
ရန်ကုန် ဇူလိုင် ၂၈
ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီသို့ အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ မြို့တော် ခန်းမ ပထမထပ်ရှိ အစည်းအဝေး ခန်းမ(၄)၌ ကျင်းပသည်။
အလှူငွေ ပေးအပ်ပွဲသို့ ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ ဒုတိယမြို့တော်ဝန် ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေနှင့် ကော်မတီဝင်များ၊ ဌာနမှူးများ၊ အလှူရှင်များ တက်ရောက်ကြသည်။
အစီအစဉ်အရ အလှူရှင် ၄၀ က အလှူပစ္စည်းများဖြစ်သည့် Oxygen Regulator နှစ်စုံ၊ Rapid Diagnostic Test(RDT)Kit အစုံ ၂၀၀၊ Oximeter ၅၀၊ Mask ၁၀၀၀၀၊ ရေသန့်စက်နှစ်လုံး၊ ကာကွယ်ဆေးတစ်ပုံး၊ ငွေကျပ် ၁၀၇၄၅၀၀၀၀ ကို ပေးအပ်လှူဒါန်း ကြရာ ကိုဗစ်- ၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီ နာယက မြို့တော်ဝန် ဦးဗိုလ်ဌေး၊ လုပ်ငန်းကော်မတီ နာယက ဒုတိယမြို့တော်ဝန် ဦးညီညီနှင့် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ အတွင်း ရေးမှူး ဦးညွန့်ဖေတို့က အလှူ ပစ္စည်းများနှင့် အလှူငွေများကို လက်ခံရယူကြပြီး မြို့တော်ဝန် ဦးဗိုလ်ဌေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်