
ရေနံချောင်း ဇူလိုင် ၃ဝ
ယခုနှစ် မိုးရာသီတွင် ပဲမာ မျိုးစုံစိုက်ဧက ဧက ၂၅ဝဝဝ ကျော်ကို လျာထားစိုက်ပျိုး လျက်ရှိကြောင်း မကွေးတိုင်း ဒေသကြီး ရေနံချောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အညာဒေသတွင် ပဲတီစိမ်း၊ ပဲစင်းငုံ၊ ပဲလွမ်းနှင့် ပဲနောက်တို့ကို မိုးရာသီတွင် သီးထပ်၊ သီးညှပ် အဖြစ် ယာမြေများတွင် အဓိက ထား စိုက်ပျိုးကြသည့်အပြင် သီးခြားစိုက်ပျိုးကြသည်။
ပဲမာမျိုးစုံများသည် ပြည်တွင်း မုန့်လုပ်ငန်းများမှ ဝယ်ယူသည့် အပြင် ပြည်ပသို့လည်း တင်ပို့ရ သဖြင့် စိုက်ပျိုးသူများအတွက် စျေးကွက်ပုံမှန်ရှိ၍ အရောင်း အဝယ်ကောင်းကြောင်း သိရသည်။
ယခုနှစ် မိုးသီးနှံ ပဲနောက် ၇၁၁၃ ဧက၊ ပဲလွမ်း ၁၁၄၇ ဧက၊ ပဲတီစိမ်း ၂၉ဝ၉ ဧက၊ ပဲစင်းငုံ ၁၄၂ဝ၂ ဧက လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဆန်းညွန့်(ရေနံချောင်း)