
တောင်ကြီး ဇူလိုင် ၂၉
ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဒေါက်တာကျော် ထွန်း၊ အရှေ့ ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်၊ ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနှင့် တာဝန် ရှိသူများသည် ဇူလိုင် ၂၉ ရက် မွန်းလွဲ ၂ နာရီက တောင်ကြီးမြို့၌ ဖွင့်လှစ်ထားသော ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများ ထားရှိသည့် ကိုဗစ်ကုသရေး စင်တာများနှင့်တာဝန်ကျ ဝန်ထမ်း များအား စားစရာနှင့် ထောက်ပံ့ငွေ များ ပေးအပ်သည်။
ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာများထားရှိသော စဝ်စံထွန်း ဆေးရုံကြီးအတွက် နှာခေါင်း စည်း ၅၀၀၊ Hand Santinizer ၁၂ ဘူး၊ Hand Speaker တစ်ခု၊ ပညာရေးကောလိပ် ကိုဗစ်ကုသရေး စင်တာသို့ ထောက်ပံ့ငွေကျပ် ၁၀ သိန်း၊ ကြက်ဥ၊ ခေါက်ဆွဲ ခြောက်၊ နှာခေါင်းစည်း ၅၀၀၊ Hand Santinizer ၁၂ ဘူး၊ Hand Speaker တစ်ခု၊ ပညာရေး ကောလိပ် (ဌာနဝန်ထမ်းများ အတွက်)ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ နှာခေါင်းစည်း ၅၀၀၊ မိုးကုတ် ဝိပဿနာကိုဗစ်ကုသရေးစင်တာ အတွက် နှာခေါင်းစည်း ၅၀၀၊ Hand Santinizer ၁၂ ဘူး၊ Hand Speaker တစ်ခု၊ အမျိုးသမီးနှင့် ကလေးဆေးရုံကြီး ကိုဗစ်ကုသရေး စင်တာအတွက် နှာခေါင်းစည်း ၅၀၀၊ Hand Santinizer ၁၂ ဘူး၊ Hand Speake တစ်ခု၊ ဝန်ထမ်း များအတွက် ကြက်ဥ၊ ခေါက်ဆွဲ ခြောက်၊ နှာခေါင်းစည်း ၅၀ဝ၊ တောင်ကြီးတက္ကသိုလ် ကွာရတင်း စင်တာအတွက် ထောက်ပံ့ ငွေကျပ် ၁၀ သိန်း၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ နှာခေါင်းစည်း ၅၀၀၊ Hand Santin izer ၁၂ ဘူး၊ Hand Speaker တစ်ခု၊ ဝန်ထမ်း များအတွက် ကြက်ဥ၊ ခေါက်ဆွဲ ခြောက်၊ နှာခေါင်းစည်း ၅၀၀၊ ကွန်ပျူတာတက္ကသိုလ်ကိုဗစ်ကုသ ရေးစင်တာအတွက် နှာခေါင်းစည်း ၅၀၀၊ Hand Santinizer ၁၂ ဘူး၊ Hand speaker တစ်ခု၊ ဝန်ထမ်း များအတွက် ကြက်ဥ၊ ခေါက်ဆွဲ ခြောက်၊ နှာခေါင်းစည်း ၅၀ဝ တို့ကို ရှမ်းပြည်နယ်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်း၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ် နီလင်း အောင်၊ ပြည်နယ်စီမံအုပ်ချုပ် ရေးကောင်စီ အဖွဲ့ဝင်များက ထောက်ပံ့ပေးအပ်ခဲ့ကြပြီး Mytel ကုမ္ပဏီက ကိုဗစ်ကုသရေးစင်တာ များအား Router စက် တစ်လုံးစီနှင့် နှာခေါင်းစည်းများ လှူဒါန်းသည်။
တောင်ကြီးမြို့နယ်အတွင်း ကုသရေးစင်တာ၊ ကိုဗစ်ကုသရေး စင်တာများ ဖွင့်လှစ်ထားရှိမှုနှင့် လက်ခံ ဆောင်ရွက်ထားရှိမှုမှာ စဝ်စံထွန်းဆေးရုံတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ အမျိုးသား ၄၂ ဦး၊ အမျိုးသမီး ၆၃ ဦး၊ အမျိုးသမီးနှင့် ကလေးဆေးရုံတွင် အမျိုးသား ၃၇ ဦး၊ အမျိုးသမီး ၃၆ ဦး၊ ကွန်ပျူတာ တက္ကသိုလ်တွင် အမျိုး သား ၃၄ ဦး၊ အမျိုးသမီး ၈၂ ဦး၊ တောင်ကြီးတက္ကသိုလ်တွင် အမျိုး သား ၁၀၀၊ အမျိုးသမီး ၁၀၈ ဦး၊ ပညာရေးကောလိပ်တွင် အမျိုး သား ၁၀၀၊ အမျိုးသမီး ၈၃ ဦး၊ အား/ကာသိပ္ပံကျောင်းတွင် အမျိုး သား ၅၈ ဦး၊ အမျိုးသမီး ၆၃ ဦး၊ မိုးကုတ်ဝိပဿနာတွင်အမျိုးသား ခုနစ်ဦး၊ အမျိုးသမီး ငါးဦး စုစု ပေါင်း ၈၁၈ ဦးရှိကြောင်း သိရ သည်။
မောင်မောင်သန်း(တောင်ကြီး)