ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများကို ပြည်ပမှ တင်သွင်းနိုင်ရေး ရုံးပိတ်ရက်များတွင်လည်း ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော်  ဇူလိုင်  ၂၅

 


စီးပွားရေးနှင့်   ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့်   နိုင်ငံတော်အတွင်း   ကိုဗစ်-၁၉   ရောဂါ ကာကွယ်၊  ထိန်းချုပ်၊   ကုသရေးလုပ်ငန်းများအတွက် အရေးတကြီးလိုအပ်လျက်ရှိသည့်    အောက်ဆီဂျင် အရည်၊ အောက်ဆီဂျင်ဓာတ်ငွေ့၊ အိမ်သုံးအောက်ဆီ ဂျင်စက်နှင့်        ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရန်     အများပြည်သူရုံးပိတ်ရက် များအဖြစ် သတ်မှတ်ကြေညာထားသည့် ဇူလိုင် ၂၆ ရက်မှ  ဩဂုတ်  ၁  ရက်အထိ   ရုံးပိတ်ရက်များတွင်လည်း    နယ်စပ်ကုန်သွယ်ရေးစခန်းများအနေဖြင့်  အလုပ် တာဝန်များရပ်ဆိုင်းထားမည်မဟုတ်ဘဲ  ပုံမှန်အတိုင်း ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများ   ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်းနှင့်   ကိုဗစ်-၁၉  ကူးစက်ရောဂါ  ကာကွယ်၊  ကုသရေးပစ္စည်းများ  တင်သွင်းမှုများကို သက်ဆိုင်ရာဌာနများနှင့်   ညှိနှိုင်းထားသည့် SOP များနှင့်အညီ  ဦးစားပေး  တင်သွင်းခွင့်ပြုပေးမည် ဖြစ်ကြောင်း သိရသည်။

 


တင်သွင်းခွင့်ပြုလျက်ရှိ

 


အဆိုပါရက်များတွင်    ကုန်သွယ်ရေးဦးစီးဌာန (ရုံးချုပ်) ပို့ကုန်၊  သွင်းကုန်လုပ်ငန်းဌာနခွဲနှင့်   ပို့ကုန်၊ သွင်းကုန်ရုံး (ရန်ကုန်)တို့မှ အွန်လိုင်းစနစ်ဖြင့် ပို့ကုန်၊ သွင်းကုန်လိုင်စင်လျှောက်ထားမှုများကို   ရုံးချိန်အတွင်း  ပုံမှန်အတိုင်း     ခွင့်ပြုဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊  ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက်    အရေးတကြီးလိုအပ်လျက် ရှိသည့် ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများကို   ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၊    ပင်လယ်ရေကြောင်း၊ ဆိပ်ကမ်းများနှင့်    နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်သည့် မူဆယ်၊ မြဝတီ၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး၊ ကော့သောင်းတို့မှ အဆက်မပြတ်  တင်သွင်းခွင့်ပြု လျက်ရှိသည်။
ဇူလိုင် ၂၅ ရက်တွင်  ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ   အိမ်သုံးအောက်ဆီဂျင်စက်  ၂၆၇၁ လုံး၊ Oxygen Generator ငါးခုနှင့်  Test Kit  ၄၇၂၉၃ ခု တို့အပါအဝင်  မူဆယ်၊  မြဝတီ၊  ချင်းရွှေဟော်၊  ကန်ပိုက် တီး၊   ကော့သောင်း   ကုန်သွယ်ရေးစခန်းများမှ အောက်ဆီဂျင်အရည်(Bowser) ယာဉ်သုံးစီးဖြင့်  ၅၈ တန်၊  အောက်ဆီဂျင်အရည် (အိုးဖြင့်)  ၁၆ တန်၊  အိမ်သုံးအောက်ဆီဂျင်စက် ၂၇၈၅ ခု၊  နှာခေါင်းစည်း ၃၁ တန် တင်သွင်းနိုင်ခဲ့သည်။ အထက်ပါပစ္စည်းများကို ကုမ္ပဏီ ၂၅ ခုမှ ယာဉ်စီးရေ  ၃၇ စီးဖြင့် တင်သွင်းခြင်း ဖြစ်ကြောင်း သိရသည်။

 


တင်သွင်းခွင့်ပြုခဲ့ပြီးဖြစ်


တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်     ကိုဗစ်-၁၉ ရောဂါ  ကူးစက်ဖြစ်ပွားမှုစတင်မြင့်တက်လာသည့် ဇူလိုင် ၁၂ ရက်မှ ၂၅ ရက်အထိ   ယာဉ်စီးရေ  ၄၂၅ စီးဖြင့် အောက်ဆီဂျင်အရည် (Bowser) ယာဉ်ဖြင့် ၅၃၃ တန်၊ အောက်ဆီဂျင်အရည်(အိုးဖြင့်) ၄၀၅ တန်၊ အောက်ဆီဂျင်ဓာတ်ငွေ့ (အိုးဖြင့်) ၁၀၂ တန်၊  အိမ်သုံး အောက်ဆီဂျင်စက် ၃၀၈၇၇  ခု၊  Test Kit  ၂၄၅၈၆၈  ခု၊ နှာခေါင်းစည်း ၆၆၅ တန်၊ Oxygen Plant လေးခု၊ Oxygen Generator ၁၄  ခု  တင်သွင်းခွင့်ပြုခဲ့ပြီးဖြစ် သည်။
စီစဉ်ဆောင်ရွက်ပေးထား

 


စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနအနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ  ကာကွယ်၊ ကုသရေးပစ္စည်းများတင်သွင်းရာတွင်   လွယ်ကူ မြန်ဆန်နိုင်ရေးအတွက်   သက်ဆိုင်ရာဌာနများနှင့်  ပူးပေါင်းဆောင်ရွက်လျက်ရှိသလို အကူအညီလိုအပ် ပါကလည်း သက်ဆိုင်ရာ  ကုန်သွယ်ရေးစခန်းများမှ တာဝန်ရှိသူများထံ   တိုက်ရိုက်ဆက်သွယ်နိုင်ရေး အတွက်  စီစဉ်ဆောင်ရွက်ပေးထားကြောင်း  သိရ သည်။                                          

 

  သတင်းစဉ်