ဗီယက်နမ်နိုင်ငံ၌ ငါးရက်ဆက်တိုက် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ စံချိန်တင်

 

 

ဟနွိုင်း   ဇူလိုင်   ၁၂ 


ဗီယက်နမ်နိုင်ငံတွင်   နေ့စဉ် ကိုဗစ် - ၁၉    ကူးစက် ဖြစ်ပွားသူ   ငါးရက်ဆက်တိုက် စံချိန်တင်ခဲ့ပြီး ဇူလိုင် ၁၂ ရက်က ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၂၃၈၃ ဦး ရှိသဖြင့် ဇူလိုင် ၁၁ ရက်  စံချိန်ဖြစ်သည့် ၁၉၅၃   ဦးကို ကျော်လွန်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက   သတင်းထုတ်ပြန်ဖော်ပြလိုက်သည်။ 
ထပ်မံကူးစက်ဖြစ်ပွားသူများအနက် ၂၃၆၇ ဦးမှာ ပြည်တွင်းကူးစက်မှုဖြစ်ပြီး ၁၆ ဦးမှာ ပြည်ပကူးစက်မှု ဖြစ်သည်။ ဗီယက်နမ်နိုင်ငံ၏ ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူပေါင်းမှာ ယခုအခါတွင် ၃၂၁၉၉  ဦးအထိ  ရှိလာပြီဖြစ်သည်။ 
အစုလိုက်   ကူးစက်ဖြစ်ပွားမှုများ အနက် ၁၇၆၄ ဦးမှာ ဟိုချီမင်းတောင်ပိုင်း၊  ၁၂၈  ဦးမှာ     ဘင်ဒေါင်း တောင်ပိုင်း၊ ၁၁၈ ဦးမှာ တီယန်ဂင်တောင်ပိုင်းတို့မှအသီးသီးဖြစ်ကြသည်။ 
ဗီယက်နမ်နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှုမှ   ပြန်လည်ကောင်းမွန်လာသူ ၉၃၃၁ ဦး ရှိလာပြီဖြစ်သည်။ 
ဗီယက်နမ်နိုင်ငံတွင် ပြည်တွင်း ကူးစက်ဖြစ်ပွားမှု ပေါင်း ၃၀၂၅၉ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီး ဌာနက ဖော်ပြသည်။                             ဆင်ဟွာ