
နေပြည်တော် ဩဂုတ် ၂
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့ ရေဘေး သင့် ရပ်ကွက်အချို့ရှိ ဒေသခံများထံ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ များက ဇူလိုင် ၃၁ ရက်တွင် စစ်မှုထမ်းထောက်ပံ့ ရန် အကြောင်းပြကာ ငွေကြေးကောက်ခံခဲ့ ကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန် လုပ်ကြံ ရေးသားလျက်ရှိသည်ကို တွေ့ရှိရသည်။
အဆိုပါ သတင်းနှင့်ပတ်သက်၍ သက်ဆိုင် ရာ မြို့နယ်အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန် ရှိသူတစ်ဦး၏ ပြောကြားချက်အရ ကြံခင်းမြို့ အနိမ့်ပိုင်းရပ်ကွက်အချို့ ရေနစ်မြုပ်မှုဖြစ်ပွား ခဲ့ရာ နယ်မြေခံတပ်မတော်သားများ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ နှင့် ဌာနဆိုင်ရာဝန်ထမ်းများက သွားရောက်၍ ရေဘေးသင့် အိမ်ထောင်စုများအား ရေဘေး လွတ်ရာသို့ ပြောင်းရွှေ့နေထိုင်နိုင်ရေး လုပ်ဆောင်ပေးခဲ့ပြီး စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ပစ္စည်းများကို ပေးအပ်ခဲ့ကြောင်း၊ အလှူရှင်များ လာရောက်လှူဒါန်းသည့် စားသောက်ဖွယ်ရာများ၊ ပစ္စည်းများကိုလည်း မြို့နယ်ပရဟိတအဖွဲ့များနှင့်အတူ ပူးပေါင်း၍ ဝိုင်းဝန်းဝေငှမှုများ ကူညီဆောင်ရွက်ပေးခဲ့ ကြောင်းနှင့် ထိုသို့ဆောင်ရွက်ပေးနေမှုများကို တရားမဝင် ပြည်ဖျက်မီဒီယာများမှ အောက်တန်းကျစွာဖြင့် လုပ်ကြံဖန်တီး ဝါဒဖြန့် ရေးသားခြင်းသာဖြစ်ကြောင်း သိရှိရသည်။ သတင်းစဉ်