ဟင်္သာတမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဝန်ထမ်း ၅၀၀ အား ထိုးနှံ

 

ဟင်္သာတ    ဇူလိုင်   ၉


ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတ မြို့နယ်တွင်   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း မပြုရ သေးသည့် နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို   ဇူလိုင်   ၉  ရက် နံနက် ၉ နာရီက ဦးအောင်မြတ် ကျော်ဘုရားဝင်းရှိ   သီရိမင်္ဂလာ တန်ဆောင်း၌   စတင်ထိုးနှံပေး လျက်ရှိသည်။
ယင်းသို့  ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်   စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများက    ကြီးကြပ်၍ မြို့နယ်ပြည်သူ့ကျန်မားရေးဦးစီးဌာနမှ ဝန်ထမ်းများ ၊ ကြက်ခြေနီ တပ်ဖွဲ့၊ စေတနာလုပ်အားရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း ၍  ကိုဗစ်-၁၉   ရောဂါကာကွယ် ဆေးထိုးနှံခြင်း    လုပ်ငန်းများကို စနစ်တကျ        ထိုးနှံပေးခဲ့ကြ သည်။


အဆိုပါ ကိုဗစ်-၁၉   ရောဂါ ကာကွယ်ဆေးကို   ဟင်္သာတမြို့ တွင် စတုတ္ထအကြိမ် ထိုးနှံပေးခြင်း ဖြစ်ကာ ဆေးထိုးနှံခြင်းမပြုရသေး သည့် အခြေခံပညာ၊ အဆင့်မြင့် ပညာနှင့် ဌာနဆိုင်ရာဝန်ထမ်းများ စုစုပေါင်း ၅၀၀ ကို   ပထမအကြိမ် အဖြစ် နှစ်ရက်ခွဲကာ   တစ်နေ့လျှင် ၂၅၀ နှုန်းဖြင့်  ထိုးနှံပေးသွားမည် ဖြစ်ပြီး ယခုအကြိမ်    ကိုဗစ်-၁၉   ကာကွယ်ဆေးမှာ    China BIBP  Sinopharm   ဆေးအမျိုးအစား ဖြစ်ကြောင်း           မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ      သိရ သည်။

ကိုဇော် (ပြန်/ဆက်)