ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် (၁၄) ကြိမ်မြောက် မဲခေါင်-ဂျပန် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်

 

နေပြည်တော်   ဩဂုတ်  ၆


အပြည်ပြည်ဆိုင်ရာ     ပူးပေါင်း ဆောင်ရွက်ရေး    ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် သည်     ယနေ့မွန်းလွဲပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပ သည့် (၁၄)ကြိမ်မြောက် မဲခေါင်-ဂျပန်    ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေး (14th Mekong-Japan Foreign Ministers Meeting)သို့ နေပြည်တော်ရှိ   နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပါဝင်တက်ရောက် သည်။

 

ပုံ)
အစည်းအဝေးကို ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mr. Motegi Toshimitsu က   သဘောပတိ အဖြစ် ဆောင်ရွက်ပြီး  မဲခေါင်-ဂျပန်    ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ကမ္ဘော ဒီးယား၊    လာအို၊   ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ နိုင်ငံခြားရေး ဝန်ကြီးများ   ပါဝင်တက်ရောက် ကြသည်။

 


အမြင်ချင်းဖလှယ် ဆွေးနွေး


အစည်းအဝေးတွင် နိုင်ငံခြား ရေးဝန်ကြီးများက မဲခေါင်-ဂျပန် ပူးပေါင်းဆောင်ရွက်မှု၏ ဖြစ်ပေါ် တိုးတက်မှုများအပေါ်    သုံးသပ် ဆွေးနွေးခဲ့ကြပြီး  အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်သွားမည့် အစီ အစဉ်များကို   အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

 


ကာကွယ်ဆေးများရရှိနိုင်ရေး  


အစည်းအဝေး၌ ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလှိုင်က မိန့်ခွန်း ပြောကြားရာတွင် မဲခေါင်-ဂျပန် ပူးပေါင်းဆောင်ရွက်မှု၏ (၁၄)နှစ် တာကာလအတွင်း  များစွာသော စီမံကိန်းများဖြင့်   မဲခေါင်ဒေသ တွင်း ပြည်သူများအတွက် အကျိုး ကျေးဇူးများ   ဖော်ဆောင်နိုင်ခဲ့ ကြောင်း၊ အစဉ်အလာ ချစ်ကြည် ရင်းနှီးမှု၊ အပြန်အလှန် နားလည် မှုနှင့် ပြည်သူအချင်းချင်း ရင်းနှီး ချစ်ကြည်မှုတို့ကို ခိုင်မာစေသည့် ကောင်းမွန်သော အခြေခံကောင်း များ   ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ တတိယလှိုင်း       ဖြစ်ပွားမှုကို ရင်ဆိုင်နေရသည့်   ခက်ခဲသော ကာလဖြစ်ပြီး   ကာကွယ်ဆေး၊ ကုသဆေးနှင့် အောက်ဆီဂျင်များ အရေးပေါ်လိုအပ်လျက်ရှိကြောင်း၊ ဂျပန်နိုင်ငံအစိုးရမှ    လူနာတင် ယာဉ်များ၊ အောက်ဆီဂျင်စက်များ လှူဒါန်းမှုနှင့် ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရသည့်      စီးပွားရေး ပြန်လည်ထူထောင်ရန်  COVID-19 Crisis Response Emergency Support   Loan  အမေရိကန် ဒေါ်လာ သန်း ၂၈၀ ပေးအပ်ခဲ့ခြင်း တို့အပေါ်    အထူးကျေးဇူးတင် ရှိကြောင်း၊  COVAX program မှ တစ်ဆင့်    ကိုဗစ်ကာကွယ်ဆေး များရရှိနိုင်ရေး  ကူညီပံ့ပိုးနိုင်ရန် တိုက်တွန်းကြောင်း   ပြောကြား ခဲ့သည်။
ဆက်လက်၍   ပြည်ထောင်စု ဝန်ကြီးက မဲခေါင်ဒေသအတွင်း လူမှုစီးပွား  ဖွံ့ဖြိုးတိုးတက်ရေး အတွက် အကူအညီများပေးအပ် ရာတွင်   “တိုကျိုမဟာဗျူဟာ ၂၀၁၈” (Tokyo Strategy 2018) အောင်မြင်မှုများကို     ချီးကျုး ပြောကြားခဲ့ပြီး    မဲခေါင်-ဂျပန် ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် ၏ အနာဂတ် ပူးပေါင်းဆောင်ရွက် မှုအတွက်   မဟာဗျူဟာအသစ် ရေးဆွဲရာတွင်       ဒစ်ဂျစ်တယ် ဆက်သွယ်ချိတ်ဆက်မှု တိုးမြှင့် ဖော်ဆောင်ရေး၊  ကျန်းမာရေးနှင့် ကာကွယ်ဆေး  ထိုးပြီးကြောင်း သက်သေခံ   လက်မှတ်များကို အပြန်အလှန် အသိအမှတ်ပြုရေး၊ ခရီးသွားလာရေးအတွက် လိုအပ် သည့်         အထောက်အထားနှင့် လုပ်ငန်းစဉ်များ တစ်ပြေးညီဖြစ်စေ ရေး အစရှိသည့် ဖွဲ့စည်းမှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းမှုများ တိုးမြှင့် ဆောင်ရွက်ရန် ထည့်သွင်းရေးဆွဲ သွားရေးတို့ကိုလည်း    အကြံပြု ဆွေးနွေးသည်။ 

