
ရန်ကုန် ဇူလိုင် ၃၀
စက်မှုဇုန်များရှိ အထည်ချုပ် စက်ရုံများအနေဖြင့် ယခင်ထက်အော်ဒါရရှိမှုပိုများနေသော်လည်း လုပ်သားရှားပါးမှု ရှိနေကြောင်း မေးမြန်းထားသည့် အချက် အလက်များအရ သိရသည်။
ထိုသို့ လုပ်သားလိုအပ်ချက် ရှိနေသည့်အတွက် အလုပ်လုပ် ကိုင်လိုသူများအနေဖြင့် အလုပ် အကိုင် အခွင့်အလမ်းကောင်း ရရှိနိုင်သည့် အနေအထားလည်း ဖြစ်ကြောင်း သိရသည်။ “အထည် ချုပ်စက်ရုံတွေအနေနဲ့ အော်ဒါ ရရှိမှုကတော့ ကောင်းတယ်။ ဘင်္ဂလားဒေ့ရှ်အော်ဒါက ကျွန်တော် တို့ ဆီရောက်လာတာ၊ နည်းနည်း ပါးပါးမဟုတ်ဘူး။ အများကြီး သိန်းချီပြီး ရောက်လာတယ်။ အော်ဒါရရှိမှုက အရင်ထက်ပိုရရှိ တယ်။ အော်ဒါရရှိမှုအနေနဲ့က အရင် လေးလတစ်ဖြတ်စီပေး တယ်၊ အခုတော့ ယူနိုင်တယ် ဆိုရင် တစ်နှစ်စာလည်းပေးတယ်” ဟု အထည်ချုပ်စက်ရုံ လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။
အထည်ချုပ်စက်ရုံများ အနေ ဖြင့် ယင်းကဲ့သို ပြည်ပမှ အော်ဒါ ရရှိမှု အခွင့်အလမ်း ပိုများသော် လည်း ယခုလက်ရှိတွင် စက်ရုံ လုပ်သားများအနေဖြင့် ပြည်ပ နိုင်ငံများသို့ သွားရောက်လုပ်ကိုင် ခြင်းများရှိနေပြီး တရားမဝင် သွားရောက်သူများလည်း ရှိနေ ကြောင်း သိရသည်။
“အော်ဒါကောင်းပေမယ့် လူ မရှိရင် အခက်အခဲရှိတယ်။ အော်ဒါရရှိမှုက အရင်ထက်ပိုရရှိ ပြီးတော့ လုပ်သားရှားပါးမှုတွေ ရှိနေတယ်။ အခက်အခဲတွေရှိလာ တယ်။ အခု တရုတ်ပြည် နယ်စပ် မှာ စက်မှုဇုန်တွေ တည်နေတော့ တရားမဝင်နဲ့သွားနေတာ။ တရား မဝင်လာတဲ့သူကို တကယ်လုပ် တတ်တဲ့သူတွေကို ချပြတယ်၊ လုပ်နိုင်တယ်၊ လုပ်ခိုင်းတယ်၊ နေဖို့၊ စားဖို့ အကုန်ပေးတယ်။ တရား မဝင်နဲ့သွားကြတာ များတယ်” ဟု ၎င်းက ပြောကြားသည်။
အထည်ချုပ် စက်ရုံများအနေ ဖြင့် လုပ်သားလိုအပ်ချက်ရှိနေ သည့်အပေါ် အလုပ်သမားများ အနေဖြင့် လာရောက်လုပ်ကိုင် စေလိုပြီး အခွင့်အလမ်းများလည်း ရှိနေကြောင်း အထည်ချုပ်စက်ရုံ တစ်ရုံမှ HR မန်နေဂျာ တစ်ဦး က ဆိုသည်။
MT