အများပြည်သူ သတိပြုလိုက်နာနိုင်ရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး အသိပညာပေးပိုစတာများ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြန့်ဝေ

ရန်ကုန်   ဇူလိုင်   ၂၉

 


  ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ရေးနှင့်  အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ  ထုတ်ဝေ သည့် အလျား သုံးပေ၊ အနံ ၂ ပေ ၄ လက်မရှိ “ကိုရိုနာ ဗိုင်းရပ်စ်ရောဂါကူးစက်မှုမှ ကာကွယ်ရန် မပျက် မကွက် လုပ်ဆောင်ရမည့်အချက်များ” ခေါင်းစဉ်ပါ  ပညာပေးပိုစတာနှင့် ခြောက်ပေပတ်လည်ရှိ “စိုးရိမ် စိတ်တွေ    လွန်ကဲပြီးလုပ်ရင်   ကောင်းကျိုးထက် ဆိုးကျိုးဖြစ်ဖို့များ”  ခေါင်းစဉ်ဖြင့် တွေ့ဆုံမေးမြန်းခန်း  ဆောင်းပါး ပညာပေးပိုစတာများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအတွင်းရှိ       ခရိုင် လေးခရိုင်မှ စည်ပင်သာယာအုပ်ချုပ်ရေးမှူးများအား ပေးအပ်သည့်အခမ်းအနားကို ယနေ့ ညနေပိုင်းက ရန်ကုန်မြို့တော်    စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမရှေ့၌ ကျင်းပရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ  ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီနာယက  ဒုတိယမြို့တော်ဝန် ဦးညီညီ၊ လုပ်ငန်းကော်မတီဥက္ကဋ္ဌ  ရန်ကုန်မြို့တော်    စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးညွန့်ဖေတို့က တာဝန်ရှိသူများထံ ပေးအပ်ကြသည်။

 


အဆိုပါ ကိုဗစ်-၁၉ ရောဂါပညာပေးဗီနိုင်းပိုစတာ များကို ခရိုင် လေးခရိုင်အတွင်းရှိ မြို့နယ်များအတွင်း လူစည်ကားရာ   နေရာများ၌  အများပြည်သူများ သိရှိလိုက်နာနိုင်စေရန်   လိုက်လံချိတ်ဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။                      

 

သတင်းစဉ်