ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ဘဏ်လုပ်ငန်းဆောင်ရွက်နေမှုများအား စစ်ဆေး

 

နေပြည်တော်    ဩဂုတ်   ၆


စီမံကိန်းနှင့်   ဘဏ္ဍာရေးဝန်ကြီးဌာန       ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက် ၁၁ နာရီတွင်  နေပြည်တော်ရှိ   မြန်မာ့စီးပွားရေးဘဏ်     (ရုံးချုပ်)၊ ပျဉ်းမနားမြို့နယ်ရှိ     မြန်မာ့စီးပွားရေးဘဏ်နှင့်      မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၊ ပုဗ္ဗသီရိမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်တို့သို့  သွားရောက်၍  ဘဏ်များ၌  ငွေသွင်း/ငွေထုတ်   ဆောင်ရွက်နေမှုများ၊ အစိုးရဌာန  အဖွဲ့အစည်းများသို့ လစာနှင့်  အသုံးစရိတ်များ ထုတ်ပေးနေမှုနှင့် ဘဏ်လုပ်ငန်းဆောင်ရွက်နေမှုများကို   ကြည့်ရှုစစ်ဆေးသည်။ 
ရှေးဦးစွာ       ပြည်ထောင်စု ဝန်ကြီးသည်     နေပြည်တော် မြန်မာ့စီးပွားရေးဘဏ် (ရုံးချုပ်) သို့     ရောက်ရှိပြီး     လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို လှည့်လည်  ကြည့်ရှုစစ်ဆေး၍ လိုအပ်ချက်များကို     ဖြည့်ဆည်း ဆောင်ရွက်ပေးကာ  ဌာနအကြီး အကဲများနှင့်  တွေ့ဆုံ၍   ဘဏ် လုပ်ငန်းဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ မှာကြားသည်။
မြန်မာ့     စီးပွားရေးဘဏ် (နေပြည်တော်)သည်  ဝန်ကြီးဌာန၊ ဦးစီးဌာနနှင့် တပ်ရင်း တပ်ဖွဲ့များ သို့  လစာထုတ်ပေးမှုနှင့်   အသုံး စရိတ်များ   ထုတ်ပေးနေမှုများကို ကိုဗစ်-၁၉ ရောဂါစတင်ဖြစ်ပွား သည့်အချိန်မှစ၍       သီးခြား ကောင်တာများဖွင့်လှစ်၍  ဆောင် ရွက်ပေးလျက်ရှိသည်။
ထို့ပြင် ဘဏ်နှင့်ဆက်သွယ်သူ ပြည်သူများ၏ ငွေစုဘဏ်အပ်ငွေ၊ စာရင်းရှင်အပ်ငွေ၊ စာရင်းသေအပ် ငွေ၊   အချိန်ပိုင်းအပ်ငွေ   စသည့် အပ်ငွေအမျိုးမျိုးကို   လက်ခံခြင်း နှင့်        ချေးငွေအမျိုးမျိုးကို  ထုတ်ချေးခြင်း၊ ပြည်တွင်း၊   ပြည်ပ ငွေလွှဲလုပ်ငန်းများကို ဆောင်ရွက် ပေးလျက်ရှိသည့်အပြင်       ပြည်သူ များ     ငွေသွင်း   ငွေထုတ်မှုများကို      ကိုဗစ်-၁၉ ကာကွယ်၊     ထိန်းချုပ် ရေး  လမ်းညွှန်ချက်များနှင့်အညီ    လုံခြုံစိတ်ချမှု    အပြည့်အဝရရှိ စေရန်    ဆောင်ရွက်ပေးလျက် ရှိသည်။

 


ဆက်လက်၍    ပြည်ထောင်စု ဝန်ကြီးသည်      နေပြည်တော် မြန်မာ့စီးပွားရေးဘဏ် (ရုံးချုပ်)တွင်     ဌာနအကြီးအကဲများနှင့် တွေ့ဆုံ၍ လမ်းညွှန်မှာကြားရာ၌ ရုံးပိတ်ရက်ရှည်  ကာလအတွင်း ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုအခြေအနေများကြားမှ   ဘဏ်ဝန်ထမ်း များအနေဖြင့်   ပင်စင်လစာများ နှင့်        ဝန်ထမ်းလစာများကို   အဆင်ပြေစွာ   ထုတ်ပေးနိုင်ရေး အတွက်  အချိန်နှင့် တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက်ပေးနေမှု များ၊    စီးပွားရေးလုပ်ငန်းများ စဉ်ဆက်မပြတ်   လုပ်ကိုင်နိုင်ရန် ဘဏ်နှင့် ဆက်သွယ်ဆောင်ရွက် လျက်ရှိသော  စီးပွားရေးလုပ်ငန်း များနှင့်  အဖွဲ့အစည်းများသို့ ဘဏ် လုပ်ငန်းများ    ပုံမှန်ဆောင်ရွက် ပေးနေမှုများအတွက်      ဘဏ် ဝန်ထမ်းများအား  အသိအမှတ်ပြု ပါကြောင်းနှင့်     ဝန်ထမ်းများ အနေဖြင့်    မိမိတို့၏လုပ်ငန်း တာဝန်များကို      ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးလမ်းညွှန် ချက်များနှင့်အညီ  တာဝန်ကျေပွန် စွာ  ဆက်လက်ကြိုးပမ်း   ဆောင် ရွက်ကြရန်နှင့်   ဝန်ထမ်းများ၏ လိုအပ်ချက်များကို      ရုံးချုပ်မှ တာဝန်ရှိသူများက   ဖြည့်ဆည်း ဆောင်ရွက်ပေးရန် မှာကြားသည်။ 

 


ထို့နောက်     ပြည်ထောင်စု ဝန်ကြီးသည်  ပျဉ်းမနားမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်၊    မြန်မာ့ လယ်ယာ    ဖွံ့ဖြိုးရေးဘဏ်နှင့် ပုဗ္ဗသီရိမြို့နယ်ရှိ  မြန်မာ့စီးပွားရေး ဘဏ်တို့သို့     ဆက်လက်သွား ရောက်ပြီး        ဘဏ်လုပ်ငန်း ဆောင်ရွက်မှု   အခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါ   ကာကွယ်၊ ထိန်းချုပ်ရေး    ညွှန်ကြားချက် များနှင့်အညီ  လုပ်ငန်းများဆောင် ရွက်မှုများကို     ကြည့်ရှုစစ်ဆေး ခြင်း၊     လိုအပ်သည်များအား လမ်းညွှန်မှာကြားခြင်း၊ လိုအပ် ချက်များကို    ဖြည့်ဆည်းဆောင် ရွက်ပေးခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။  


သတင်းစဉ်