နေပြည်တော်ဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌဟောင်း၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌဟောင်း ဦးရဲမင်းဦးအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ

နေပြည်တော်   သြဂုတ်   ၅


နေပြည်တော်ဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌဟောင်း၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌဟောင်းနှင့် ဒုတိယမြို့တော်ဝန် ဟောင်း တာဝန်များ  ထမ်းဆောင်ခဲ့သော ဦးရဲမင်းဦး၏    ဆောင်ရွက်ချက်များနှင့် နေပြည်တော်မြို့မဈေး၌   မီဒီယာစင်တာ ဆောက်လုပ်ခြင်းတို့နှင့်       ပတ်သက်၍ အဂတိလိုက်စားမှုများအပေါ် စိစစ်ဖော်ထုတ် ပေးနိုင်ပါရန်  တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ ကြောင်း သိရသည်။ 


စုံစမ်းစစ်ဆေးရေးအဖွဲ့၏    စစ်ဆေး တွေ့ရှိချက်အရ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌဟောင်း ဦးရဲမင်းဦးသည် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က နေပြည်တော်ဖွံ့ဖြိုးရေး ဘဏ်၏   ဘဏ်အမည်သစ်ပြောင်းလဲမှုနှင့် အများပြည်သူမှ ပိုမိုသိရှိပြီး ဝန်ဆောင်မှုများ ပေးနိုင်စေရန်အတွက်   Digital Marketing Services Facebook ကြော်ငြာ ဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်ရာတွင်       နိုင်ငံတော် သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ တင်ဒါလုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာ ဆောင်ရွက်မှုမရှိခြင်း၊ ဘဏ္ဍာရေးစီမံခန့်ခွဲမှု ဆိုင်ရာစည်းမျဉ်းများကို   ဖောက်ဖျက်၍ ဝန်ဆောင်မှုကို    အခြားကုမ္ပဏီများထက် အခကြေးငွေပိုမိုလျက် အမှန်တကယ်လုပ်ငန်း တည်ရှိမှုမရှိသည့်   ၎င်းနှင့်ဆက်စပ်သည့်   ကုမ္ပဏီတစ်ခုသို့  ၃-၈-၂၀၂၀ ရက်နေ့တွင် ကြော်ငြာလုပ်ငန်း   ငှားရမ်းခြင်းပြုရာတွင် မြန်မာငွေကျပ် ၂၈ သန်းကျော်ကို ပိုမိုခွင့်ပြုပေးခဲ့ခြင်းတို့ကြောင့် နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှုတို့ကို  ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးစေခဲ့ကြောင်း၊    
နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်ဥက္ကဋ္ဌဟောင်း ဦးရဲမင်းဦးသည် နေပြည်တော်ဖွံ့ဖြိုး ရေးဘဏ်၏   ချေးငွေမူဝါဒနှင့်   လုပ်ထုံး လုပ်နည်းများနှင့် ကိုက်ညီမှုမရှိဘဲ မြေဂရန် သက်တမ်းကုန်ဆုံးနေခြင်း၊ ဂရန်အမည်ပေါက် ပြောင်းလဲရန်လိုအပ်ခြင်း    စသည့် စာရွက် စာတမ်း    အထောက်အထားမပြည့်စုံဘဲ ၎င်းနှင့်ဆက်စပ်သည့်     ပုဂ္ဂိုလ်နှစ်ဦးအား ၁၆-၃-၂၀၂၀ ရက်နေ့တွင် ငွေကျပ်သန်း ၁၇၀ ကို စာချုပ်ချုပ်ဆို   ထုတ်ချေးခဲ့ခြင်းကြောင့် နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှု ကို ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးစေခဲ့ကြောင်း၊


