
ပြည်ပမှ ဝင်ရောက်လာသည့် Oxygen များကို စနစ်တကျထိန်းသိမ်း၍ ဖြန့်ဝေပေးနိုင်ရေးအတွက် စီမံဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် လိုအပ်နေသည့် Test kit များကို တပ်မတော်ရဟတ်ယာဉ်ဖြင့် အမြန်ဆုံး ပို့ဆောင်ပေးသွားရန်လိုကြောင်း၊ ဟိုတယ် Quarantine များအတွက် လိုအပ်သည့် SOP ကို တိတိကျကျ ထုတ်ပြန်ပေးသွားရန်နှင့် လုံလောက်သည့် ဆေးအကာအကွယ်နှင့် အောက်ဆီဂျင်ရရှိရေးအတွက် ဌာနများအချင်းချင်း ပေါင်းစပ်ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း။
(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၃-၇-၂၀၂၁ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး၌ ပြောကြားသည့် အမှာစကားမှ ကောက်နုတ်ချက်)