ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားမှု အရေးပေါ်ကာလအတွင်း ပို့ဆောင်ရေးဝန်ဆောင်မှုများ စဉ်ဆက်မပြတ် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော် ဇူလိုင် ၃၀


ပို့ဆောင်ရေးနှင့်   ဆက်သွယ်ရေး ဝန်ကြီးဌာနသည်  ကူးစက်ရောဂါ ဖြစ်ပွားမှု    အရေးပေါ်ကာလ အတွင်း   ပြည်သူများသွားလာရ ခက်ခဲပြီး   လမ်းပန်းဆက်သွယ်မှု ပြတ်တောက်ခြင်း     မရှိစေရန် အတွက် ခရီးသည်နှင့်  ကုန်စည် ပို့ဆောင်ရေးကို  Coronavirus Disease  2019  (COVID-19)   ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ၏ လမ်းညွှန်ချက် များ၊  ကျန်းမာရေးနှင့်  အားကစား ဝန်ကြီးဌာနက     ထုတ်ပြန်ထား သည့် လမ်းညွှန်ချက်များနှင့်အညီ   လေယာဉ်၊    ရေယာဉ်၊ ရထား၊ မော်တော်ယာဉ်  ခရီးစဉ်များကို ပြေးဆွဲပေး လျက်ရှိသည်။

 


ကိုဗစ်-၁၉ ကာလအတွင်း လေယာဉ်ပြေးဆွဲမှုများ ကို Stay at home သတ်မှတ်ထားသည့်  မြို့များမှအပ ပုံမှန်ပြေးဆွဲနေသည့် ခရီးစဉ်/       လမ်းကြောင်းများ အတိုင်းပြေးဆွဲလျက်ရှိပြီး   ရုံးပိတ် ရက်ကာလဖြစ်သော   ဇူလိုင် ၁၇ ရက်မှ   ယနေ့အထိ    ပြည်ပသို့ Relief   Flight  ၁၆၇  ခေါက်၊ ခရီးသည် ၄၆၂၉ ဦး၊ ကုန်စည်   ၃၀၃၀၈၇၂     ကီလို   ကိုလည်း ကောင်း၊    ပြည်တွင်းမြို့များသို့ ခရီးစဉ်    ၆၄  ခေါက်၊   ခရီးသည် ၃၇၁၅        ဦးကိုလည်းကောင်း  ပျံသန်းပို့ဆောင်ပေးခဲ့သည်။

 


ပုံမှန်ပြေးဆွဲပေးလျက်ရှိ

ရေယာဉ်များ    ပြေးဆွဲပေးမှု အနေဖြင့်  ပြည်တွင်းရေကြောင်းပို့ဆောင်ရေးသည်  ရန်ကုန်-ဒလ၊ ဝါးတန်း-ဒလ၊ လပွတ္တာ-ရေပေါ် ကြီး၊     ကျုံသွယ်-ဇီးဖြူချောင်း   ခရီးစဉ်များကို  ပုံမှန်ပြေးဆွဲပေး လျက်ရှိပြီး မန္တလေး-ဗန်းမော်နှင့် ရခိုင်ပြည်နယ်အတွင်း     ခရီးစဉ် များကို    ပုံမှန်ပြေးဆွဲပေးလျက်ရှိ သည်။  ဇူလိုင်  ၁၇ ရက်မှ ယနေ့ အထိ ရေယာဉ်ခရီးစဉ်အသီးသီး အတွက်   ၄၃၉  ခေါက် ပြေးဆွဲခဲ့၍ ခရီးသည် ၄၆၇၉၉  ဦး၊  ကုန်စည်   ၂၅၈၁    တန်ကို   ပို့ဆောင်ပေး ခဲ့သည်။

 


ရထားပြေးဆွဲပေးမှု


မြန်မာ့မီးရထား    အနေဖြင့် ရုံးပိတ်ရက်မတိုင်မီက     ခရီးစဉ် အသီးသီးသို့ ပုံမှန် ၃၆ စင်း နေ့စဉ် ပြေးဆွဲခဲ့ရာမှ   ဇူလိုင် ၁၉ ရက်မှ စတင်၍ ရန်ကုန်-မန္တလေးလမ်း ပိုင်းတွင်   စာပို့ရထား    နှစ်စင်း၊ ရန်ကုန်-မော်လမြိုင်လမ်းပိုင်းတွင် အမြန်ရထား တစ်စင်း၊ ရန်ကုန်-ပြည်လမ်းပိုင်းတွင်    စာပို့ရထား တစ်စင်း၊ ရန်ကုန်မြို့ပတ်လမ်းပိုင်း တွင်RBE ရထား ၁၂ စင်း၊ စုစု ပေါင်း  ၁၈  စင်းကို နေ့စဉ်ပြေးဆွဲ ပေးလျက်ရှိသည်။   ကုန်ရထား      ပြေးဆွဲမှုအနေဖြင့် ဇူလိုင် ၁၉ ရက် မှစ၍ ယနေ့အထိ ကုန်သေတ္တာ ရထား    ရှစ်စင်း၊     အထွေထွေ ကုန်ရထား   လေးစင်း၊   ကျောက် ရထား    ခုနစ်စင်း၊    ကွန်ကရစ် ဇလီဖားတင်ရထား သုံးစင်း စုစု ပေါင်း ၂၂ စင်း ပြေးဆွဲပေးခဲ့သည်။ 

 


