ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်၌ PPE ဝတ်စုံ ဝတ်ဆင်ထားသည့် အကြမ်းဖက်သမားနှစ်ဦးက လုပ်ကြံပစ်ခတ်မှုကြောင့် အေးချမ်းစွာနေထိုင်လျက်ရှိသူ အမျိုးသားတစ်ဦးသေဆုံးကာ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ

နေပြည်တော်    ဩဂုတ်   ၅


အကြမ်းဖက်   အစွန်းရောက်သမားများ အနေဖြင့် လူသားချင်းစာနာထောက်ထား မှုနှင့်   ကပ်ရောဂါ   ဖြစ်ပွားနေမှုအပေါ် မျက်ကွယ်ပြု၍ ရောဂါထိန်းချုပ်နိုင်ရေးကူညီဆောင်ရွက်လျက်ရှိသည့်    နေရာ များအား     ဦးတည်တိုက်ခိုက်မှုများကို လုပ်ဆောင်လျက်ရှိသည်။


ရက်စက်စွာ လုပ်ကြံသတ်ဖြတ်


ထို့ပြင်  လတ်တလော  ကျန်းမာရေး လုပ်ငန်းများ၊     ကူညီကယ်ဆယ်ရေး လုပ်ငန်းများတွင် စိတ်စေတနာ ပြည့်ဝစွာ ဖြင့် အနစ်နာခံပေးဆပ်လုပ်ကိုင်လျက်ရှိ သော စေတနာ့ဝန်ထမ်းအဖြစ် အယောင် ဆောင်၍  တစ်ကိုယ်ရေသုံးကာကွယ်ရေး ဝတ်စုံဝတ်ဆင်ပြီး    အပြစ်မဲ့ပြည်သူများ အနီး ချဉ်းကပ်ကာ ရက်စက်စွာ လုပ်ကြံ သတ်ဖြတ်မှုများကိုပါ ပြုလုပ်လာသည်ကို တွေ့ရှိရသည်။


ထိုကဲ့သို့      အကြမ်းဖက်လုပ်ကြံ သတ်ဖြတ်ခဲ့ရာ ယနေ့မွန်းလွဲ ၁ နာရီ ၅ မိနစ်ခန့်တွင်    ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်       အမှတ်(၁၆)ရပ်ကွက် အုတ်ကျင်းဘူတာရုံလမ်း အမှတ်(၃၁)နေ ဦးစန်းလင်း(၅၃)နှစ်   (ဘ)   ဦးလှရွှေနှင့် ဇနီးဖြစ်သူ  ဒေါ်သီတာတို့သည် နေအိမ် အရှေ့၌ အိမ်ဆိုင်ဖွင့်လှစ်၍ ဈေးရောင်းချ နေစဉ်  တစ်ကိုယ်ရေသုံး ကာကွယ်ရေး ဝတ်စုံ  ဝတ်ဆင်ကာ  စေတနာ့ဝန်ထမ်း  အယောင်ဆောင်ထားသည့် အကြမ်းဖက် သူ  အမျိုးသားနှစ်ဦးက  ဆိုင်အတွင်းသို့ အအေးလာရောက်    ဝယ်ယူဟန်ဖြင့် ချဉ်းကပ်   ဝင်ရောက်လာသဖြင့်   အအေး ရောင်းချပေးနေစဉ် အဆိုပါ အကြမ်းဖက် သူ နှစ်ဦးက ၎င်းတို့ထံတွင် အသင့်ပါလာ သော သေနတ်ဖြင့်ပစ်ခတ်ကာ ထွက်ပြေး သွားခဲ့သဖြင့် ဦးစန်းလင်း၏ ဝဲဘက်ရင်အုံ တွင် ကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက်၊ ယာလက်မောင်း ကျည်ဖောက်ဝင်ဒဏ်ရာ  တစ်ချက်၊    ဝဲပေါင်ကျည်ထိမှန်   ဒဏ်ရာ တစ်ချက်၊   ဒေါ်သီတာတွင်    ဝဲလက်ဖျံ ကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက်၊ ဝဲရင်အုံ ကျည်ဖောက်ဝင်ဒဏ်ရာ    တစ်ချက်တို့ အသီးသီးရရှိခဲ့သဖြင့် ထိခိုက်ဒဏ်ရာရရှိခဲ့ သူများကို    လုံခြုံရေးတပ်ဖွဲ့ဝင်များက တပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေးကုသ မှုပေးနေစဉ် ဦးစန်းလင်းမှာ ရရှိထားသော ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည်။


အထင်အမြင် လွဲမှားစေနိုင်


ထိုသို့ ဝတ်စုံဝတ်ဆင်၍ အကြမ်းဖက် သတ်ဖြတ်မှုကို  ပြုလုပ်ခဲ့မှုကြောင့်  စိတ် စေတနာပြည့်ဝစွာဖြင့် ကူညီဆောင်ရွက် ပေးနေသော စေတနာ့ဝန်ထမ်းများအပေါ် ပြည်သူလူထုမှ အထင်အမြင် လွဲမှားစေ နိုင်သည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့်    အစွန်းရောက်အကြမ်းဖက် သမားများကို ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး အသေးစိတ်ပိတ်ဆို့စစ်ဆေးရှာဖွေမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။              

 

  သတင်းစဉ်