ထိုင်းနိုင်ငံမှ ပြန်လည်လွှဲပြောင်းပေးခဲ့သူများကို အတင်းအဓမ္မ စစ်သားစုဆောင်းရန်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ခေါ်ဆောင်သွားကြောင်း သတင်းအမှားများဖြန့်ဝေ

 

နေပြည်တော်   ဩဂုတ်   ၉
ထိုင်းနိုင်ငံ ရနောင်းခရိုင် လူဝင်မှု ကြီးကြပ်ရေးဌာန ထိန်းသိမ်းရေး စခန်းမှ ပြန်လည်လွှဲပြောင်းပေးခဲ့ သူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ က အတင်းအဓမ္မ စစ်သားစုဆောင်း ရန်      ခေါ်ဆောင်သွားကြောင်း သတင်းအမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာများက မဟုတ် မမှန် လုပ်ကြံရေးသားဖြန့်ဝေနေ သည်ကို တွေ့ရှိရသည်။
 အဆိုပါသတင်းနှင့် ပတ်သက် ၍ ကော့သောင်းမြို့နယ်    စီမံ အုပ်ချုပ်ရေးအဖွဲ့မှ   တာဝန်ရှိသူ တစ်ဦး၏     ပြောကြားချက်အရ အဆိုပါ  လွှဲပြောင်းပေးခဲ့သူများ ကို     တနင်္သာရီတိုင်းဒေသကြီးကော့သောင်းမြို့တွင် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ    စနစ်တကျ  လက်ခံ    ဆောင်ရွက်လျက်ရှိပြီး ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် နေရပ်ပြန်နိုင်ရေးအတွက် စီစဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
တရားမဝင်ပြည်ဖျက်မီဒီယာ များနှင့်   အကြမ်းဖက်သမားများ က ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ပြည်သူများ  အထင် အမြင်လွဲမှားစေရန်အတွက် ယခု ကဲ့သို့ သတင်းတု၊ သတင်းအမှား များကို အကြောင်းအရာမျိုးစုံဖြင့် မဟုတ်မမှန်လုပ်ကြံရေးသားကာ လူမှုကွန်ရက်များမှတစ်ဆင့် ဝါဒ ဖြန့်ဝေနေခြင်းသာ  ဖြစ်ကြောင်း သတင်းရရှိသည်။       သတင်းစဉ်