မင်းလှမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ မွေးလူနာ ခွဲစိတ်မွေးဖွားမှုအောင်မြင်

 

မင်းလှ  ဇူလိုင်   ၁၁


ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ် တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံ  ထားရသည့် ကိုယ်ဝန်ဆောင်အမျိုး  သမီးကို ဇူလိုင် ၁၀ ရက် ညနေ ပိုင်းက စစ်ကွင်းတိုက်နယ်ဆေးရုံ ၌ အောင်မြင်စွာ ခွဲစိတ်မွေးဖွားပေး နိုင်ခဲ့ကြောင်း ကျန်းမာရေးဦးစီး ဌာနမှ သိရသည်။


စစ်ကွင်းမြို့  ဆေးရုံလမ်းနေ အသက် (၃၇ နှစ်)အရွယ်ရှိ မွေးဖွား လူနာသည် မင်းလှပြည်သူ့ဆေးရုံ သို့ လာရောက်ပြသစဉ် RDT  Test kit  ဖြင့်  စစ်ဆေးခဲ့ရာ   ကိုဗစ် ရောဂါပိုးတွေ့ရှိခဲ့ပြီး        ပြည်သူ့ ဆေးရုံ၌ ရောဂါကူးစက်ခံရသူများ ထားရှိကုသနေသဖြင့်  မင်းလှလူမှု ကွန်ရက်        ပရဟိတအသင်းမှ စစ်ကွင်းတိုက်နယ်ဆေးရုံ သားဖွား ဆောင်သို့ ကူညီပို့ဆောင်ပေးခဲ့ရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ လှဝင်းဦးဆောင်သည့် ကျန်းမာ ရေးအဖွဲ့မှ မွေးဖွားလူနာကို ခွဲစိတ် မွေးဖွားပေးခဲ့ရာ သားယောက်ျား လေးတစ်ဦး အောင်မြင်စွာမွေးဖွား ပေးနိုင်ခဲ့ကြောင်း သိရသည်။


မင်းလှမြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ပထမအကြိမ် ကိုဗစ်- ၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလ အတွင်း သုံးမြွှာပူးခွဲစိတ်မွေးဖွား ‌ပေးနိုင်ခဲ့ပြီး    ယခု  ကိုဗစ်ကူးစက် ခံရသည့်   မွေးလူနာကို   ဒုတိယ မြောက်  အောင်မြင်စွာ  မွေးဖွား ပေးနိုင်ခဲ့ကြောင်း       ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။


ပေါက်စ (မင်းလှ)