အာဆီယံ၏ (၂၁) ကြိမ်မြောက် နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးမှ ဆွေးနွေးဖက်နိုင်ငံများနှင့် အစည်းအဝေးများ ဆက်လက်ကျင်းပ

 

နေပြည်တော်  ဇူလိုင်   ၂၉


အာဆီယံ၏ နိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်း (APSC) မဏ္ဍိုင်မှ (၂၁)ကြိမ်မြောက် နိုင်ငံဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး   (21st ASEAN Senior  Officials Meeting on Transnational Crime - 21st SOMTC)ကို   ဘရူနိုင်းဒါရူဆလမ်နိုင်ငံက    အိမ်ရှင်အဖြစ် ဦးဆောင်၍ ဇူလိုင် ၂၇ ရက်တွင် Video Conferencing ဖြင့် ကျင်းပသည်။

 


ဇူလိုင် ၂၈ ရက်တွင် အာဆီယံ ၁၀ နိုင်ငံမှ SOMTC ခေါင်းဆောင်၊       အဆင့်မြင့်အရာရှိကြီးများနှင့် ကိုယ်စားလှယ်များ၊   အာဆီယံဒုတိယအထွေထွေ အတွင်းရေးမှူးချုပ်နှင့်အဖွဲ့တို့သည်  ဆွေးနွေးဖက် နိုင်ငံများဖြစ်သော   အမေရိကန်၊   တရုတ်၊  ဂျပန်၊ ကိုရီးယား၊ ဩစတြေးလျ၊ ရုရှားနိုင်ငံတို့မှ အတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်အဆင့်များ   ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့နှင့်     အစည်းအဝေးများ ဆက်လက်ကျင်းပရာ အစည်းအဝေးများသို့ မြန်မာ နိုင်ငံ  SOMTC ခေါင်းဆောင်၊    ဒုတိယရဲချုပ်(၁) ရဲဗိုလ်ချုပ် အောင်အောင် ဦးဆောင်သည့်  ကိုယ်စား လှယ်အဖွဲ့ တက်ရောက်ခဲ့သည်။
အဆိုပါအစည်းအဝေးများကို အမေရိကန်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ တရုတ်နိုင်ငံ၊ တရုတ်၊ ဂျပန်၊ ကိုရီးယား ၃ နိုင်ငံနှင့်လည်းကောင်း၊ ကိုရီးယားနိုင်ငံ၊ ဩစတြေး လျနိုင်ငံ၊ ရုရှားနိုင်ငံနှင့်  လည်းကောင်း သီးခြားစီ ကျင်းပသည်။

 


အစည်းအဝေးများတွင် နိုင်ငံဖြတ်ကျော်မှုခင်း များတိုက်ဖျက်ရေးနယ်ပယ်မှ အကြမ်းဖက်မှုပြဿနာ ဖြေရှင်းရာတွင် အစွန်းရောက်မှုများနှင့် အကြမ်းဖက် မှုကို ငွေကြေးထောက်ပံ့မှုများ တိုက်ဖျက်ရေး၊ လူကုန် ကူးမှု၊ ဆိုက်ဘာမှုခင်းများ၊ တောရိုင်းတိရစ္ဆာန် တရား မဝင်   သယ်ဆောင်မှုများနှင့်    လက်နက်မှောင်ခို သယ်ဆောင်မှုများတားဆီးနှိမ်နင်းရေးတွင် အာဆီယံ လုပ်ငန်းစီမံချက်မူဘောင်မှ      ဆွေးနွေးဖက်နိုင်ငံ တစ်နိုင်ငံချင်းစီ၏ ငွေကြေး၊ နည်းပညာနှင့် လေ့ကျင့် ရေးဆိုင်ရာ  ထောက်ပံ့ကူညီပေးမည့်အစီအစဉ်များကို ဆွေးနွေးခဲ့ကြသည်။ 

 


လာအိုနိုင်ငံ SOMTC ခေါင်းဆောင် Major Gene-ral Somvanh Saylongpha နှင့် အမေရိကန်နိုင်ငံ SOMTC United States Leader,  Mr. Jorgan K. Andrews တို့ ပူးတွဲသဘာပတိအဖြစ်   ဆောင်ရွက် သော အစည်းအဝေးတွင် မြန်မာနိုင်ငံ ကိုယ်စားလှယ် က အကြမ်းဖက်အုပ်စု၊    အကြမ်းဖက်သမားများ၊ နည်းပညာ/အွန်လိုင်းအသုံးပြုခွင့် ရရှိနေခြင်းသည် အကြမ်းဖက်မှုကိုပိုမိုဆိုးရွားစေပါကြောင်း၊ သတင်း မှားများ ထုတ်လွှင့်၍    စည်းရုံးလှုံ့ဆော်နေမှုများ ကြောင့် ပြည်သူများ စိုးရိမ်ကြောက်လန့်မှု ပိုမိုမြင့်မား လာပြီး တည်ငြိမ်အေးချမ်းမှုကို      ပျက်ပြားစေပါ ကြောင်း၊  အကြမ်းဖက်သမားများ၊    ရာဇဝတ်မှု ကျူးလွန်သည့် တရားခံပြေးများနှင့်   ပတ်သက်၍ သတင်းအချက်အလက်ဖလှယ်မှု၊ တရားခံလွှဲပြောင်း ပေးမှုနှင့် တရားစီရင်ရေးအတွက် သက်သေခံပစ္စည်း များ လွှဲပြောင်းပေးခြင်းတို့ကို နိုင်ငံများ၏ ဥပဒေနှင့် အညီ လိုက်နာဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ အကြမ်းဖက်သမားများနှင့်  ရာဇဝတ်မှုကျူးလွန်သူ များကို   ထောက်ပံ့ကူညီမှုနှင့်     လွတ်မြောက်ခွင့်၊ ခိုအောင်းခွင့်ပေးထားခြင်းများကို   ထိရောက်စွာ တားဆီးပေးစေလိုပါကြောင်း၊ နိုင်ငံဖြတ်ကျော်မှုခင်း တိုက်ဖျက်ရေးနယ်ပယ်တွင် မြန်မာနိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံအပါအဝင်   အာဆီယံအဖွဲ့ဝင်နိုင်ငံ များနှင့် တည်ဆဲဥပဒေနှင့်အညီ    MoU  လက်မှတ် ရေးထိုး၍ ပူးပေါင်းဆောင်ရွက်သွားရန် အသင့်ရှိနေ ပါကြောင်း ဆွေးနွေးသည်။

