(၁၆)ကြိမ်မြောက် အာဆီယံကျန်းမာရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ၏ ဒုတိယနေ့အစည်းအဝေးဆက်လက်ကျင်းပ

 

နေပြည်တော်    ဩဂုတ်   ၁၀


(၁၆)ကြိမ်မြောက် အာဆီယံကျန်းမာရေး ဝန်ကြီးများ  အစည်းအဝေးနှင့်  ဆက်စပ် အစည်းအဝေးများ၏       ဒုတိယနေ့ကို ဩဂုတ်    ၉  ရက်တွင်   လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံ  ဗီယင်ကျန်း မြို့ National Convention Center ၌ ကျင်းပရာ     ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင် ဝင်း၊      အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများနှင့် ဆွေးနွေးဖက် နိုင်ငံများဖြစ်သည့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ အမေရိကန်နိုင်ငံတို့မှ        ကျန်းမာရေး ဝန်ကြီးများ၊  အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။


အစည်းအဝေး ဒုတိယနေ့ နံနက်ပိုင်း တွင် ဒုတိယအကြိမ် အာဆီယံ-ကိုရီးယား ကျန်းမာရေးဝန်ကြီးများ အစည်းအဝေး အား  “Digital  Transformation  in Health Care” ခေါင်းစဉ်ဖြင့် ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက ကိုရီးယားသမ္မတ နိုင်ငံသည် ကျန်းမာရေးစနစ်တွင် ဒစ်ဂျစ် တယ်ပြောင်းလဲမှုအတွက် စံနမူနာပြနိုင်ငံ တစ်ခုဖြစ်သည့်အတွက် အာဆီယံနိုင်ငံ များအနေဖြင့် ကိုရီးယားသမ္မတနိုင်ငံကဲ့သို့ မိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက် ခြင်းဖြင့်       ဒစ်ဂျစ်တယ်နည်းပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ တွင် သတင်းအချက်အလက်များ အပြန် အလှန်      ဖလှယ်ချိတ်ဆက်အသုံးပြုနိုင် သည့်စနစ်များကို     အတူတကွ     ဖွံ့ဖြိုး တိုးတက်မှုများ    ဖြစ်ပေါ်လာစေမည် ဖြစ်ပါကြောင်း ပြောကြားသည်။


ထိထိရောက်ရောက်မျှဝေသုံးစွဲနိုင်


ဆက်လက်၍  (၁၀)   ကြိမ်မြောက် အာဆီယံ + ၃   ကျန်းမာရေးဝန်ကြီးများ အစည်းအဝေးကို    “Strengthening ASEAN  Health  Security  through Digital Innovations for Cross-Border Health  Emergencies  in  the Next Context Post Pandemic”  ခေါင်းစဉ် ဖြင့် ကျင်းပရာ   ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးရာတွင် အာဆီယံ+၃ မိတ်ဖက် နိုင်ငံများအကြား  ဒစ်ဂျစ်တယ်ကျန်းမာ ရေးဆိုင်ရာ     သတင်းအချက်အလက် စနစ်ကို  ပူးပေါင်းတည်ထောင်ခြင်းဖြင့် သတင်းအချက်အလက်များ၊ ကောင်းမွန် သောလုပ်ထုံးလုပ်နည်းများနှင့်     အရင်း အမြစ်များကို ထိထိရောက်ရောက်မျှဝေသုံးစွဲနိုင်ရန် အထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း၊ ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြု၍ ဒေသတွင်းနိုင်ငံများအကြား နယ်စပ်ဒေသကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ   ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်းဖြင့် ကမ္ဘာလုံးဆိုင်ရာကျန်းမာ ရေး အရေးပေါ်အခြေအနေများ ဖြစ်ပေါ် လာပါက  လျင်မြန်စွာ  တုံ့ပြန်ဖြေရှင်းရာ တွင်  တည်တံ့ခိုင်မာသည့်  ကျန်းမာရေး စနစ်ကို    တည်ဆောက်နိုင်မည်ဖြစ်ပါ ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။  


မွန်းလွဲပိုင်းတွင်   (၉)  ကြိမ်မြောက် အာဆီယံ-တရုတ် ကျန်းမာရေးဝန်ကြီး များ အစည်းအဝေးကို  “Strengthening Health System and Access to Health Care”      ခေါင်းစဉ်ဖြင့်       ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက အာဆီယံ-တရုတ် ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှု အစီ အစဉ်များမှတစ်ဆင့် ဒေသတွင်းနိုင်ငံများ အကြား ပိုမိုကျန်းမာသောအာဆီယံအသိုက် အဝန်းတစ်ခုအား တည်ဆောက်နိုင်မည် ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။


