
ပဲခူး ဩဂုတ် ၁
ပဲခူးမြို့ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ ဩဂုတ် ၁ ရက် နံနက်ပိုင်းက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး၊ တိုင်းဒေသကြီး ဝန်ကြီးများ နှင့် ၎င်းတို့၏ ဇနီးတို့သည် တရားသောစစ်အောင်မြင် စေရေးနှင့် ကိုယ်ကျိုးစွန့်ကာ ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်များကို ကာကွယ်စောင့်ရှောက်ပေး နေသည့် တပ်မတော်သားများ၊ လုံခြုံရေးတပ်ဖွဲ့ဝင် များအတွက် ပဲခူးတိုင်းဒေသကြီးမှ စားသောက် ဖွယ်ရာများ ပို့ဆောင်နိုင်ရေး ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး တို့သည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင် ၍ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်ပြည်သူ များက ထောက်ပံ့လှူဒါန်းသည့် စားသောက်ဖွယ်ရာ များ ပို့ဆောင်ပေးနိုင်ရေး ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပရဟိတအသင်းအဖွဲ့များမှ စနစ်တကျ ထုပ်ပိုးနေမှု တို့ကို သွားရောက်ကြည့်ရှုအားပေးသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်ပြည်သူများက ထောက်ပံ့လှူဒါန်းသည့် စားသောက်ဖွယ်ရာ များ တန်ဖိုးငွေကျပ် သိန်း ၂၅၀ ကျော်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)