နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများ လာရောက်ဂုဏ်ပြုပေးအပ်

 

နေပြည်တော်   ဩဂုတ်    ၃


နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော  လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်များက  စားသောက်ဖွယ်ရာများ  လာရောက်ဂုဏ်ပြုပေးအပ်  လျက်ရှိသည်။
ထိုသို့ ပေးအပ်လျက်ရှိရာ ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့်   နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာန၊     ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့မှ ဝန်ထမ်းမိသားစုများက ဂုဏ်ပြုချီးမြှင့်ငွေများနှင့်  စားသောက်ဖွယ်ရာများ ဂုဏ်ပြုပေးအပ်ခြင်းကို    နေပြည်တော်တိုင်းစစ် ဌာနချုပ်ရှိ ပေါင်းလောင်းရိပ်သာ၌ ပြုလုပ်ရာ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊   လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ် ထွန်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊  ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင် ဝင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး  ဦးမျိုးသန့်၊    နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊    နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး   ဗိုလ်ချုပ် စိုးမင်းနှင့်    တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများက   ပေးအပ်လှူဒါန်းသည့် ငွေကျပ် ငါးဆယ့်နှစ်သိန်းနှင့်  ငွေကျပ် တစ်ဆယ့်ရှစ်သိန်းတန်ဖိုးရှိ စားသောက် ဖွယ်ရာများကိုလည်းကောင်း၊    လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ  ဝန်ထမ်းမိသားစုများက    ပေးအပ် လှူဒါန်းသည့်  ငွေကျပ်သိန်းတစ်ရာ့ နှစ်ဆယ်ကျော် တန်ဖိုးရှိ စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ   ဝန်ထမ်းမိသားစုများက   ပေးအပ်လှူဒါန်းသည့် ငွေကျပ်သိန်းတစ်ရာနှင့်  ငွေကျပ်သိန်းတစ်ရာတန်ဖိုး ရှိ စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ ကျန်းမာ ရေးဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများက ပေးအပ် လှူဒါန်းသည့်   ငွေကျပ်သိန်းတစ်ရာနှင့်   ငွေကျပ် သိန်း  နှစ်ရာနှစ်ဆယ့်ခြောက်သိန်းကျော်      တန်ဖိုးရှိ စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ ဆောက်လုပ် ရေးဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများက ပေးအပ် လှူဒါန်းသည့်    ငွေကျပ်သိန်းတစ်ရာနှင့်    ငွေကျပ် သိန်း  တစ်ရာလေးဆယ့်ခြောက်သိန်းကျော်     တန်ဖိုး ရှိ          စားသောက်ဖွယ်ရာများကိုလည်းကောင်း၊  နေပြည်တော်ကောင်စီ ဝန်ထမ်းမိသားစုများက   ပေးအပ်လှူဒါန်းသည့်     ငွေကျပ်သိန်းတစ်ရာနှင့်    ငွေကျပ်သိန်းနှစ်ရာတန်ဖိုးရှိ      စားသောက်ဖွယ်ရာ များကိုလည်းကောင်း          ပြည်ထောင်စုဝန်ကြီး များနှင့်     တာဝန်ရှိသူများက  တိုင်းမှူးထံ  ဂုဏ်ပြု ပေးအပ်ရာ   တိုင်းမှူးက   ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ပြီး  ကျေးဇူးတင်စကားပြောကြား သည်။
အဆိုပါစားသောက်ဖွယ်ရာများကို   လုံခြုံရေး တပ်ဖွဲ့ဝင်များ၏  လက်ဝယ်အရောက်    ဆက်လက် ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


သတင်းစဉ်