
ရန်ကုန် ဇူလိုင် ၃၀
ပရဟိတအဖွဲ့များ၏ ပုံစံအကောင့်တုများဖြင့် လိမ်လည်နေကြသောကြောင့် စုံစမ်းမေးမြန်း ပြီးမှ လှူရန်နှင့် သံသယရှိပါက မလှူရန် ပရဟိတ ဆရာတော်တစ်ပါးဖြစ်သည့် သာသနာနွယ်ဖောင်ဒေးရှင်းမှ ဆရာတော်က လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် အသိပေး ရေးသားထားသည်။
ယခုအခါ လူလိမ်များက ဂိုဏ်းအသွင် ဖွဲ့စည်းလျက် ဆရာတော်များ၏ ပုံစံတူ အကောင့်တု၊ Page အတုများ၊ ပရဟိတ ဦးဆောင်သူများ၏ ပုံစံတူ အကောင့်တု၊ Page အတုများ၊ ပရဟိတအသင်းအဖွဲ့များ၏ ပုံစံတူအကောင့်တု၊ Page အတုများ ဖွင့်ကာ ကလေးလူနာ ပုံများ၊ လူကြီးလူနာပုံများပြလျက် လိုက်လံအလှူခံနေခြင်းများ ရှိနေကြောင်း ဆရာတော်က မိန့်ကြားထားသည်။
ယင်းကဲ့သို့ Online Shop ပုံစံတူအကောင့် တု၊ Page အတုများ ဖွင့်လှစ်လျက် ရလျှင် ရသလောက် အမျိုးမျိုးလိုက်လံလိမ်လည် နေကြသဖြင့် သေချာစွာ စိစစ်မေးမြန်းစုံစမ်း ပြီးမှသာ အလှူငွေများ လွှဲအပ်လှူဒါန်းကြရန် အသိပေးထားသည်။
ထို့အပြင် အမျိုးသမီးတစ်ဦးကလည်း ဆရာ တော်၏ပို့စ်အောက်တွင် ငွေသားပမာဏမည်မျှ ဆုမဲငွေသားကံထူးသည့်အတွက် မက်ဆေ့ခ်ျ ပေးပို့လာသော ဖုန်းနံပါတ်သို့ ဆက်သွယ်ပေး ရန် ဖုန်းနံပါတ်တစ်ခုမှ မကြာခဏ မက်ဆေ့ခ်ျ ပေးပို့လျက်ရှိကြောင်း ဆိုသည်။
“တော်တော်လေး သတိထားနေရတယ်။ ဘာအထိမ်းအမှတ် အနေနဲ့ ဆုငွေပေါက်တာ ဆိုပြီး မက်ဆေ့ခ်ျပို့လာတာ နှစ်ခါ သုံးခါရှိပြီ။ သူတို့ပို့လာတဲ့ ဆုငွေပေါက်တယ်ဆိုတဲ့ ပမာဏကလည်း မက်မောလောက်တဲ့ ပမာဏ ပဲ။ ဒါပေမယ့် လိမ်မှန်းသိတယ်။ သူတို့ကိုပြန်ပြီး တော့ ဆက်သွယ်ရင် KPay ကနေ ဘယ်လောက် ပို့ပေးပါ။ ဘယ်ကနေ ဘယ်လောက်ပို့ပေးပါ ဆိုပြီး လိမ်မှာ” ဟု ယင်းက ဆိုသည်။
MT