ကိုဗစ်-၁၉ ရောဂါ သီးသန့်စောင့်ကြည့်ရမည့်သူများနှင့် ဓာတ်ခွဲအတည်ပြုလူနာများအား အာဟာရဖြည့် စားသောက်ဖွယ်ရာများပေးအပ်

နေပြည်တော်   ဇူလိုင်   ၁၀
မကွေးတိုင်းဒေသကြီး မကွေးမြို့ ကွန်ပျူတာတက္ကသိုလ်   (မကွေး)၊ မကွေး   ပြည်သူ့ဆေးရုံကြီးနှင့် နယ်မြေခံတပ်မတော်ဆေးရုံတို့ရှိ ကိုဗစ်-၁၉ ရောဂါ     သီးသန့် စောင့်ကြည့်ရမည့်     သူများနှင့် ဓာတ်ခွဲအတည်ပြု    လူနာများ အတွက်   ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်း   စစ်ဌာနချုပ်၊ မကွေးတပ်နယ်မှ  တာဝန်ရှိသူများ က    သွားရောက်၍    အာဟာရ ဖြည့်    စားသောက်ဖွယ်ရာများ ပေးအပ်သည်။


ထို့ပြင် Quarantine Center ပြုလုပ်မည့်   မကွေးတက္ကသိုလ်ရှိ ဗိဿနိုးအဆောင်ကို      မကွေး တပ်နယ်မှ တပ်မတော်သားများက ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများနှင့်   သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်