အိမ်ထောင်စုတစ်စုလျှင် တစ်လတစ်ကြိမ် စားအုန်းဆီ နှစ်ပိဿာနှုန်းဖြင့် အိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချရန် စီစဉ်ဆောင်ရွက်ထား

 

ရန်ကုန်   ဇူလိုင်   ၃၀


အိမ်ထောင်စု     တစ်စုလျှင် တစ်လအတွက်တစ်ကြိမ် စားအုန်း ဆီ  နှစ်ပိဿာနှုန်းဖြင့်   အိမ်တိုင် ရာရောက်      ဖြန့်ဖြူးရောင်းချ ရန် စီစဉ်ဆောင်ရွက်ထားကြောင်း မြန်မာနိုင်ငံ    ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ   သိရ သည်။


ရန်ကုန်တိုင်း      ဒေသကြီး အတွင်းရှိ  မြို့နယ်  ၄၄  မြို့နယ် ၌  စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ကြီးကြပ်မှုအောက် တွင်   စားအုန်းဆီတင်သွင်းသော ကုမ္ပဏီများက လက်လီ/လက်ကားအရောင်းဆိုင်များ မှတစ်ဆင့် ပြည်သူများသို့ နေ့စဉ်၊ လစဉ် စားအုန်းဆီ များ ဖြန့်ဖြူးပေးလျက်ရှိသည်။ ထိုသို့ ဖြန့်ဖြူးလျက် ရှိသော်လည်း  အရောင်းဆိုင်များသို့   သွားရောက် ဝယ်ယူရန်အခက်အခဲရှိသော အိမ်ထောင်စုများအနေ ဖြင့်  စားအုန်းဆီများကို  မိသားစုတစ်စု  တစ်လစာ ဝယ်ယူနိုင်ရန်၊ လျင်မြန်လွယ်ကူစွာဖြင့် အိမ်အရောက် ဝယ်ယူနိုင်စေရန် ရည်ရွယ်ပြီး အိမ်ထောင်စုတစ်စုလျှင် တစ်လအတွက်  တစ်ကြိမ်လျှင်  နှစ်ပိဿာနှုန်းဖြင့်  ဝယ်ယူနိုင်ရေးကို ရန်ကုန်တိုင်းဒေသကြီး စားအုန်းဆီ အိမ်တိုင်ရာရောက်  ဖြန့်ဖြူးရောင်းချ ရေးကော်မတီ မှ  စီစဉ်ဆောင်ရွက်ထားသည်ဟု   ဇူလိုင်  ၃၀  ရက် တွင် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းက အသိပေးထုတ်ပြန်ထားသည်။


ဝယ်ယူနိုင်ရန်အတွက်   Call Center  ဖွင့်လှစ်၍ မှာကြားချက်များကို မှာကြားနိုင်ရန် လက်ခံမှတ်သား သွားမည်ဖြစ်၍ ဇူလိုင်  ၃၁ ရက်မှစ၍ နံနက် ၉ နာရီမှ ညနေ ၃နာရီခွဲအတွင်း တနင်္လာနေ့မှ စနေနေ့အထိ (တနင်္ဂနွေနေ့နှင့် အစိုးရရုံးပိတ်ရက်မပါ) Call Center ဖုန်းနံပါတ် ၀၁-၂၃၉၉၂၂၂ (လိုင်းခွဲ ၇ လိုင်း)  သို့ မှာကြားနိုင်ကြောင်း အသိပေးထားသည်။

ဈေးနှုန်း အနေဖြင့်  တနင်္လာနေ့တိုင်း    သတင်းစာများတွင် ထုတ်ပြန်သည့်    လက်ကားရည်ညွှန်းဈေးနှုန်းကို အခြေခံ၍     အကျိုးအမြတ်ထည့်သွင်းထားခြင်း မရှိဘဲ  ဘူးခွံဖိုးနှင့် ဘူးသွတ်ခကို ထည့်သွင်းတွက်ချက် ထားသည့်   ဈေးနှုန်းဖြင့်    ရောင်းချပေးသွားမည် ဖြစ်ကြောင်း ပါရှိသည်။


Delivery   ခကို   မှာကြားသည့်   ဝယ်သူဘက်မှ ပေးချေရမည်ဖြစ်ပြီး ပစ္စည်းရောက်ငွေချေစနစ်ဖြင့်သာရောင်းချသွားမည်ဖြစ်သည်။ ထို့အတူ ဆီဖိုးကို ကြိုတင်ငွေပေးချေရန် မလိုကြောင်းနှင့် မှာကြားရက် နှင့်ပစ္စည်းရောက်မည့်ရက်မှာ သုံးရက်ခန့်ကွာခြားနိုင် သည်ဟု ရန်ကုန်တိုင်းဒေသကြီး စားအုန်းဆီအိမ်တိုင် ရာရောက် ဖြန့်ဖြူးရောင်းချရေးကော်မတီမှ အသိပေး ကြေညာထားသည်။    

                                          

MT