နေပြည်တော် ဇူလိုင် ၃၀ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည် တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ ကျင်းပသည်။ ဆွေးနွေးပွဲသို့ အမျိုးသား ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ဟ

 

နေပြည်တော်  ဇူလိုင်   ၃၀


မြန်မာနိုင်ငံခရီးသွားလုပ်ငန်း     ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည် တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ ကျင်းပသည်။


ဆွေးနွေးပွဲသို့ အမျိုးသား ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ  ဟိုတယ် နှင့်ခရီးသွားလာရေးဝန်ကြီးဌာန     ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဗဟိုကော်မတီဝင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ဒုတိယ ဝန်ကြီး  ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊   ဌာန ဆိုင်ရာအကြီးအကဲများ၊ နေပြည်တော် State Aca-demy ၊ မန္တလာတက္ကသိုလ်နှင့်  အမျိုးသားစီမံခန့်ခွဲမှု ပညာဒီဂရီကောလိပ်တို့မှ တာဝန်ရှိသူများ၊    မြန်မာ နိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ညီနောင် အသင်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။


ဦးစွာ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရေးဗဟိုကော်မတီ   ဒုတိယဥက္ကဋ္ဌ    ပြည်ထောင်စု ဝန်ကြီး     ဒေါက်တာသက်သက်ခိုင်က   အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ ဇွန်လအတွင်း ကျင်းပပြုလုပ်ခဲ့သည့် (၁/၂၀၂၄) ကြိမ် မြောက် အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရေး ဗဟိုကော်မတီအစည်းအဝေးတွင် ဆုံးဖြတ်ထား သည့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက် ရေးအတွက် Myanmar Tourism Development Board သို့မဟုတ် Authority တစ်ခုတည်ထောင်ရန် လိုအပ်ချက် ရှိ/မရှိနှင့် ဆောင်ရွက်နိုင်မည့်  လုပ်ငန်း စဉ်များကို ဖော်ထုတ်ပြီး ဆန်းစစ်ချက်များနှင့်အတူ ကော်မတီသို့ ပြန်လည်တင်ပြနိုင်ရန်အတွက် ကျင်းပ ခြင်းဖြစ်ကြောင်း။


ယနေ့အလုပ်ရုံဆွေးနွေးပွဲတွင် Myanmar Tou-rism Development Board သို့မဟုတ် Authority တစ်ခုတည်ထောင်ရန် လိုအပ်ချက် ရှိ/မရှိနှင့် စပ်လျဉ်း ပြီး အရေးပါသည့် ခေါင်းစဉ် (၅)ခုကို  ရွေးချယ် သတ်မှတ်ထားပြီးဖြစ်ကြောင်း၊  ထို့ကြောင့် မြန်မာ နိုင်ငံခရီးသွားလုပ်ငန်း  ဖွံ့ဖြိုးတိုးတက်ရေးအတွက် Myanmar Tourism Development Board  ၏ လုပ်ငန်းယန္တရား   စနစ်တကျ  ပေါ်ထွက်လာပြီး လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့် လုပ်ငန်းစဉ်များကို ဖော်ထုတ်နိုင် ရန်အတွက် တက်ရောက်လာကြသူများအနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းဆွေးနွေးပေးကြ စေလိုကြောင်း တိုက်တွန်းပြောကြားသည်။


ထို့နောက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ် များနှင့်စပ်လျဉ်း၍လည်းကောင်း၊ အမြဲတမ်းအတွင်းဝန် ဦးလှိုင်ဦးက   အလုပ်ရုံဆွေးနွေးပွဲ၌   ဆွေးနွေးကြ မည့် အကြောင်းအရာများနှင့် အဖွဲ့အလိုက် ဆွေးနွေး ကြမည့် အစီအစဉ်များနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြကြပြီး      ပြည်ထောင်စုဝန်ကြီးများ သည် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများနှင့် အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။


ယင်းနောက် အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက် ကျင်းပရာ  အဖွဲ့(၅)ဖွဲ့မှ   ကိုယ်စားလှယ်များက  MTDB ၏ အမည်၊ မျှော်မှန်းချက်၊ ရည်ရွယ်ချက်နှင့် လုပ်ငန်းတာဝန်များ၊  MTDB  ၏ ဖွဲ့စည်းပုံ၊ MTDB  ဥပဒေရေးဆွဲပြုစုရေးနှင့်    ဥပဒေတွင်ထည့်သွင်းရမည့် ကိစ္စရပ်များ၊ MTDB ၏ စီမံကိန်းများ ချမှတ်ခြင်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့် MTDB ၏ ဘဏ္ဍာငွေအရင်းအမြစ်များ ရရှိခြင်း၊ ထိန်းသိမ်းခြင်းနှင့်သုံးစွဲခြင်း စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေး တင်ပြကြပြီး တက်ရောက်လာကြသူများက  သိလို သည်များကို မေးမြန်းဆွေးနွေးကြသည်။
ဆက်လက်၍  ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော် က အလုပ်ရုံဆွေးနွေးပွဲ၏   ရလဒ်များကို   ဆွေးနွေး တင်ပြရာ ဒုတိယဝန်ကြီးက ပြန်လည်သုံးသပ်ဆွေးနွေး ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က နိဂုံးချုပ် အမှာစကားပြောကြားကာ အလုပ်ရုံဆွေးနွေး ပွဲကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။


 သတင်းစဉ်