 


ဇူလိုင် ၂၉ ရက်တွင် တတိယနေ့အစည်းအဝေးများ ဆက်လက်ကျင်းပရာ ကနေဒါနိုင်ငံ၊ နယူးဇီလန်နိုင်ငံ၊ ဥရောပသမဂ္ဂ (EU)နှင့် အစည်းအဝေးများကို သီးခြား စီ ပြုလုပ်ခဲ့သည်။
SOMTC နှင့် Canada အစည်းအဝေးကို မြန်မာ နိုင်ငံမှ ဒုတိယရဲချုပ် (၁) ရဲဗိုလ်ချုပ် အောင်အောင် နှင့် ကနေဒါနိုင်ငံကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်၊ ကမ္ဘာလုံးဆိုင်ရာ မှုခင်းတိုက်ဖျက်ရေးနှင့် အကြမ်း ဖက်မှုတိုက်ဖျက်ရေး စွမ်းရည်မြှင့်တင်မှုအစီအစဉ် ညွှန်ကြားရေးမှူး Ms. Christine Constantin တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ခဲ့သည်။ 

 


အဆိုပါအစည်းအဝေးတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း    နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက် ရေးတွင် ဖြစ်နိုင်ခြေရှိသော   လုပ်ငန်းနယ်ပယ်များ တွင်    ပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်းများနှင့် ပတ်သက်၍      အမြင်ချင်းဖလှယ်ဆွေးနွေးခြင်း၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့်    နိုင်ငံဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ      ASEAN-Canada လုပ်ငန်းစီမံချက် ၂၀၁၉-၂၀၂၂ ၏ နောက်ဆုံးအခြေ အနေ၊ စီမံကိန်းလုပ်ငန်းစဉ်အသစ်များနှင့် ပတ်သက် ၍   ရှင်းလင်းဆွေးနွေးခဲ့ကြပြီး   အာဆီယံအဖွဲ့ဝင် နိုင်ငံကိုယ်စားလှယ်များ၏   မေးမြန်းချက်များကို ပြန်လည်ဖြေကြား၍ အကြံပြုချက်များကို ဆက်လက် အကောင်အထည်ဖော်ရန် မှတ်တမ်းတင်ခဲ့ကြသည်။  

 


ဆက်လက်၍ စင်ကာပူနိုင်ငံနှင့်  ဥရောပသမဂ္ဂ တို့က ပူးတွဲသဘာပတိအဖြစ်   ဆောင်ရွက်သည့် SOMTC နှင့် EU  ပူးပေါင်းဆောင်ရွက်မှုအစည်း အဝေးတွင် မြန်မာနိုင်ငံကိုယ်စားလှယ်က  အစွန်း ရောက် အကြမ်းဖက်သမားများအတွက် လုံခြုံစိတ်ချ ရသော ခိုလှုံရာနယ်မြေဖြစ်လာမည့် ဆိုက်ဘာမှုခင်း နှင့်ပတ်သက်၍ နည်းပညာပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်ရေးလုပ်ငန်းစဉ်များကို SOMTC နှင့် EU လုပ်ငန်းစီမံချက် ၂၀၂၂-၂၀၂၄ တွင်   ထည့်သွင်းပေး နိုင်ပါရန်နှင့် နိုင်ငံများ၏ ပကတိအခြေအနေမှန်နှင့် သတင်းအမှန်များကိုသိရှိပြီး ရပ်တည်ဆောင်ရွက် ပေးနိုင်ပါရန် အကြံပြုအပ်ပါကြောင်း   ဆွေးနွေးခဲ့ သည်။ 

 


ယခုအစည်းအဝေးများတွင်   ဆွေးနွေးခဲ့သည် များကို အာဆီယံဒေသတွင်း နိုင်ငံဖြတ်ကျော်မှုခင်း တိုက်ဖျက်ရေးဆိုင်ရာ   လုပ်ငန်းစီမံချက်များတွင် ထည့်သွင်းရေးဆွဲ အကောင်အထည်ဖော်ခြင်း၊ နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ   အာဆီယံ ဝန်ကြီးအဆင့်အစည်းအဝေးသို့ ဆက်လက်တင်ပြ အတည်ပြုခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။                              

သတင်းစဉ်