ကျောက်တံခါးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ

 

ကျောက်တံခါး   ဇူလိုင်   ၂၅


ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပညာရေးဝန်ထမ်းများအား ယနေ့ နံနက် ၈ နာရီက ကျောက်တံခါးမြို့ စည်ပင်သာယာခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးသည်။

 


ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးမှု   အစီအစဉ်တွင်  မြို့နယ်မိခင်နှင့်ကလေးကျန်းမာ ရေးဌာနမှ    ကျန်းမာရေးဆရာမ ဒေါ်စန်းစန်းထွေးက       အဖွဲ့ ခေါင်းဆောင်အဖြစ်     တာဝန်ယူ၍ မြို့နယ်ကျန်းမာရေးကြီးကြပ်ရေး မှူး ဆရာ ဦးထွန်းထွန်းအောင်နှင့် ကျန်းမာရေး      ဝန်ထမ်းများက တရုတ်နိုင်ငံထုတ်   ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ပညာရေး ဝန်ထမ်း ပထမအကြိမ် လာရောက် ထိုးနှံသူ ၁၅၈ ဦးနှင့် ဒုတိယအကြိမ် လာရောက်ထိုးနှံသူ ၁၂၀ စုစုပေါင်း ၂၇၈ ဦးတို့အား ကိုဗစ်-၁၉ ရောဂါ သတ်မှတ်စည်းကမ်းချက်များနှင့် အညီ  ထိုးနှံပေးခဲ့ကြောင်း သိရ သည်။    

 

  ခင်ကို(ကျောက်တံခါး)