ယနေ့အချိန်တွင် ပြည်သူများ စာပေဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာမြင့်မားလာစေရန် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များကို နိုင်ငံတစ်ဝန်းလုံးတွင် စီစဉ်ကျင်းပပေးလျက်ရှိ

 

နေပြည်တော်  ဇူလိုင်   ၃၀


ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုး တိုးတက်စေရန်၊    ကျောင်းသား ကျောင်းသူများ     စာအုပ်စာပေ လေ့လာဖတ်ရှုနိုင်ရန်နှင့် စာပေ လေ့လာဖတ်ရှုခြင်းမှ    ရရှိသော အသိပညာ     ဗဟုသုတများကို ပြန်လည်အသုံးချ     မျှဝေနိုင်ရန် ရည်ရွယ်၍ ကျောင်းစာကြည့်တိုက် များ         ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်   မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားကို      ယနေ့ နံနက်ပိုင်းတွင်    ရမည်းသင်းမြို့ အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်း၌     ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန   ပြည် ထောင်စုဝန်ကြီး ဦးမောင်မောင် အုန်း တက်ရောက်အားပေးသည်။


ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး


ရှေးဦးစွာ ကျောင်းစာကြည့် တိုက်များ  ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်    မြှင့်တင်ရေးပွဲတော် မုခ်ဦးကို     ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့သယံဇာတ ရေးရာဝန်ကြီး   ဦးရွှေဇင်၊   လူမှု ရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ ရမည်းသင်းတပ်နယ် တပ်နယ်မှူး ဗိုလ်မှူးကြီး  ဇော်မြင့်ဦး၊  ရမည်း သင်းခရိုင်   စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းတို့က ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး တက်ရောက် လာကြသူများနှင့် စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံရိုက်ကြကာ   ပါဝင် ကူညီခဲ့သည့်       ပန်းဖွားအဖွဲ့၊ ဘင်ခရာအဖွဲ့နှင့် ဦးရွှေရိုး၊ ဒေါ်မိုး အကအဖွဲ့တို့အား   ဂုဏ်ပြုချီးမြှင့် ငွေများ ပေးအပ်ကြသည်။


 ဆက်လက်၍ အခမ်းအနား ဒုတိယပိုင်းအစီအစဉ်ကို  အဆိုပါ ကျောင်းခန်းမ၌ ကျင်းပရာ အမှတ် (၅)   အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းသား ကျောင်းသူ များက  “ပညာဘဏ် တိုက်စာကြည့် တိုက်သို့  သွားကြစို့”  သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးပြီး “နိုင်ငံအကျိုး အတွက်   မှန်းမျှော်ရည်   ခိုင်မာ တိုးတက်စေရမည်”  Video Clip ကို ပြသသည်။


ပြုစုပျိုးထောင်ပေး


ထို့နောက်      မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက် ရေး      ပူးပေါင်းဆောင်ရွက်မှု ကော်မတီဥက္ကဋ္ဌ    ပြည်ထောင်စု ဝန်ကြီး   ဦးမောင်မောင်အုန်းက  ကျောင်းသား    လူငယ်များသည် နိုင်ငံတော်၏        အနာဂတ် သားကောင်းရတနာများဖြစ်သည့် အတွက်  အရည်အသွေးပြည့်ဝ စေရန်   ပြုစုပျိုးထောင်ပေးကြရ မည်ဖြစ်ကြောင်း၊     စာအုပ်စာပေ များသည် မိမိတို့အားလုံးကို အသိ ပညာ ဗဟုသုတများအား ပေးစွမ်း နိုင်သည့်အတွက်    ငယ်စဉ်အချိန် ကပင်     ဖတ်ရှုလေ့လာကြရန် လိုအပ်ပါကြောင်း၊ ယနေ့အချိန် တွင်     ပြည်သူများ      စာပေဖတ်ရှု လေ့လာခြင်းဖြင့်      အသိပညာ မြင့်မားလာစေရန်     စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်များကို နိုင်ငံ တစ်ဝန်းလုံးတွင် စီစဉ်ကျင်းပပေး လျက်ရှိပါကြောင်း။