နေပြည်တော်ဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌ ဟောင်း ဦးရဲမင်းဦးသည် ၎င်းနှင့်ဆက်စပ် သည့် ပုဂ္ဂိုလ်တစ်ဦး၏   အိမ်နှင့် မြေအား အာမခံပြုလုပ်၍ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ် မှ   ငွေချေးယူရာတွင်  ချေးငွေဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုကော်မတီမှ  ငွေကျပ်သန်း  ၄၂၅၀ သာ ချေးယူသင့်ကြောင်း အကြံပြုတင်ပြမှုကို လျစ်လျူရှု၍ ချေးငွေကျပ်သန်း  ၄၅၀၀ အား     ၂၈-၉-၂၀၂၀ ရက်နေ့တွင် ချေးယူခွင့်ပြုခဲ့ခြင်း၊ ထပ်တိုးချေးငွေ       ကျပ်သန်း ၄၅၀ အား  ထပ်မံခွင့်ပြုခဲ့ခြင်းတို့ကြောင့်  နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှုကို ထိခိုက် နစ်နာ ပျက်စီးဆုံးရှုံးစေခဲ့ကြောင်း၊


နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်    ဥက္ကဋ္ဌ ဟောင်း ဦးရဲမင်းဦးသည်   ပုဂ္ဂိုလ်တစ်ဦးမှ မြေနှင့်အိမ်အား   အာမခံပြုလုပ်၍  ချေးငွေ ရယူထားမှုကို ကုမ္ပဏီတစ်ခု အမည်ပြောင်းပြီး ချေးငွေဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုကော်မတီမှ ထောက်ခံသည့် ငွေကျပ်သန်း ၄၇၁၉ အပေါ် ငွေကျပ် ၈၁ သန်း ပိုမိုပြီး ၂၈-၉-၂၀၂၀ ရက် နေ့တွင် ငွေကျပ်သန်း ၄,၈၀၀ ထုတ်ချေးခဲ့ခြင်း သည်     နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်၏ ချေးငွေမူဝါဒနှင့် ကိုက်ညီမှုမရှိဘဲ ထုတ်ချေး ခဲ့ခြင်းကြောင့်   နိုင်ငံတော်၏  ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာ ပျက်စီး ဆုံးရှုံးစေခဲ့ကြောင်း၊


နေပြည်တော်     စည်ပင်သာယာရေး ကော်မတီ          ဒုတိယဥက္ကဋ္ဌဟောင်း၊ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌဟောင်း ဦးရဲမင်းဦးသည်  နေပြည်တော်မြို့မဈေးပွဲရုံ တန်း၌ Information Center တည်ဆောက် ရန် ဆောင်ရွက်ခဲ့ရာတွင် နိုင်ငံတော်သမ္မတရုံး ၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ တင်ဒါ လုပ်ထုံးလုပ်နည်းများနှင့်အညီ  တင်ဒါခေါ်ယူ ဆောင်ရွက်မှုမရှိဘဲ    ၎င်းနှင့် ဆက်စပ်သည့် ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုသို့ ၆-၁-၂၀၂၁ ရက်နေ့တွင် လုပ်ငန်းတန်ဖိုး ငွေကျပ် ၁၆၉ သန်းကျော်ဖြင့် စာချုပ်ချုပ်ဆို ငှားရမ်းခဲ့ခြင်း၊ ကုမ္ပဏီက တင်ဒါစီမံကိန်း မဟုတ်ဘဲ တင်ဒါ စီမံကိန်းဟု ဖော်ပြပြီး နေပြည်တော်ဖွံ့ဖြိုးရေး ဘဏ်မှ ချေးငွေအဖြစ် ငွေကျပ် ၅၉ သန်း ကျော်   ချေးယူရာတွင်       ထုတ်ချေးရန် အတည်ပြု        ဆုံးဖြတ်ခဲ့ခြင်းတို့ကြောင့် နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့်ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာ   ပျက်စီးဆုံးရှုံးစေခဲ့ကြောင်း တို့ကိုစစ်ဆေးပေါ်ပေါက်သဖြင့် ဦးရဲမင်းဦး အပေါ်   အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ အရ နေပြည်တော်ကောင်စီ နယ်မြေ အမှတ်(၁)နှင့် အမှတ်(၅)မြို့မရဲစခန်း တို့တွင် ၅-၈-၂၀၂၁ ရက်နေ့၌ ပထမသတင်း ပေးတိုင်ကြားချက်  ဖွင့်လှစ်၍  တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ သတင်းရရှိသည်။

 


သတင်းစဉ်