
နေပြည်တော် ဇူလိုင် ၁၂
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်ရေး ကြီးကြပ်ကွပ်ကဲရေးအဖွဲ့၏ (၁/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက ရုံးအမှတ်(၂၈) ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်း ဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ တက်ရောက်ပြီး ဦးစီးဌာန၊ လုပ်ငန်း နှင့် သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်မှ ညွှန်ကြားရေးမှူး ချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ပါမောက္ခချုပ်တို့က အွန်လိုင်းစနစ်ဖြင့်တက်ရောက်သည်။
မှာကြား
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ ရုံး၊ စက်ရုံအလုပ်ရုံ၊ လုပ်ငန်းခွင်၊ ဝန်ထမ်းအိမ်ရာများတွင် တာဝန်ထမ်းဆောင် နေထိုင်ကြသည့်ဝန်ထမ်း များတွင် ရောဂါကူးစက်ဖြစ်ပွားမှုမရှိစေရေးနှင့် ဌာနလုပ်ငန်းယန္တရား လည်ပတ်မှု ထိခိုက်မှုမရှိစေရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များ၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော လမ်းညွှန်ချက်၊ ညွှန်ကြားချက်များ အပေါ် အလေးထားပြီး တိကျစွာလိုက်နာရန် လိုအပ်ကြောင်း၊ ဝန်ကြီး ဌာနအဆင့်၊ ဦးစီးဌာန၊ လုပ်ငန်း၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်အဆင့်၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အဆင့်အလိုက် ကြီးကြပ်ကွပ်ကဲရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်သွား ရန် မှာကြားသည်။
ယင်းနောက် တက်ရောက်လာကြသူများက ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ၏ ညွှန်ကြားချက်များနှင့်ပတ်သက်၍ တိကျစွာလိုက်နာဆောင်ရွက်နိုင်ရေးအတွက် ညွှန်ကြားချက် တစ်ချက် ချင်းအလိုက် အသေးစိတ်လိုက်နာရန်ကိစ္စများကို ရှင်းလင်းဆွေးနွေး ကြပြီး ပြည်ထောင်စုဝန်ကြီးကလိုအပ်ချက်များကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်