တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်  သြဂုတ်  ၁၃


တရားမဝင်ကုန်သွယ်မှု     တိုက်ဖျက်ရေးဦးဆောင် ကော်မတီ၏   ကြီးကြပ်ကွပ်ကဲမှုဖြင့်  တရားမဝင် ကုန်သွယ်မှုများကို   ဥပဒေနှင့်အညီ  ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး    ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၁၀ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံ ခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှု များ ဆောင်ရွက်ရာတွင် အေးရှားဝေါလ်ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌  ကုန်သေတ္တာ သုံးလုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင်  ကြေညာထားခြင်းမရှိ သည့် တရုတ်နိုင်ငံထုတ်ကြွေပန်းကန်  ၇၆၈၃ ကီလို ဂရမ် အပါအဝင် ကုန်ပစ္စည်း လေးမျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၄၆၁၉၁၄၀)ကိုလည်းကောင်း၊ မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌ ဘားအံမြို့မှ  ရန်ကုန် မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် တစ်စီး ပေါ်မှ   တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် မလေးရှားနိုင်ငံထုတ် ပုစွန် တစ်ကောင်စားအုန်းဆီ ၁၈ လီတာပါပုံး ၁၄၀(ခန့်မှန်း တန်ဖိုးငွေကျပ်  ၇၀၀၀၀၀၀ )နှင့်  အဆိုပါပစ္စည်းများ တင်ဆောင်လာသည့်   Asia  Star   Bus   တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀၀၀)ကို  လည်း ကောင်း၊   စုစုပေါင်း     ခန့်မှန်းတန်ဖိုးငွေကျပ် ၆၆၆၁၉၁၄၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
ထို့ပြင်    ပဲခူးတိုင်းဒေသကြီး  တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သြဂုတ် ၁၁ ရက်တွင် ဘုရားကြီးမြို့ မြို့အဝင်၌ သထုံမြို့မှ ပဲခူးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်   တစ်စီးပေါ်မှ   တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် မလေးရှားနိုင်ငံထုတ် ပုစွန်တစ်ကောင်   စားအုန်းဆီ ၁၈ လီတာပါ  ပုံး  ၁၂၀   (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀၀၀၀၀)၊  အဆိုပါပစ္စည်းများ   တင်ဆောင်လာ သည့် Mitsubishi Canter တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၀၀၀၀၀၀၀)နှင့် တောင်ငူမြို့ ဘုရင့်နောင် စျေး   ရွှေခေတ်မန်းကားဂိတ်အနီး၌  တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် ပုစွန် တစ်ကောင်စားအုန်းဆီ  ၁၈ လီတာပါ ပုံး ၅၀  (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀)တို့ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ သြဂုတ် ၁၂ရက်တွင် တောင်ငူခရိုင်အတွင်း၌ တရားမဝင် အခြားသစ်၂ ဒသမ ၀၆၇ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၁၁၃၉)ကို   သစ်တောဥပဒေအရလည်းကောင်း၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃၈၇၈၁၁၃၉ ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
အလားတူ သြဂုတ် ၁၂ ရက်တွင် စစ်ကိုင်းတိုင်း ဒေသကြီး တရားမဝင်ကုန်သွယ်မှု  တိုက်ဖျက်ရေး အထူးအဖွဲ့၏   စီမံခန့်ခွဲမှုဖြင့်  တာဝန်ကျပူးပေါင်း အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့ ကံတလူပူးပေါင်းစစ်ဆေးရေးဂိတ်၌     လိုင်စင်မဲ့ Toyota Harrier မော်တော်ယာဉ် တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၅၀၀၀၀၀၀)ကို  ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ သြဂုတ် ၁၂ ရက်တွင် ရန်ကုန်တိုင်းဒေသ ကြီး  တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူး အဖွဲ့၏    စီမံခန့်ခွဲမှုဖြင့်  တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ  သင်္ဃန်းကျွန်းမြို့နယ် ၌ လိုင်စင်မဲ့ Toyota Corolla မော်တော်ယာဉ်  တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀၀)ကို ဖမ်းဆီးရမိ ခဲ့ပြီး    ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ   အရေးယူ ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်၍ သြဂုတ် ၁၀ ရက်၊ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ကိုးမှု၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၃၉၀၀၂၇၉ ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု     တိုက်ဖျက်ရေးဦးဆောင် ကော်မတီမှ သိရသည်။                         

သတင်းစဉ်