မန္တလေးတိုင်းဒေသကြီးအတွင်း ဆောင်ရွက်နေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော်   ဇူလိုင်   ၂၁


မန္တလေးတိုင်းဒေသကြီးအတွင်း ဆောင်ရွက်နေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊   ကုသရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်း တွင် မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ရုံး  အစည်းအဝေးခန်းမ၌ ကျင်းပရာ  အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး  ဗိုလ်ချုပ်  ကိုကိုဦး၊ တိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာနမှ   တာဝန်ရှိသူများ၊ မန္တလေးခရိုင်   အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။


ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြား သည်။ ထို့နောက် အစည်းအဝေးသို့   တက်ရောက် လာကြသူများက မန္တလေးတိုင်းဒေသကြီးနှင့် မကွေး တိုင်းဒေသကြီးအတွင်း ဆောင်ရွက်နေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊  ကုသရေးလုပ်ငန်း များနှင့် လိုအပ်ချက်များ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို ဆွေးနွေးကြရာ  တိုင်းမှူးက လိုအပ်သည်များကို   ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးသည်။


ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ချမ်းမြသာစည်မြို့နယ် ချမ်းမြသာစည်လေဆိပ်ဟောင်း ၌ လူနာ ၂၀၄ ဦးဆံ့   ကိုဗစ်-၁၉     ကုသရေးဆေးရုံ အဖြစ်     ပြင်ဆင်ဆောင်ရွက်နေမှုများကို သွားရောက် ကြည့်ရှု၍   လိုအပ်သည်များ    ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။          

သတင်းစဉ်