
နေပြည်တော် ဩဂုတ် ၅
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ရောက်ရှိနေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ဆေးကို ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟို ကာကွယ်ဆေးသိုလှောင်ခန်းမှ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများ၊ တပ်မတော် လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ဆက်လက်ဖြန့်ဖြူးပေးလျက်ရှိ သည်။
ဖြန့်ဖြူးပေးလျက်ရှိ
ထိုသို့ ဖြန့်ဖြူးပေးလျက်ရှိရာ ယနေ့တွင် ရခိုင် ပြည်နယ် စစ်တွေမြို့သို့ ဆေးအလုံးရေ ၇၈၁၂ လုံး၊ ဆေးထိုးအပ် ၁၅၆၂၄ ခု၊ သံတွဲမြို့သို့ ဆေးအလုံးရေ ၄၄၈၈ လုံး၊ ဆေးထိုးအပ် ၈၉၇၆ ခု၊ စစ်တွေမြို့ရှိ နယ်မြေခံဆေးတပ်ရင်းအတွက် ဆေးအလုံးရေ ၄၇၀၀၊ ဆေးထိုးအပ် ၉၄၀၀၊ အမ်းမြို့ရှိ တပ်မတော် ဆေးရုံသို့ ဆေးအလုံးရေ ၃၀၀၀၊ ဆေးထိုးအပ် ၆၀၀၀၊ ချင်းပြည်နယ်၊
ပလက်ဝမြို့သို့ ဆေးအလုံးရေ ၁၆၂၂ လုံး၊ ဆေးထိုးအပ် ၃၂၄၄ ခု၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့သို့ ဆေးအလုံးရေ ၇၉၃၀၊ ဆေးထိုးအပ် ၁၅၈၆၀၊ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့သို့ ဆေးအလုံးရေ ၇၀၀၊ ဆေးထိုးအပ် ၁၄၀၀၊ မြိတ်မြို့သို့ ဆေးအလုံးရေ ၃၂၀၀၊ ဆေးထိုးအပ် ၆၄၀၀၊ မြိတ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်းသို့ ဆေးအလုံးရေ ၅၀၀၀၊ ဆေးထိုးအပ် ၁၀၀၀၀ တို့ကို တပ်မတော် လေယာဉ်ဖြင့် ပို့ဆောင်ပေးပြီး အဆိုပါနေရာများမှတစ်ဆင့် သက်ဆိုင်ရာ နေရာများသို့ တပ်မတော်ရဟတ်ယာဉ်များ၊ မော်တော်ယာဉ်များဖြင့် ဆက်လက်ပို့ဆောင်ဖြန့်ဖြူးပေးမည်ဖြစ်သည်။
ထိုသို့ ဖြန့်ဖြူးပေးသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဦးတည်အုပ်စု လူဦးရေဦးစားပေးအစီအစဉ်များနှင့်အညီ ပြည်သူများသို့ အမြန်ဆုံး ထိုးနှံပေးနိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဝေးလံ ခက်ခဲသောဒေသများသို့ တပ်မတော် (လေ)ရှိ ပို့ဆောင်ရေးလေယာဉ် များနှင့် မြန်မာ့လေကြောင်းတို့၏ အကူအညီများ ရယူကာ လေကြောင်း ခရီးများဖြင့် ဆက်လက်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်