
နေပြည်တော် ဇူလိုင် ၂၇
မြန်မာ့အသံနှင့်ရုပ်မြင်သံကြား တိုင်းရင်းသားလူမျိုး များရုပ်သံလိုင်း ထုတ်လွှင့်မှုကို ၂၀၂၄ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစပြီး ဇူလိုင်လ ၃၁ ရက်နေ့အထိ နေ့စဉ် နံနက်(၆:၀၀)နာရီမှစပြီး၊ ရှမ်း ၊ '၀' ၊ ကချင်၊ ကယား၊ စကောကရင်၊ အနောက်ပိုးကရင် ၊ အရှေ့ပိုး ကရင်၊ ချင်း(လိုင်ဇိုး)၊ ချင်း(ချိုး)၊ မွန်၊ ရခိုင်ဘာသာ အစီအစဉ်များကို ည (၂၃:၀၀)နာရီအထိ ထုတ်လွှင့် လျက်ရှိပါသည်။
ယခု NRC ရုပ်သံလိုင်း ထုတ်လွှင့်ချိန်ပြောင်းလဲ ထုတ်လွှင့်မှုကို ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့ မှစပြီး နိုဝင်ဘာလ ၃၀ ရက်နေ့အထိ နေ့စဉ် နံနက် (၆:၀၀)နာရီမှ (၈:၀၀) နာရီအထိ ' ဝ ' ဘာသာ အစီအစဉ် နံနက်(၈:၀၀)နာရီ မှ (၁၀:၀၀)နာရီအထိ ကချင်ဘာသာအစီအစဉ်၊ နံနက် (၁၀:၀၀)နာရီမှ နံနက်(၁၂:၀၀)နာရီအထိ ကယားဘာသာအစီအစဉ်၊ မွန်းတည့် (၁၂:၀၀) နာရီမှ မွန်းလွဲ (၁၃:၀၀)နာရီ အထိ စကောကရင်ဘာသာအစီအစဉ်၊ မွန်းလွဲ (၁၃:၀၀)နာရီမှ ညနေ(၁၄:၀၀) နာရီအထိ အနောက် ပိုးကရင် ဘာသာအစီအစဉ်၊ ညနေ(၁၄:၀၀)နာရီ မှ ညနေ(၁၅:၀၀)နာရီအထိ အရှေ့ပိုးကရင်ဘာသာ အစီအစဉ်၊ ညနေ(၁၅:၀၁)နာရီမှ (၁၆:၀၀)နာရီအထိ ချင်း(လိုင်ဇိုး) ဘာသာအစီအစဉ်၊ ညနေ(၁၆:၀၀)နာရီမှ ည(၁၇:ဝ၀) နာရီအထိ ချင်း(ချိုး)ဘာသာ အစီအစဉ်၊ ည(၁၇:၀၀) နာရီ မှ (၁၉:၀၀)နာရီအထိ မွန်ဘာသာ အစီအစဉ်၊ ည(၁၉:၀၀)နာရီ မှ (၂၁:၀၀)နာရီအထိ ရခိုင်ဘာသာအစီအစဉ်၊ ည(၂၁:၀၀)နာရီ မှ ၂၃:၀၀) နာရီအထိ ရှမ်းဘာသာအစီအစဉ်တို့ကို ဘာသာအလိုက် အချိန်ပြောင်းလဲထုတ်လွှင့်သွား မည်ဖြစ်ပါသည်။
သတင်းစဉ်