ရွှေတောင်မြို့နယ်၌ အိမ်ထောင်စုများ မူလနေအိမ်များသို့ ပြန်လည်ပြောင်းရွှေ့

ရွှေတောင်  ဇူလိုင်  ၂၆


ပဲခူးတိုင်းဒေသကြီး   ရွှေတောင်မြို့နယ်အတွင်း  ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ပြောင်းရွှေ့နေထိုင်လျက်ရှိသည့် အိမ်ထောင်စုများ အနက်  ဧရာဝတီမြစ်ရေသည် ၉၁ ဒသမ ၃ ပေသို့ ထပ်မံကျဆင်းခဲ့သဖြင့် ရပ်ကွက် သုံးရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၂ အုပ်စု အိမ်ထောင်စုအချို့ရှိ  အိမ်ခြေ ၁၆၂ အိမ်၊ အိမ်ထောင်စု ၁၉၅ စု၊ လူဦးရေ ၆၆၅ ဦးတို့အား ၎င်းတို့၏နေအိမ်များသို့ ပြန်လည်ပြောင်းရွှေ့နိုင်ရေးအတွက် ရွှေတောင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့်  တာဝန်ရှိသူ များက  ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။                                                                                                  
ကိုကိုမင်း (ပြန် /ဆက်)