 


လက်ရှိဖြစ်ပေါ်တိုးတက်မှု  ဆွေးနွေး


ထို့အပြင် မဲခေါင်ဒေသအတွင်း လူတိုင်းကျန်းမာရေးဝန်ဆောင်မှု ရရှိစေရေး             ရည်မှန်းချက် ကို  အကောင်အထည်ဖော်သည့် လုပ်ငန်းစဉ် အစိတ်အပိုင်းတစ်ရပ် အဖြစ်    ကိုဗစ်ကာကွယ်ဆေး  ပူးတွဲသုတေသန    လုပ်ငန်းများ၊ ကာကွယ်ဆေး     ထုတ်လုပ်ရေး အတွက်   အကူအညီပေးမှုများ၊ ကာကွယ်ဆေး တစ်ပြေးညီရရှိရေး စသည်တို့ကို   ဦးစားပေးဆောင် ရွက်သွားရန်နှင့်       စီးပွားရေး ပြန်လည်ထူထောင်ရေးအတွက် မဲခေါင်-ဂျပန်     ပူးပေါင်းဆောင် ရွက်မှုအောက်တွင် ပူးတွဲလုပ်ငန်း အဖွဲ့    ဖွဲ့စည်းရန်   ထောက်ခံ ကြောင်နှင့် မြန်မာနိုင်ငံအတွင်း လက်ရှိ ဖြစ်ပေါ်        တိုးတက်မှုတို့ကို ထည့်သွင်းဆွေးနွေးသည်။ 
အစည်းအဝေးသို့     နိုင်ငံ ခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးများ ပါဝင်တက်ရောက် သည်။

 


မဲခေါင်-ဂျပန်      ပူးပေါင်း ဆောင်ရွက်မှုသည် မဲခေါင်ဒေသ အတွင်း လူမှုရေး၊ စီးပွားရေးကဏ္ဍ များ   ဖွံ့ဖြိုးတိုးတက်လာစေရေး အတွက်  အထောက်အကူပြုရန် မဲခေါင်နိုင်ငံများဖြစ်သည့် ကမ္ဘော ဒီးယား၊ လာအို၊ မြန်မာ၊  ထိုင်း၊ ဗီယက်နမ်နိုင်ငံများနှင့် ဂျပန်နိုင်ငံ တို့အကြား ပူးပေါင်းဆောင်ရွက် နေသည့် လုပ်ငန်းစဉ်ဖြစ်ပြီး၊ ဂျပန် နိုင်ငံမှ   ရန်ပုံငွေနှင့်  နည်းပညာ အကူအညီများ   ပေးအပ်လျက် ရှိကြောင်း သိရသည်။ 


သတင်းစဉ်