
နေပြည်တော် ဇူလိုင် ၃၁
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ရှိ ရပ်ကွက်များ အတွင်းသို့ လုံခြုံရေးတပ်ဖွဲ့ဝင် များက လက်နက်ကြီး ၁၀ လုံးဖြင့် ပစ်ခတ်မှုကြောင့် သိမ်ဇရပ်ရွာ လေးရပ်ကွက် (၇) လမ်းတွင် နေထိုင်သည့် ကိုယ်ဝန်လေးလ လွယ်ထားရသည့် အမျိုးသမီး တစ်ဦးအပါအဝင် အရပ်သား ကိုးဦး သေဆုံးဟု သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရ သည်။
၎င်းသတင်းနှင့် ပတ်သတ်၍ တာဝန်ရှိသူတစ်ဦး၏ ပြောကြား ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် ကျိုက်ထိုမြို့နယ်အတွင်း နယ်မြေလုံခြုံရေး လုပ်ငန်းများ ကို ပုံမှန်ဆောင်ရွက်လျက်ရှိပြီး အကြမ်းဖက်သမားများနှင့်လည်း ထိတွေ့တိုက်ပွဲဖြစ်ပွားမှု မရှိ ကြောင်း၊ လက်နက်ကြီးဖြင့် ရပ်ကွက်များအတွင်း ပစ်ခတ်ခဲ့ သည်ဆိုသည့် သတင်းမှာလည်း မှန်ကန်မှုမရှိကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများ အနေဖြင့် တပ်မတော်အပေါ် ပြည်သူလူထု မှ အထင်အမြင်လွဲမှားစေရန်နှင့် ဒေသခံပြည်သူများ ထိတ်လန့် ကြောက်ရွံ့စေရန် ရည်ရွယ်ချက် များဖြင့် လူမှုကွန်ရက်တွင် မဟုတ်မမှန်သတင်းများ လှုံ့ဆော် ရေးသားဖြန့်ဝေနေခြင်းသာ ဖြစ် ကြောင်း သတင်းရရှိသည်။
သတင်းစဉ်