နိုင်ငံတော်   အကြီးအကဲက စာမတတ်သူသည်   ထိုင်နေသည့် လူနှင့်တူပြီး စာတတ်ပြီး စာမဖတ် သူမှာ ရပ်နေသည့်လူနှင့်တူကြောင်း၊  စာတတ်ပြီး   စာပေလေ့လာဖတ်ရှု သူဖြစ်မှသာ   လမ်းလျှောက်နေ သည့်လူနှင့်တူသည်ဟု လမ်းညွှန် ထားသည့်အတွက် ကျောင်းသား လူငယ်များအနေဖြင့်   စာလည်း တတ်၊   စာလည်းဖတ်ပြီး     အသိ ဉာဏ်ပညာပြည့်ဝစွာဖြင့်   အနာ ဂတ်ကို လျှောက်လှမ်းနေကြရမည် ဖြစ်ကြောင်း၊    ယခု   စာဖတ်ရှိန် မြှင့်တင်ရေး    ပွဲတော်များမှသည် စာပေလေ့လာဖတ်ရှုသည့် အလေ့ အထ‌ကောင်းများ ပေါ်ပေါက်လာ အောင် မိမိတို့အားလုံးက ဝိုင်းဝန်း ကြိုးပမ်းပေးကြရန်     လိုအပ်ပါ ကြောင်း ပြောကြားသည်။


ပေးအပ်လှူဒါန်း


ထို့နောက်      ပြည်ထောင်စု ဝန်ကြီးက ရမည်းသင်းမြို့ပေါ်ရှိ အခြေခံပညာ    အထက်တန်း ကျောင်းနှင့် အလယ်တန်းကျောင်း များအတွက် DTH စလောင်းငါးစုံ နှင့် DVB T2 Set Top Box  ၁၅ လုံးတို့အား  ပေးအပ်လှူဒါန်းရာ အခြေခံပညာ   ကျောင်းများမှ ကျောင်းအုပ်ဆရာ၊  ဆရာမကြီး များက လက်ခံရယူကြသည်။   


ဆက်လက်၍     အမှတ်(၅) အခြေခံပညာ    အထက်တန်း ကျောင်းမှ ကျောင်းသား ကျောင်း သူများက “အလှဆုံးပန်းများ ပွင့်ကြ  ပြီ”  သီချင်းဖြင့်  ဖျော်ဖြေကြပြီး ရုပ်ရှင်အနုပညာရှင် အကယ်ဒမီ ဒေါ်ဆွေဇင်ထိုက်က“စာစုံ ဖတ်မယ်     ‌ကျောင်းသားအရွယ်”  ခေါင်းစဉ် ဖြင့် ဟောပြောဆွေးနွေးသည်။


ယင်းနောက် ရမည်းသင်းမြို့ အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်း   စာကြည့်တိုက် အတွက် တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ      စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းသည်။


လှည့်လည်ကြည့်ရှုအားပေး


ထို့နောက် အမှတ်(၁)အခြေခံ ပညာ  အထက်တန်းကျောင်းမှ ကျောင်းသား  ကျောင်းသူများက  “ဘက်စုံပညာရည် တို့လှမ်းချီ”  သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြ ပြီး အကအဖွဲ့များအား ဂုဏ်ပြုငွေ များ ပေးအပ်ချီးမြှင့်ကာ ကျောင်း စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက် ရေးနှင့်    စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်အတွင်း  ခင်းကျင်းပြသ ထားသော  စာအုပ်စာစောင်များ၊ ဌာနဆိုင်ရာပြခန်းများ၊  ဓာတ်ပုံ ပြပွဲများ၊ ပုံပြောပြိုင်ပွဲ၊ စာစီစာကုံး ပြိုင်ပွဲ၊    ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ ကျပန်း စကားပြောပြိုင်ပွဲ၊ ဂိမ်းပြိုင်ပွဲများ ကျင်းပနေမှုများကို  လှည့်လည် ကြည့်ရှုအားပေးခဲ့သည်။


သတင်းစဉ်