မြစ်ရေကြီးမှုအခြေအနေများ

 

မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် အကြံပြု

နေပြည်တော်  ဇူလိုင်  ၂၇
ယနေ့ မွန်းလွဲ ၁၂ နာရီခွဲတိုင်းထွာချက်များအရ ဧရာဝတီမြစ်ရေသည် ဆိပ်သာမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၃၉ ဒသမ ၃၇ ပေ (၁၂၀၀ စင်တီမီတာ) အထက်သို့ တစ်ပေကျော်ခန့် (၃၄ စင်တီမီတာ) ကျော် လွန်ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း လေးလက်မခန့် ကျဆင်းလာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။
ဟင်္သာတမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၄၄ ဒသမ ၀၃ ပေ (၁၃၄၂ စင်တီမီတာ)အထက်သို့ နှစ်ပေကျော်ခန့် (၆၈ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်တစ်ရက် အတွင်း တစ်လက်မခန့် ကျဆင်းလာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက် ဆက်လက်တည်ရှိနိုင်သည်။
ဇလွန်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၃၈ ဒသမ ၀၆ ပေ (၁၁၆၀ စင်တီမီတာ) အထက်သို့ နှစ်ပေခွဲခန့် (၇၂ စင်တီမီတာ) ကျော်လွန် ရောက်ရှိနေသည်။   အဆိုပါမြစ်ရေသည်   နောက်တစ်ရက်အတွင်း တစ်လက်မခန့် ကျဆင်းလာနိုင်ပြီး ယင်းမြို့၏စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။
ယနေ့ မွန်းလွဲ ၁၂ နာရီခွဲတိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၃၅ ဒသမ ၁၀ ပေ (၁၀၇၀ စင်တီမီတာ)အထက်သို့ ခြောက်ပေခန့် (၁၈၃ စင်တီမီတာ) ကျော်လွန် ရောက်ရှိနေသည်။  အဆိုပါမြစ်ရေသည်   နောက်တစ်ရက်အတွင်း တစ်ပေခွဲခန့် မြင့်တက်လာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။
ယနေ့ မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်အရ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် ယင်းမြို့၏စိုးရိမ်ရေမှတ်  ၂၂ ဒသမ ၉၇ ပေ (၇၀၀ စင်တီမီတာ) အထက်သို့ လေးပေခွဲကျော်ခန့် (၁၄၁ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည်  နောက်တစ်ရက် အတွင်း နှစ်ပေခန့် မြင့်တက်လာနိုင်ပြီး  ယင်းမြို့၏   စိုးရိမ်ရေမှတ် အထက် ဆက်လက်တည်ရှိနိုင်သည်။
ယနေ့ မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်အရ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၂၈ ဒသမ ၈၇ ပေ (၈၈၀ စင်တီ မီတာ)အထက်သို့ နှစ်ပေခန့် (၅၇ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေ သည်။ အဆိုပါမြစ်ရေသည်   နောက်တစ်ရက်အတွင်း   နှစ်ပေခန့် မြင့်တက်လာနိုင်ပြီး  ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်   ဆက်လက် တည်ရှိနိုင်သည်။
ယနေ့ မွန်းလွဲ ၁၂ နာရီခွဲ  တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၂၄ ဒသမ ၆၁ ပေ (၇၅၀ စင်တီမီတာ) အထက်သို့   ငါးပေခွဲကျော်ခန့် (၁၇၅ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်တစ်ရက် အတွင်း တစ်ပေခွဲခန့် မြင့်တက်လာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက် ဆက်လက်တည်ရှိနိုင်သည်။
ယနေ့ မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်အရ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၃၁ ဒသမ ၅၉ ပေ (၉၆၃ စင်တီမီတာ) အထက်သို့ ၁၂ ပေခန့် (၃၆၄ စင်တီမီတာ)  ကျော်လွန် ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည်   နောက်တစ်ရက်အတွင်း သုံးပေခန့်ကျဆင်းလာနိုင်ပြီး   ယင်းမြို့၏   စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။
ယနေ့ မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်အရ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၃၈ ဒသမ ၀၆ ပေ (၁၁၆၀ စင်တီမီတာ)အထက်သို့   သုံးပေခန့်   (၈၄ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်တစ်ရက် အတွင်း ပေဝက်ခန့် မြင့်တက်လာနိုင်ပြီး ယင်းမြို့၏  စိုးရိမ်ရေမှတ် အထက် ဆက်လက်တည်ရှိနိုင်သည်။
သာပေါင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၂၀ ဒသမ ၃၄ ပေ (၆၂၀ စင်တီမီတာ) အထက်သို့   တစ်ပေခွဲကျော်ခန့်   (၄၉ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်တစ်ရက် အတွင်း လေးလက်မခန့် မြင့်တက်လာနိုင်ပြီး ယင်းမြို့၏စိုးရိမ်ရေမှတ် အထက် ဆက်လက်တည်ရှိနိုင်သည်။
ယနေ့ မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်အရ တိုးမြစ်ရေသည် မအူပင်မြို့တွင်  ယင်းမြို့၏   စိုးရိမ်ရေမှတ် ၂၃ ဒသမ ၆၂ ပေ (၇၂၀ စင်တီမီတာ) အထက်သို့ တစ်ပေခန့်   (၂၅ စင်တီမီတာ) ကျော်လွန် ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း ဒီရေ မြင့်တက်ချိန်တွင် စိုးရိမ်ရေမှတ်အထက် တစ်ပေခန့် မြင့်တက်လာနိုင် သည်။
ယနေ့ မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်အရ ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၃၃ ဒသမ ၅၃ ပေ (၁၀၂၂ စင်တီမီတာ) အထက်သို့ တစ်ပေခွဲခန့် (၄၄ စင်တီမီတာ) ကျော်လွန် ရောက်ရှိနေသည်။  အဆိုပါမြစ်ရေသည်   နောက်တစ်ရက်အတွင်း ပေဝက်ခန့်  မြင့်တက်လာနိုင်ပြီး ယင်းမြို့၏  စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။
သို့ဖြစ်ပါ၍ ဟင်္သာတမြို့နယ်၊  ဇလွန်မြို့နယ်၊   ရွှေကျင်မြို့နယ်၊ ပဲခူးမြို့နယ်၊ ဘားအံမြို့နယ်၊ မြဝတီမြို့နယ်၊ သာပေါင်းမြို့နယ်၊ မအူပင် မြို့နယ်၊ ဘီးလင်းမြို့နယ်၊ ဆိပ်သာမြို့၊ မဒေါက်မြို့နှင့် ငါးသိုင်းချောင်း မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် အကြံပြုအပ်သည်။            
မိုး/ဇလ