ပိုမိုကောင်းမွန်အောင်ကြိုးပမ်း


ဆက်လက်၍ အာဆီယံ-အမေရိကန် ကျန်းမာရေးဝန်ကြီးများ  အထူးအစည်း အဝေးကို “Advancing Optimal Health and Well-Being in the ASEAN Region” ခေါင်းစဉ်ဖြင့် ဆွေးနွေးကြရာ ပြည်ထောင်စု ဝန်ကြီးက အမေရိကန်နိုင်ငံနှင့် ကျန်းမာရေးဖွံ့ဖြိုးမှုအစီအစဉ်များ      ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့်   အတွေ့အကြုံနှင့်နည်းပညာပိုင်းဆိုင်ရာ   တိုးတက်မှုများ ရရှိနိုင်မည်ဖြစ်ကြောင်း၊     ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် လက်ရှိအခြေအနေ တွင်    စိန်ခေါ်မှုများ    တွေ့ကြုံနေရပါ ကြောင်း၊   အကြမ်းဖက်အဖွဲ့အစည်းများ အနေဖြင့်   ဆေးရုံ၊  ဆေးပေးခန်းများကို ပစ်မှတ်ထား    တိုက်ခိုက်ဖျက်ဆီးမှုများ ကြောင့်  အဆောက်အဦးများစွာ  ပျက်စီး ဆုံးရှုံးခဲ့ရသကဲ့သို့  ကျန်းမာရေးဝန်ထမ်း အများအပြား အသက်ဆုံးရှုံးဒဏ်ရာရရှိ ခဲ့ပါကြောင်း၊ ထိုကဲ့သို့တိုက်ခိုက်ဖျက်ဆီး ခံရမှုများရှိသော်လည်း နိုင်ငံတော်အနေ ဖြင့်     ဆေးရုံဆေးခန်းများအပါအဝင် အခြေခံအဆောက်အဦများ     အသစ် တည်ဆောက်ဖွင့်လှစ်ခြင်း၊     အဆင့် မြှင့်တင်ခြင်း၊  ဆေးနှင့်  ဆေးပစ္စည်းကိရိယာ များအားထောက်ပံ့ပေးခြင်း၊ ကျန်းမာရေး ဝန်ထမ်းများ   တိုးချဲ့ခန့်ထားခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုစနစ်တစ်ခု လုံး မူလအခြေအနေထက် ပိုမိုကောင်းမွန် အောင်    ကြိုးပမ်းလျက်ရှိပါကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ     အနေဖြင့် အာဆီယံပဋိညာဉ်စာတမ်းပါ   အခြေခံမူ များနှင့်    စံနှုန်းများကို    အလေးထားပြီး ဆောင်ရွက်သင့်ပါကြောင်း၊ အာဆီယံအဖွဲ့ အနေဖြင့် မိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်ရာတွင်   အာဆီယံဗဟိုပြုမှု၊ အပြန်အလှန်လေးစားမှုနှင့် မျှဝေတာဝန်ယူ မှုကို အခြေခံရမည်ဖြစ်ပါကြောင်း၊ မြန်မာ နိုင်ငံအနေဖြင့် အဖွဲ့ဝင်နိုင်ငံများ၊ မိတ်ဖက် နိုင်ငံ    အဖွဲ့အစည်းများနှင့်     ပူးပေါင်း ဆောင်ရွက်ခြင်း၊  ကြိုတင်ကန့်သတ်ချက် မရှိသော       အကူအညီပေးခြင်းများကို ကြိုဆိုပါကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံ များအားလုံး အပြုသဘောဆောင်သည့်  ကူညီထောက်ပံ့မှုများကို တစ်ပြေးညီရရှိ နိုင်ရေး   အလေးထားရန် လိုအပ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။  


မှတ်တမ်းတင်ဓာတ်ပုံရိုက်


ထို့နောက်   (၁၀)   ကြိမ်မြောက် အာဆီယံ+၃  ကျန်းမာရေးဝန်ကြီးများ အစည်းအဝေး   ပူးတွဲကြေညာစာတမ်း၊ ဒုတိယအကြိမ်    အာဆီယံ-ကိုရီးယား ကျန်းမာရေးဝန်ကြီးများ အစည်းအဝေး ပူးတွဲကြေညာစာတမ်း၊ (၉) ကြိမ်မြောက် အာဆီယံ-တရုတ် ကျန်းမာရေးဝန်ကြီး များ အစည်းအဝေးပူးတွဲကြေညာစာတမ်း၊ အာဆီယံ-အမေရိကန်    ကျန်းမာရေး ဝန်ကြီးများ အထူးအစည်းအဝေး ပူးတွဲ ကြေညာစာတမ်းများကို       အတည်ပြု ထုတ်ပြန်ခြင်းတို့     ဆောင်ရွက်ခဲ့ကြပြီး  ပြည်ထောင်စုဝန်ကြီးသည် အစည်းအဝေး သို့ တက်ရောက်လာသော အာဆီယံနှင့် မိတ်ဖက်နိုင်ငံများမှ ကျန်းမာရေးဝန်ကြီး များ/ ကိုယ်စားလှယ်များနှင့်အတူ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြသည်။


ဂုဏ်ပြုညစာစားပွဲတက်ရောက်


ပြည်ထောင်စုဝန်ကြီးနှင့်    မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဗီယင်ကျန်း မြို့၊ Landmark Mekong Riverside Hotel ၌ လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊   ကျန်းမာရေးဝန်ကြီး H.E. Mr. Bounfeng Phoummalaysith က တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာစားပွဲ သို့လည်း တက်ရောက်ခဲ့ကြသည်။
အဆိုပါအစည်းအဝေးများနှင့်ဂုဏ်ပြု ညစာစားပွဲသို့    အာဆီယံနိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊   ကိုရီးယားသမ္မတနိုင်ငံ၊ အမေရိကန်နိုင်ငံတို့မှ ကျန်းမာရေးဝန်ကြီး များ၊   ဒုတိယဝန်ကြီးများ၊   ကျန်းမာရေး ဆိုင်ရာ   အဆင့်မြင့်ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ်နှင့် တာဝန် ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။                              

သတင်းစဉ်