တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် တစ်ပိုင်တစ်နိုင်စီးပွားဖြစ် မွေးမြူရေးလုပ်ငန်းများအား ကြည့်ရှုအားပေး

 

ထားဝယ်    သြဂုတ် ၆


တနင်္သာရီ    တိုင်းဒေသကြီး ဝန်ကြီးချုပ်      ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် သစ်လွင်ထူး၊    တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ   ယနေ့   နံနက်ပိုင်းတွင် ထားဝယ်မြို့ အမှတ်(၈) စစ်ဆင် ရေးကွပ်ကဲမှုဌာနချုပ်နှင့် အမှတ် (၉၂၄) ထောက်ပံ့ရေးနှင့် ပို့ဆောင် ရေးတပ်ရင်းဒေသအတွက် လိုအပ် လျက်ရှိသော   သားငါးဖြည့်တင်း နိုင်ရေးနှင့် ကုန်စျေးနှုန်းတည်ငြိမ် ရေးအတွက်      တစ်ပိုင်တစ်နိုင် စီးပွားဖြစ်မွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်နေသူများအား ကြည့်ရှု အားပေးသည်။

 


ထို့နောက်    တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ က အမှတ်(၈) စစ်ဆင်ရေးကွပ်ကဲ မှုဌာနချုပ်ရှိ နို့စားနွား၊  ဥစားကြက် နှင့်   ဝက်မွေးမြူရေးခြံသို့လည်း ကောင်း၊    တစ်ရှူးငှက်ပျောပင် စိုက်ပျိုးရေးခြံသို့ လည်းကောင်း အမှတ်(၉၂၄) ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးတပ်ရင်းရှိ ဆိတ်၊ နွား နှင့် ဘဲမွေးမြူရေးခြံသို့   လည်း ကောင်း   တစ်ပိုင်တစ်နိုင် စီးပွား ဖြစ်     မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နေမှုများကို   လှည့်လည် ကြည့်ရှုပြီး    လိုအပ်သည်များ မှာကြားသည်။

 


ဆက်လက်၍ ထားဝယ်မြို့ မြို့တော်ခန်းမ၌   အသက်   ၆၀ နှင့်အထက်  သက်ကြီးဘိုးဘွား များ၊ အစိုးရ/ပုဂ္ဂလိကကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း များ၊ သံဃာတော်များ၊   သီလရှင် များနှင့် ကာကွယ်ဆေး   မထိုးနှံ ရသေးသည့်သူများအား    စနစ် တကျ     ထိုးနှံပေးနေမှုများကို ကြည့်ရှု၍  အားပေးစကားပြော ကြားပြီး    တာဝန်ရှိသူများအား လိုအပ်သည်များ     လမ်းညွှန်မှာ ကြားကြောင်း သိရသည်။


တိုင်းဒေသကြီး
 (ပြန်/ဆက်)