တိုင်းဒေသကြီးများနှင့် ပြည်နယ်မြို့ကြီးများသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ကို မြေပြင်အအေးလမ်းကြောင်း မော်တော်ယာဉ်များဖြင့် ဆက်လက်ပို့ဆောင်ဖြန့်ဖြူး

နေပြည်တော် ဩဂုတ် ၄ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ရောက်ရှိနေသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ကို ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် မင်းဓမ္မ လမ်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကာကွယ် ဆေးသိုလှောင်ခန်းမှ ယနေ့မွန်းလွဲပိုင်းတွင် မြေပြင် ခရီးလမ်းကြောင်းဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် များသို့ ဆက်လက်ဖြန့်ဖြူးပေးလျက်ရှိသည်။ ဆက်လက်ဖြန့်ဖြူးပေး ထိုသို့ ဖြန့်ဖြူးပေးလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့သို့ ဆေးအလုံး ရေ ၁၅၂၀၀ နှင့် ကရင်ပြည်နယ် ဘားအံမြို့သို့ ဆေးအလုံးရေ ၁၀၇၀၀ တို့ကို Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ဆက်လက် ဖြန့်ဖြူးပေးသည်။ ထိုသို့ ဖြန့်ဖြူးပေးသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဦးတည်အုပ်စု လူဦးရေ ဦးစား ပေးအစီအစဉ်များနှင့်အညီ ပြည်သူများသို့ အမြန်ဆုံး ထိုးနှံပေးနိုင်ရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ပြီး ယင်းအတွက် သတ်မှတ်အအေးလမ်းကြောင်း စံချိန် စံညွှန်းများအတိုင်း အချိန်နှင့်တစ်ပြေးညီ ဖြန့်ဖြူးပေး ခြင်းဖြစ်သည်။ အလားတူ ဝေးလံခက်ခဲသောဒေသများ သို့ တပ်မတော်(လေ)ရှိ ပို့ဆောင်ရေးလေယာဉ်များနှင့် မြန်မာ့လေကြောင်းတို့​၏ အကူအညီများရယူကာ လေကြောင်းခရီးများဖြင့် ဆက်လက်ဖြန့်ဖြူးပေးသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။ သတင်းစဉ်