ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ သံတွဲမြို့ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့

 

စစ်တွေ   ဇူလိုင်  ၂၉


ရခိုင်ပြည်နယ်     စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ    ဒေါက်တာ အောင်ကျော်မင်းနှင့် အဖွဲ့ဝင်များ သည်  ယနေ့မွန်းလွဲပိုင်းက သံတွဲ မြို့   ရေဘေးသင့်ပြည်သူများအား သွားရောက်ထောက်ပံ့ခဲ့သည်။


ဦးစွာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် သံတွဲမြို့အတွင်း ရေကြီးနစ်မြုပ်မှု ကြောင့်  ကျန်ရှိခဲ့သည့်  ရွှံ့နွံများ၊ အမှိုက်များအား      နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊  ဝန်ထမ်းများနှင့် ဒေသခံပြည်သူများက    ရှင်းလင်း ဆောင်ရွက်နေမှုအား     ကြည့်ရှု အားပေးသည်။


ထို့နောက် သံတွဲမြို့ သာသနာ့ ဗိမာန်၌ ကျင်းပသည့် ရေဘေးသင့် ပြည်သူများအား        ထောက်ပံ့ ပေးအပ်ပွဲတွင်        ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီ      ဥက္ကဋ္ဌ ပြောင်းရွှေ့ခဲ့ရသော အိမ်ထောင်စု များသို့   ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ        ထောက်ပံ့ သည့်   ပစ္စည်းများနှင့်  ရေကြီး နစ်မြှုပ်မှုကြောင့် ရေမျောပါခဲ့သည့် အိမ် ၂၁ လုံးနှင့် ပျက်စီးသွားသည့် နေအိမ် ၂၄ လုံးအတွက် နေအိမ် တစ်လုံးလျှင်   ငွေကျပ်  ငါးသိန်း နှုန်းဖြင့်    ငွေကျပ်သိန်း  ၂၃၀ အား ထောက်ပံ့ပေးအပ်သည်။


ထို့နောက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်   တိုင်းမှူး  ဗိုလ်ချုပ်          ထင်လတ်ဦးက   ဘေးအန္တရာယ် ဆိုင်ရာ    စီမံခန့်ခွဲမှုဦးစီးဌာနမှ      ထောက်ပံ့သည့် ပစ္စည်းများအား        ပေးအပ်ပြီး ပြည်နယ်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်  ဦးသန်းထွန်း က ဆန်၊ ဆီ၊ ကုလားပဲနှင့် ကြက်သွန် စသည့်    ရိက္ခာနှစ်ပတ်စာအား ထောက်ပံ့ပေးအပ်သည်။ 


ယင်းနောက် ပြည်နယ်ဥပဒေ ချုပ်နှင့် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ   အတွင်းရေးမှူးတို့က ရေဘေးသင့်   ပြည်သူများအား ကူညီကယ်ဆယ်ရေး   လုပ်ငန်း များ       ဆောင်ရွက်ပေးသည့်    တပ်မတော်သားများနှင့်      ဌာန ဆိုင်ရာများအား    ထောက်ပံ့ငွေများ    ပေးအပ်သည်။ 


ဆက်လက်၍   အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ရေဘေး သင့် ဝန်ထမ်းအိမ်ထောင်စု ၁၇ စု အတွက်   ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ထောက်ပံ့ ငွေကျပ်   ၁၇  သိန်းအား ပြည်နယ် အုပ်ချုပ်ရေးမှူးက    ထောက်ပံ့ ပေးအပ်ခဲ့ပြီး   သံတွဲမြို့   ရေဘေး သင့် ပြည်သူများအတွက် မြန်မာ နိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင် များအသင်း(ရခိုင်ဇုန်)မှ ငွေကျပ် သိန်း  ၃၀ ကို ထောက်ပံ့ပေးအပ်ရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးသန်းထွန်းက လက်ခံ သည်။      

တင်ထွန်း(ပြန်/ဆက်)