ခရီးသည်နှင့်         ကုန်စည် ပို့ဆောင်ရေး မော်တော်ယာဉ်များ ပြေးဆွဲမှုအနေဖြင့် ဇူလိုင် ၁၇ ရက် မှ ယနေ့အထိ  တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ ခရီးသည် ယာဉ်   ၂၅၉၆  စီး၊   ခရီးသည် ၁၂၀၆၄ ဦး၊ ကုန်တင်ယာဉ် ၂၁၇၈၁ စီး၊    ကုန်စည်   ၁၉၂၂၆၄   တန် ကို          ပို့ဆောင်ပေးနိုင်ခဲ့သည်။ လေကြောင်းလိုင်း၊    ရေကြောင်း လိုင်း၊   မီးရထားနှင့်   ကုန်းလမ်း ပို့ဆောင်ရေးတို့ကို      ကုန်စည် စီးဆင်းမှု ချောမွေ့စေရန် အတွက် ပုံမှန်ပြေးဆွဲ        ပေးလျက်ရှိပြီး ကူးစက်ရောဂါပြန့်ပွားမှုကြောင့် ခရီးသည်ပို့ဆောင်ရေးအား     ခရီး သည်လျော့ပါးမှု အပေါ်မူတည်၍ ခေါက်ရေ    လျှော့ချပြေးဆွဲပေး လျက်ရှိသည်။

 


၂၄ နာရီ တာဝန်ချထား


နိုင်ငံတကာ         ကုန်သွယ် ရေယာဉ်များ ဝင်/ထွက်မှုအနေဖြင့် ဇူလိုင်   ၁၇   ရက်မှ   ယနေ့အထိ ရန်ကုန်နှင့်      သီလဝါဆိပ်ကမ်း တံတား  အသီးသီးသို့  ကုန်သွယ် ရေယာဉ် အဝင် ၃၅ စင်း၊ အထွက် ၂၁    စင်း၊   ကုန်သေတ္တာ     အဝင် ၁၃၇၀၀TEU၊ အထွက် ၁၀၆၇၁ TEU ၊ အထွေထွေကုန်စည် အဝင် ၂၅၉၄၅၄ မက်ထရစ်တန်၊ အထွက် ၂၂၄၀၁ မက်ထရစ်တန် ရှိခဲ့သည်။ ထို့အပြင် ပင်လယ်ရေကြောင်းဖြင့် တင်သွင်း        ရောက်ရှိလာသည့် ကူးစက်ရောဂါကာကွယ်ရေး ဆေး နှင့်ဆေးပစ္စည်းများကို   ပြည်သူ များ   လက်ဝယ်သို့   အမြန်ဆုံး ထုတ်ပေးနိုင်ရန်အတွက်   မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်မှ ဝန်ထမ်း များဖြင့် ၂၄ နာရီ တာဝန်ချထား ဆောင်ရွက်ပေးလျက်ရှိသည်။

 


ပြည်သူများ၏     Oxygen လိုအပ်ချက်ကို ဖြည့်တင်းနိုင်ရေး အတွက် ဇူလိုင် ၁၂ ရက်မှ ယနေ့ အထိ    ပြည်ပမှ  တင်သွင်းသည့် Liquid  Oxygen  များ၊  Liquid Oxygen နှင့် ဆက်စပ်ပစ္စည်းများ တင်ဆောင်လာသော    တရုတ်-မြန်မာ နယ်စပ်ဝင်/ထွက်ပေါက်  ကျင်စန်းကျော့မှ မော်တော်ယာဉ် ၈၁ စီး၊ မြန်မာ-ထိုင်း နယ်စပ် ဝင်/ထွက်ပေါက် မြဝတီမှ မော်တော် ယာဉ် ၃၉ စီးတို့ကို နယ်စပ် ဝင်/ ထွက်ဂိတ်များတွင်        လွယ်ကူ ချောမွေ့စေရေးနှင့် ရန်ကုန်မြို့နှင့် မန္တလေးမြို့များသို့  သွားရောက် နိုင်ရေးကိုလည်း     သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းပေးခဲ့သည်။

 


နိုင်ငံတော်   စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့်    ယခုနှစ်ကုန် တွင် နိုင်ငံ့လူဦးရေ၏ (၅၀ ရာခိုင် နှုန်း) မှ  (၇၀ ရာခိုင်နှုန်း) အထိ ကာကွယ်ဆေး   ထိုးနှံပေးနိုင်ရေး  ရည်မှန်း    ဆောင်ရွက်လျက်ရှိရာ ရောက်ရှိလာသော ကာကွယ်ဆေး များ၊      အထောက်အကူပစ္စည်း များကို        တိုင်းဒေသကြီးနှင့်  ပြည်နယ်အသီးသီးသို့    ပြည်တွင်း လေကြောင်းလိုင်း              များ၏ လေယာဉ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်   ကိုးခု၊   မြို့နယ်  ၁၇ မြို့နယ်တွင်    ကုန်တင်မော်တော် ယာဉ်အစီး ၅၀ ဖြင့် တစ်ကြိမ်လျှင် ၂၈၄ တန် သယ်ယူပို့ဆောင်ပေးနိုင် ရန်ကိုလည်း    ပြင်ဆင်ထားရှိပြီး  ဖြစ်ပါကြောင်းနှင့် ရောဂါဖြစ်ပွား မှုကာလအတွင်း      မဖြစ်မနေ သွားလာရမည့်    ပြည်သူများ၏ ခရီးသွားလာမှု  လွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှု၊    ကူးသန်း သွားလာမှုနှင့်         ရောင်းဝယ် ဖောက်ကားမှုများ မပြတ်တောက် စေရေးတို့အတွက် ထုတ်ပြန်ထား သည့် အမိန့်၊ ညွှန်ကြားချက်များ နှင့်အညီ   လိုက်နာဆောင်ရွက် လျက်ရှိပါကြောင်း ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။        

သတင်းစဉ်