
နေပြည်တော် ဇူလိုင် ၁၁
ပြည်သူလူထုအတွက် အဓိကအကျဆုံးဖြစ်သော ကျန်းမာရေးကဏ္ဍ မြင့်မားရေးအတွက် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြု များဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ပြည်သူ လူထု၏ အရေးပေါ်ကျန်းမာရေးဆိုင်ရာကုသမှုများ ဆောင်ရွက် ပေးနိုင်ရန်အတွက် တပ်မတော်ဆေးရုံများနှင့် ယာယီကုသရေးဆေးရုံ များ၌ ကျန်းမာရေးစောင့်ရှောက်မှုများကို နေ့ညမပြတ် ဆောင်ရွက်ပေး လျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာပေါင်း ၂၆၉၆၀၁ ဦးနှင့် အတွင်းလူနာပေါင်း ၇၈၃၁၉ ဦးတို့ကို ကုသပေး နိုင်ခဲ့သည်။
၎င်းလူနာများအနက် အကြီးစားခွဲစိတ်ကုသရန်လိုအပ်သူ ၁၂၄၉၆ ဦး၊ အသေးစားခွဲစိတ်ကုသရန်လိုအပ်သူ ၆၆၅၀ စုစုပေါင်း ၁၉၁၄၆ ဦးတို့ကို ခွဲစိတ်ကုသပေးနိုင်ခဲ့သည့်အပြင် စိုးရိမ်ဖွယ်ရာရှိသည့် လူနာများကိုလည်း ပါရဂူများ၊ ဆေးမှူးများဖြင့် အထူးကြပ်မတ်ကုသပေး လျက်ရှိသည်။ ထို့ပြင် ကလေးမီးဖွားလူနာ ၆၃၄၇ ဦးကို ခွဲစိတ်၍ လည်းကောင်း၊ ၈၉၉၉ ဦးကို သာမန်ဖြင့်လည်းကောင်း မွေးဖွားပေး နိုင်ခဲ့ခြင်းကြောင့် ယနေ့အထိ ကလေးငယ် ၁၅၃၄၆ ဦးကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပြီး တပ်မတော်အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေး ကဏ္ဍမြင့်မားရေးတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။
သတင်းစဉ်