
နေပြည်တော် ဇူလိုင် ၂၉
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ဆေးဝါးနှင့် ဆေးပစ္စည်းများ ပြည်တွင်းထုတ်လုပ်မှုမြှင့်တင်ရေး နှင့် ဈေးကွက်လိုအပ်ချက်ပြည့်မီအောင် ဖြည့်တင်း နိုင်ရေးညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် ဒုတိယဝန်ကြီး ဦးညွန့်အောင် ဦးဆောင်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဓိကဆွေးနွေး
အစည်းအဝေးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ကုသရေး ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက် အတွင်း လိုအပ်ချက်မြင့်မားနေချိန်တွင် ပြည်တွင်း ၌ ဆေးဝါးနှင့်ဆေးပစ္စည်း ထုတ်လုပ်မှုမြှင့်တင်ရေး၊ ဈေးကွက်လိုအပ်ချက်ပြည့်မီအောင် ဖြည့်တင်းနိုင် ရေးတို့ကို အဓိကဆွေးနွေးခဲ့ကြပြီး ထုတ်လုပ်သည့် လုပ်ငန်းရှင်များ၏ ကုန်ကြမ်းရရှိနိုင်မှု၊ ကုန်ကြမ်းများ ပြည်ပမှတင်သွင်းရာတွင် တွေ့ကြုံရသည့်အခက်အခဲ များကို ဖြေလျှော့ပေးနိုင်ရေး၊ ပြည်တွင်းထုတ်လုပ်မှု စွမ်းအားမြှင့်တင်ပြီး ဈေးကွက်အတွင်း အဓိကလိုအပ် လျက်ရှိသော ဆေးဝါးနှင့်ဆေးပစ္စည်းများ အရေးပေါ် ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး၊ ရေရှည်အတွက် ရင်းနှီး မြှုပ်နှံမှုတိုးမြှင့်နိုင်ရေးနှင့် မူဝါဒဆိုင်ရာ အခက်အခဲ များ ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားနိုင်ရေးတို့ကို အသေးစိတ်ဆွေးနွေးခဲ့ကြသည်။
တက်ရောက်ဆွေးနွေး
အစည်းအဝေးသို့ ကုန်သွယ်မှုနှင့် ကုန်စည် စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးချုပ် ရန်နောင်စိုး၊ ဌာနဆိုင်ရာများနှင့် UMFCCI တို့မှ တာဝန်ရှိသူများ၊ ဆေးဝါးနှင့် ဆေးပစ္စည်းထုတ်လုပ်သူများ တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်