ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ

 

နေပြည်တော်   ဇူလိုင်   ၂၃


လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန      ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် အပြည်ပြည် ဆိုင်ရာ      ကြက်ခြေနီကော်မတီ (ICRC)   ၏   မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်  Ms. Elena Ajmone Sessera ဦးဆောင်သော အဖွဲ့ကို     ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာန  ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။


အမြင်ချင်းဖလှယ်ဆွေးနွေး


တွေ့ဆုံစဉ် ICRC ၏  မြန်မာ နိုင်ငံအတွင်း ဆောင်ရွက်နေသော လုပ်ငန်းများ၊     မိုင်းအန္တရာယ် ဆိုင်ရာ    အသိပညာပေးလုပ်ငန်း များ၊    မိုင်းဒဏ်သင့်ပြည်သူများ အား ရုပ်ပိုင်းဆိုင်ရာ     ပြန်လည် ထူထောင်ရေး     လုပ်ငန်းများတွင် ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက် နိုင်ရေး   ကိစ္စရပ်များကို    ရင်းနှီး ပွင့်လင်းစွာ   အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။


တက်ရောက်


တွေ့ဆုံပွဲသို့   ဘေးအန္တရာယ် ဆိုင်ရာ   စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေး ဦးစီးဌာန တို့မှ  ညွှန်ကြားရေးမှူးချုပ်များ၊ ဘာသာရပ်ဆိုင်ရာ အရာထမ်းများ နှင့် ICRC ရုံးမှ  ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သတင်း ရရှိသည်။                

သတင်းစဉ်