦးတည်ဆောင်ရွက်သွားကြ    စေလိုကြောင်းဖြင့်     မှာကြားခဲ့ကြောင်း     သတင်း ရရှိသည်။ 


သတင်းစဉ်