နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ၈၆ ဘီလီယံဖြင့် ဆောင်ရွက်မည့် မိုးစပါးစီမံကိန်းအတွက် သွင်းအားစုပေးအပ်

မော်လမြိုင်ကျွန်း  ဇူလိုင်  ၂၃
ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်၌  မိုးစပါးအထွက်နှုန်း တိုးပွားရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ် ၈၆ ဘီလီယံ ဖြင့်   ၂၀၂၄-၂၀၂၅   ခုနှစ်    မိုးစပါးစီမံကိန်းအတွက်   တောင်သူများသို့ သွင်းအားစုများဖြစ်သည့် ဓာတ်မြေသြဇာနှင့်သဘာဝမြေဩဇာ ပေးအပ် ပွဲအခမ်းအနားကို ဇူလိုင် ၂၂   ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန မော်ဧရာခန်းမ၌ ပြုလုပ်သည်။
အခမ်းအနားတွင်    လပွတ္တာခရိုင်   စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦးက  မိုးစပါးတိုးမြှင့်ထွက်ရှိရေး၊  မျိုးကောင်းမျိုးသန့်များ ပြောင်းလဲစိုက်ပျိုးနိုင်ရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့် လက်ရှိဆောင်ရွက်ထားရှိမှုအခြေအနေများ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏  လမ်းညွှန်မှာကြား ချက်ဖြစ်သော နိုင်ငံ့စီးပွားရေးအခြေအနေကောင်းများ  ဖန်တီးနိုင်မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင်  ဆောင်ရွက်နိုင်မည်ဆို သည့်  မူဝါဒနှင့် အညီ  တောင်သူများလူမှုစီးပွားရေးဘဝ    ဖွံ့ဖြိုးတိုးတက် ရေးနှင့် တစ်ဦးချင်းဝင်ငွေတိုးတက်စေရေးအတွက် လုပ်ငန်းအကောင် အထည်ဖော်ဆောင်ရွက်ရန်    နိုင်ငံ့စီးပွားမြှင့်တင်ရေး   ရန်ပုံငွေထူထောင် ၍ လယ်ယာစိုက်ပျိုးသည့်   တောင်သူများ   အထွက်နှုန်းတိုးစေရေး၊ ပန်းတိုင်ရည်မှန်းချက်   ပြည့်မီစေရေးအတွက်   သွင်းအားစုထောက်ပံ့ ပေးအပ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဓာတ်မြေဩဇာ နှင့် သဘာဝမြေဩဇာများဖြစ်သော သွင်းအားစုများကို ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ၊   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ   ဦးသီဟဇော်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန   ဦးစီးအရာရှိ    ဦးမောင်မောင်သွင်တို့က တက်ရောက်လာကြသော   တောင်သူများထံ   ပေးအပ်ခဲ့ကြောင်း သိရ သည်။
မြို့နယ် (ပြန်/ဆက်)