
လျှပ်စစ်ဓာတ်အားဖူလုံစွာရရှိစေရေး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် ရေအားလျှပ်စစ် ဓာတ်အားထုတ်လုပ်မှုလုပ်ငန်းများ ကို ဆောင်ရွက်သွားရန်လိုအပ်ပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိအောင် အလေးထားဆောင်ရွက်သွားရန်လိုကြောင်း၊ ရေကိုအကျိုးရှိစွာအသုံးချ၍ လျှပ်စစ်ဓာတ်အားဖူလုံစွာရရှိနိုင်မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း၊ အလားတူ မြစ်ရေတင် လုပ်ငန်းများဆောင်ရွက်၍ စိုက်ပျိုးရေးလုပ်ငန်းများကို တိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ “ညီညွတ်ခြင်းသည် အင်အား” ဆိုသည့်အတိုင်း အစိုးရ၊ ပါတီများနှင့် နိုင်ငံသားအားလုံး ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ၏လိုအပ်ချက် များကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း။
(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၄-၅-၂၀၂၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး၌ ပြောကြားသည့်အမှာစကားမှ ကောက်နုတ်ချက်)